နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင် စုထောက်ပံ့ရန်ပုံငွေ ဖြင့်ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာ အုပ်စုဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ် ၇ ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ကွက်ပေါ်တွင် ၂ ဒသမ ၄ ကီလိုဝပ်ဆိုလာစနစ် တည်ဆောက်၍ ၁၅၀၀ ဝပ် ရေပန့်တပ်ဆင်ကာ ချောင်းရေတင် စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီလမှစတင်၍ (၆ x၆ x ၁၃) ပေ ကျောက်စုရေစုကန်နှင့် (၁၂ x ၁၂ x ၆ ) ပေ မြေသားရေလှောင် ကန်တူးဖော်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ဧပြီလကုန်တွင် ဒေသခံတိုင်းရင်းသား တောင်သူများအား ၁၂ လ ရာသီပတ်လုံးစိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်သည်။

အဆိုပါ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးခြင်း လုပ်ငန်းအားဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေ ၁၂ ဒသမ ၅၂ ဧကအား လွှမ်းခြုံ အကျိုးပြုမည်ဖြစ်ပြီး မိုးစပါး၊ နွေစပါးနှင့်ရာသီ သီးနှံများစိုက်ပျိုးရာတွင် ကုန်ကျစရိတ်လျော့နည်း သက်သာခြင်း၊ ၁၂ လရာသီ စိုက်ပျိုးနိုင်သည့် အတွက်တစ်ဖက်တစ်လမ်းမှ တောင်သူများ ဝင်ငွေပိုမိုတိုးတက်လာခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“နယ္စပ္ေရးရာဝန္ႀကီးဌာနမွ မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္း ဆိုလာစနစ္ျဖင့္ ေခ်ာင္းေရတင္စိုက္ပ်ိဳးျခင္းလုပ္ငန္းေဆာင္႐ြက္”

နယ္စပ္ေရးရာဝန္ႀကီးဌာန နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရး ျပည္ေထာင္ စုေထာက္ပံ့ရန္ပုံေငြ ျဖင့္က်ိဳင္းတုံခရိုင္ မိုင္းပ်ဥ္းၿမိဳ႕နယ္ ေဟာင္ကန္ေက်း႐ြာ အုပ္စုဟိုခိုေက်း႐ြာႏွင့္ ဝမ္ေနာင္ေက်း႐ြာအၾကား ကြင္းအမွတ္ ၇ ဝမ္မတ္ကြင္းအတြင္းရွိ ေတာင္သူမ်ား၏ စိုက္ပ်ိဳးေရးလုပ္ကြက္ေပၚတြင္ ၂ ဒသမ ၄ ကီလိုဝပ္ဆိုလာစနစ္ တည္ေဆာက္၍ ၁၅၀၀ ဝပ္ ေရပန႔္တပ္ဆင္ကာ ေခ်ာင္းေရတင္ စိုက္ပ်ိဳးျခင္းလုပ္ငန္းအတြက္ ဧၿပီလမွစတင္၍ (၆ x၆ x ၁၃) ေပ ေက်ာက္စုေရစုကန္ႏွင့္ (၁၂ x ၁၂ x ၆ ) ေပ ေျမသားေရေလွာင္ ကန္တူးေဖာ္ျခင္းလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္လ်က္ရွိၿပီး ဧၿပီလကုန္တြင္ ေဒသခံတိုင္းရင္းသား ေတာင္သူမ်ားအား ၁၂ လ ရာသီပတ္လုံးစိုက္ပ်ိဳးေရေပးေဝနိုင္မည္ျဖစ္သည္။

အဆိုပါ ဆိုလာစနစ္ျဖင့္ ေခ်ာင္းေရတင္စိုက္ပ်ိဳးျခင္း လုပ္ငန္းအားဌာနႏွင့္ ေဒသခံေတာင္သူမ်ား ပူးေပါင္းေဆာင္႐ြက္ေပးျခင္းျဖင့္ ေတာင္သူ ၁၃ ဦး၏ စိုက္ပ်ိဳးေျမ ၁၂ ဒသမ ၅၂ ဧကအား လႊမ္းၿခဳံ အက်ိဳးျပဳမည္ျဖစ္ၿပီး မိုးစပါး၊ ႏြေစပါးႏွင့္ရာသီ သီးႏွံမ်ားစိုက္ပ်ိဳးရာတြင္ ကုန္က်စရိတ္ေလ်ာ့နည္း သက္သာျခင္း၊ ၁၂ လရာသီ စိုက္ပ်ိဳးနိုင္သည့္ အတြက္တစ္ဖက္တစ္လမ္းမွ ေတာင္သူမ်ား ဝင္ေငြပိုမိုတိုးတက္လာျခင္း အက်ိဳးေက်းဇူးမ်ား ရရွိလာမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews