နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ရန်ကုန်သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီး သတ်မှတ်အမှတ် ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှဝင်ခွင့်အရည် အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသောတိုင်းရင်းသား တိုင်းရင်းသူများကို လူတွေ့စိစစ် အတည်ပြု ရွေးချယ်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်အစည်းအဝေးခန်းမ၌ ကျင်းပပြု၍ ယခုပညာသင်နှစ်တွင် ဒီဂရီကောလိပ်၊ ရန်ကုန်အတွက် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးသော မြန်မာနိုင်ငံတစ်ဝန်းရှိဝေးလံခေါင်ပါးသောနယ်စပ်ဒေသများမှ သင်တန်းသား သင်တန်းသူ ၃၇၁ ဦး ကို ဧပြီ ၃၀ ရက်အထိ စိစစ်အတည်ပြုပြီးပါက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးကာ ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#mhtnews

(Zawgyi)

“နယ္စပ္ေဒသတိုင္းရင္းသားလူငယ္မ်ား ဖြံ႕ၿဖိဳးေရးသင္တန္းေက်ာင္း ၄၅ ေက်ာင္းမွ အေျခခံ ပညာအထက္တန္း ေအာင္ျမင္ၿပီး သတ္မွတ္အမွတ္ ျပည့္မီသူမ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားမွဝင္ခြင့္အရည္ အခ်င္းသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီေသာတိုင္းရင္းသား တိုင္းရင္းသူမ်ားကို လူေတြ႕စိစစ္ အတည္ျပဳ ေ႐ြးခ်ယ္လ်က္ရွိ”

နယ္စပ္ေရးရာဝန္ႀကီးဌာန အေနျဖင့္နယ္စပ္ေဒသရွိ တိုင္းရင္းသားလူငယ္မ်ား၏ လူ႕စြမ္းအားအရင္း အျမစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ားစြမ္းရည္ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္၊ရန္ကုန္သို႔ တက္ေရာက္ၾကမည့္ သင္တန္းသား၊ သင္တန္းသူမ်ားကို ေ႐ြးခ်ယ္ရာတြင္ နယ္စပ္ေဒသတိုင္းရင္း သားလူငယ္မ်ား ဖြံ႕ၿဖိဳးေရးသင္တန္းေက်ာင္း ၄၅ ေက်ာင္းမွ အေျခခံပညာအထက္တန္း ေအာင္ျမင္ၿပီး သတ္မွတ္အမွတ္ ျပည့္မီသူမ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားမွဝင္ခြင့္အရည္ အခ်င္းသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီေသာတိုင္းရင္းသား တိုင္းရင္းသူမ်ားကို လူေတြ႕စိစစ္ အတည္ျပဳ ေ႐ြးခ်ယ္လ်က္ရွိေၾကာင္း သိရသည္။

ယခုအခါ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္ ပထမႏွစ္သင္တန္း တက္ေရာက္ၾကမည့္ သင္တန္းသား၊ သင္တန္းသူမ်ား အတည္ျပဳေ႐ြးခ်ယ္ျခင္းအခမ္းအနားကို ယမန္ေန႕နံနက္ပိုင္းက ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ားစြမ္းရည္ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္၊ ရန္ကုန္အစည္းအေဝးခန္းမ၌ က်င္းပျပဳ၍ ယခုပညာသင္ႏွစ္တြင္ ဒီဂရီေကာလိပ္၊ ရန္ကုန္အတြက္ သင္တန္းသားေ႐ြးခ်ယ္ေရး ဗဟိုေကာ္မတီက စိစစ္ေ႐ြးခ်ယ္ေပးေသာ ျမန္မာနိုင္ငံတစ္ဝန္းရွိေဝးလံေခါင္ပါးေသာနယ္စပ္ေဒသမ်ားမွ သင္တန္းသား သင္တန္းသူ ၃၇၁ ဦး ကို ဧၿပီ ၃၀ ရက္အထိ စိစစ္အတည္ျပဳၿပီးပါက ဝိဇၨာ၊ သိပၸံဘြဲ႕ ၄ ႏွစ္၊ A.G.T.I ဒီပလိုမာ ၃ ႏွစ္ သင္ၾကားေပးသြားမည္ျဖစ္ၿပီး ေက်ာင္းဆင္းၿပီးခ်ိန္တြင္ ဘြဲ႕၊ ဒီပလိုမာမ်ား အပ္ႏွင္းေပးကာ ဝန္ႀကီးဌာနမ်ား၌ အႀကီးတန္းစာေရးႏွင့္ အဆင့္တူရာထူးေနရာမ်ားတြင္ နိုင္ငံ့ဝန္ထမ္းမ်ားအျဖစ္ ခန႔္အပ္တာဝန္ေပးအပ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

#mhtnews