
မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း စသည့် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေကြသော ပို့ကုန်၊ သွင်းကုန် လုပ် ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေဆိုင်ရာ ကန့်သတ်ချက်များတွင် ပါဝင်မှုမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးအစီအစဉ်အောက်တွင် ဆောင်ရွက်နေသော သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်အတွက် ငွေပေးချေရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို တင်ပြခွင့်ပြုချက်ရယူရန်မလိုဘဲ နိုင်ငံခြားငွေဖြင့် ပေးချေမှုများကို Designated Bank များ၌ ဆောင်ရွက်ပေးရန် ထုတ်ပြန်ထားကြောင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း ပို့ကုန်ရငွေတွေကို နိုင်ငံတော်အတွင်းရှိ ဘဏ်ငွေစာရင်းဆီ မပျက်မကွက် ထည့်သွင်းရေး စိစစ်ဆောင်ရွက်ရန်သတ်မှတ်ထားကြောင်း သိရသည်။
ထို့အပြင် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသောလုပ်ငန်း (AD) လိုင်စင်ရ ဘဏ်အသီးသီးဆီသို့ ပို့ကုန်ရငွေ များ ဝင်ရောက်ပြီးနောက် ပို့ကုန်တင်ပို့သူက ယင်းငွေများကို တစ်လအတွင်း မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းနှင့် ဘဏ်ကို ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး သုံးစွဲရန် ကျန်ငွေများကို သက်ဆိုင်ရာဘဏ်ဆီ မပျက်မကွက် ရောင်းချရမည်ဖြစ်ကြောင်း၊ AD လိုင်စင်ရဘဏ်က ပို့ကုန်ရငွေ ဝင်ရောက်ပြီး တစ်လပြည့်မြောက် သည့်ရက်တွင် လက်ကျန်ရငွေကို ကျပ်ငွေဖြင့် ပြောင်းလဲသတ်မှတ်၍ ရယူရမည်ဟုလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews
=====================
(Zawgyi)
“နိုင္ငံျခားေငြကန႔္သတ္ခ်က္၌ ျမန္မာ- တ႐ုတ္၊ ျမန္မာ-ထိုင္း နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ား မပါဝင္ေၾကာင္း ဗဟိုဘဏ္ ထုတ္ျပန္”
ျမန္မာ-တ႐ုတ္၊ ျမန္မာ-ထိုင္း စသည့္ နယ္စပ္ကုန္သြယ္ေရးတြင္ လုပ္ကိုင္ေနၾကေသာ ပို႔ကုန္၊ သြင္းကုန္ လုပ္ ငန္းရွင္မ်ားအေနျဖင့္ နိုင္ငံျခားေငြဆိုင္ရာ ကန႔္သတ္ခ်က္မ်ားတြင္ ပါဝင္မႈမရွိေၾကာင္း ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။
အဆိုပါ နယ္စပ္ကုန္သြယ္ေရးအစီအစဥ္ေအာက္တြင္ ေဆာင္႐ြက္ေနေသာ သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ သြင္းကုန္အတြက္ ေငြေပးေခ်ရာတြင္ နိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီကို တင္ျပခြင့္ျပဳခ်က္ရယူရန္မလိုဘဲ နိုင္ငံျခားေငြျဖင့္ ေပးေခ်မႈမ်ားကို Designated Bank မ်ား၌ ေဆာင္႐ြက္ေပးရန္ ထုတ္ျပန္ထားေၾကာင္းႏွင့္ ပို႔ကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ပို႔ကုန္ရေငြႏွင့္စပ္လ်ဥ္း၍ နိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဥပေဒႏွင့္ စည္းမ်ဥ္းတို႔ပါ သတ္မွတ္ျပ႒ာန္းခ်က္မ်ားအတိုင္း ပို႔ကုန္ရေငြေတြကို နိုင္ငံေတာ္အတြင္းရွိ ဘဏ္ေငြစာရင္းဆီ မပ်က္မကြက္ ထည့္သြင္းေရး စိစစ္ေဆာင္႐ြက္ရန္သတ္မွတ္ထားေၾကာင္း သိရသည္။
ထို႔အျပင္ နိုင္ငံျခားသုံးေငြေရာင္းဝယ္ေဖာက္ကားေသာလုပ္ငန္း (AD) လိုင္စင္ရ ဘဏ္အသီးသီးဆီသို႔ ပို႔ကုန္ရေငြ မ်ား ဝင္ေရာက္ၿပီးေနာက္ ပို႔ကုန္တင္ပို႔သူက ယင္းေငြမ်ားကို တစ္လအတြင္း မိမိကိုယ္တိုင္အတြက္ သုံးစြဲျခင္းႏွင့္ ဘဏ္ကို ေရာင္းခ်ျခင္းတို႔ကို ေဆာင္႐ြက္နိုင္ၿပီး သုံးစြဲရန္ က်န္ေငြမ်ားကို သက္ဆိုင္ရာဘဏ္ဆီ မပ်က္မကြက္ ေရာင္းခ်ရမည္ျဖစ္ေၾကာင္း၊ AD လိုင္စင္ရဘဏ္က ပို႔ကုန္ရေငြ ဝင္ေရာက္ၿပီး တစ္လျပည့္ေျမာက္ သည့္ရက္တြင္ လက္က်န္ရေငြကို က်ပ္ေငြျဖင့္ ေျပာင္းလဲသတ္မွတ္၍ ရယူရမည္ဟုလည္း ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
#mhtnews
Recent Comments