ဒွန်ဘတ်နှင့် ယူကရိန်း တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရေးသည် ယူကရိန်းနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် အထူးစစ်ဆင်ရေး ဒုတိယအဆင့်အတွင်း ရုရှား စစ်တပ်၏ တာဝန်များအနက်မှ တစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံ ဗဟိုစစ်ခရိုင်၊ လက်ထောက်ကွပ်ကဲရေးမှူး Rustam Minnekaev က ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။

ဒွန်ဘတ်စ်ကို ထိန်းချုပ်နိုင်ခြင်းသည် ခရိုင်းမီးယားအား ကုန်းတွင်းစင်္ကြံတစ်ခု ဖန်တီးရန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် သတ္တုဗေဒဆိုင်ရာ ထုတ်ကုန်များအား အခြားနိုင်ငံများသို လွှပြောင်းထားရာ ပင်လယ်နက်ဆိပ်ကမ်းများ အပါအဝင် ယူကရိန်း၏ အရေးပါသော အဆောက်အအုံများအား လွှမ်းမိုးခြယ်လှယ်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းများ အစည်းအဝေး၌ Minnekaev ကဆိုသည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်းကို ထိန်းချုပ်နိုင်ခြင်းသည် Transnistria သို နောက်ထပ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းလည်း Minnekaev က ပြောဆိုထားသည်။
#mhtnews

(Zawgyi)
“ဒွန်ဘတ်နှင့် ယူကရိန်းနိုင်ငံ တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် ရုရှား ရည်ရွယ်ထား”


ဒွန်ဘတ်စ်ကို ထိန်းချုပ်နိုင်ခြင်းသည် ခရိုင်းမီးယားအား ကုန်းတွင်းစင်္ကြံတစ်ခု ဖန်တီးရန်နှင့် လယ်ယာစိုက်ပျိးရေးနှင့် သတ္တုဗေဒဆိုင်ရာ ထုတ်ကုန်များအား အခြားနိုင်ငံများသို့ လွှဲပြောင်းထားရာ ပင်လယ်နက်ဆိပ်ကမ်းများ အပါအဝင် ယူကရိန်း၏ အရေးပါသော အဆောက်အအုံများအား လွှမ်းမိုးခြယ်လှယ်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းများ အစည်းအဝေး၌ Minnekaev ကဆိုသည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်းကို ထိန်းချုပ်နိုင်ခြင်းသည် Transnistria သို့ နောက်ထပ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းလည်း Minnekaev က ပြောဆိုထားသည်။
#mhtnews