မြန်မာနိုင်ငံ နယ်စပ်ဂိတ်အသီးသီးသို့ ၂ ရက်အတွင်း ပြည်ပရောက် မြန်မာနိုင်သား ၃၀၀ ကျော်တို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၈၇ ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့သလို ချင်းရွှေဟော်မြို့သို့ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၃ ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အလားတူ ဧပြီ ၂ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့အမျိုးသား ၂၂၆ ဦး၊ အမျိုး သမီး ၈၈ ဦး၊ စုစုပေါင်း ၃၁၄ ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာကြသူများကို တာဝန်ရှိသူများက စနစ်တကျ လက်ခံပေးကာ သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျဆောင်ရွက်ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

#mhtnews

================================

(Zawgyi)

“နယ္စပ္ဂိတ္အသီးသီးသို႔ ျပည္ပေရာက္ ျမန္မာနိုင္သား ၃၀၀ ေက်ာ္ ျပန္လည္ဝင္ေရာက္”

ျမန္မာနိုင္ငံ နယ္စပ္ဂိတ္အသီးသီးသို႔ ၂ ရက္အတြင္း ျပည္ပေရာက္ ျမန္မာနိုင္သား ၃၀၀ ေက်ာ္တို႔ ျပန္လည္ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

ျပည္ပနိုင္ငံမ်ားမွ ဝင္ေရာက္လာသည့္ ျမန္မာနိုင္ငံသားမ်ားကိုနယ္စပ္ဂိတ္ အသီးသီးတြင္လက္ခံေဆာင္႐ြက္ေပးလ်က္ရွိရာ ဧၿပီ ၁ ရက္တြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕သို႔ အမ်ိဳးသား ၅၆ ဦး၊ အမ်ိဳးသမီး ၃၁ ဦး စုစုေပါင္း ၈၇ ဦးတို႔ ျပန္လည္ဝင္ေရာက္ခဲ့သလို ခ်င္းေ႐ႊေဟာ္ၿမိဳ႕သို႔ အမ်ိဳးသား ၅ ဦးႏွင့္ အမ်ိဳးသမီး ၈ ဦး၊ စုစုေပါင္း ၁၃ ဦးတို႔ ျပန္လည္ဝင္ေရာက္ခဲ့သည္။ အလားတူ ဧၿပီ ၂ ရက္တြင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕အမ်ိဳးသား ၂၂၆ ဦး၊ အမ်ိဳး သမီး ၈၈ ဦး၊ စုစုေပါင္း ၃၁၄ ဦးတို႔ ျပန္လည္ဝင္ေရာက္ခဲ့ၾကသည္။

ထိုသို႔ ျပန္လည္ဝင္ေရာက္လာၾကသူမ်ားကို တာဝန္ရွိသူမ်ားက စနစ္တက် လက္ခံေပးကာ သက္ဆိုင္ရာျပည္သူ႕ေဆး႐ုံမ်ားမွ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူမ်ား၊ တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္မ်ားက ကိုဗစ္-၁၉ ေရာဂါစစ္ေဆးေပး ျခင္း၊ Quarantine ဝင္ေရာက္ရမည့္ အေထာက္အထားစာ႐ြက္စာတမ္းမ်ား ျပဳလုပ္ ေပးျခင္း၊ က်န္းမာေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္မ်ားကိုရွင္းလင္းေျပာၾကားျခင္း တို႔ကိုစနစ္တက်ေဆာင္႐ြက္ေပးၿပီးတိုင္းစစ္ဌာနခ်ဳပ္အသီးသီးမွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားကလိုအပ္သည္မ်ားကူညီေဆာင္႐ြက္ေပးၾကေၾကာင္း သိရသည္။

#mhtnews