ဒွန်ဘတ်စ်ဒေသနှင့် ရုရှားနိုင်ငံရှိ နေထိုင်သူများအား တိုက်ခိုက်ရန် ပင်တဂွန်က ရန်ပုံငွေထောက်ပံ့ထားသော ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများ၌ ထုတ်လုပ်ထားသည့် လူကိုသေစေနိုင်သောရောဂါပစ္စည်းများကို အသုံးပြုရန် ကိဗ်က စီစဉ်ထားကြောင်း ဖော်ပြထားသည့် အထောက်အထားသက်သေကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိထားကြောင်း RT ရုပ်သံကွန်ရက်ထုတ်ဆောင်းပါးအရ သိရကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

အဆိုပါ ဇီဝလက်နက်များထုတ်လုပ်မှုတွင် အမေရိကန် တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲထားပြီး အဆိုပါ တာဝန်ရှိသူများမှာ “အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သူ့ရဲ့ အဓိကစာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့တွေရဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဝန်ထမ်းတွေပါပဲ” ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က သတင်း၌ ပြောကြားထားကြောင်း သိရသည်။

လက်ရှိ အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ သားဖြစ်သူ Hunter Biden သည် အဆိုပါ ဆောင်ရွက်ချက်များ၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိပြီး ပင်တဂွန်နှင့် စာချုပ်ချုပ်ဆိုထားသော ဇီဝလက်နက် ဖော်ထုတ်ရန် အသုံးပြုနိုင်သည့် လူကိုသေစေနိုင်သော ရောဂါပစ္စည်းများ သုတေသန အထူးကျွမ်းကျင်သည့် Metabiota နှင့် အနီးကပ်အလုပ်လုပ်ကိုင်လျက်ရှိကြောင်းလည်း Konashenkov က ဖြည့်စွက်ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

#mhtnews

(Zawgyi)

“ဒြန္ဘတ္စ္ႏွင့္ ႐ုရွားအား တိုက္ခိုက္ရန္ အေမရိကန္နိုင္ငံက ရန္ပုံေငြပံ့ပိုးထားေသာ ဇီဝဓာတ္ခြဲခန္းမ်ားကို အသုံးျပဳေၾကာင္း အေထာက္အထားသစ္က ေဖာ္ျပေနဟုဆို”

ဒြန္ဘတ္စ္ေဒသႏွင့္ ႐ုရွားနိုင္ငံရွိ ေနထိုင္သူမ်ားအား တိုက္ခိုက္ရန္ ပင္တဂြန္က ရန္ပုံေငြေထာက္ပံ့ထားေသာ ဇီဝေဗဒဆိုင္ရာ ဓာတ္ခြဲခန္းမ်ား၌ ထုတ္လုပ္ထားသည့္ လူကိုေသေစနိုင္ေသာေရာဂါပစၥည္းမ်ားကို အသုံးျပဳရန္ ကိဗ္က စီစဥ္ထားေၾကာင္း ေဖာ္ျပထားသည့္ အေထာက္အထားသက္ေသကို ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေတြ႕ရွိထားေၾကာင္း RT ႐ုပ္သံကြန္ရက္ထုတ္ေဆာင္းပါးအရ သိရေၾကာင္း ဆင္ဟြာသတင္းက ေဖာ္ျပသည္။

အဆိုပါ ဇီဝလက္နက္မ်ားထုတ္လုပ္မႈတြင္ အေမရိကန္ တာဝန္ရွိသူမ်ား ပါဝင္ပတ္သက္မႈရွိေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက စြပ္စြဲထားၿပီး အဆိုပါ တာဝန္ရွိသူမ်ားမွာ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနနဲ႕ သူ႕ရဲ႕ အဓိကစာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ အဖြဲ႕ေတြရဲ႕ ဌာနဆိုင္ရာ အႀကီးအကဲေတြနဲ႕ ဝန္ထမ္းေတြပါပဲ ဟု ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Igor Konashenkov က သတင္း၌ ေျပာၾကားထားေၾကာင္း သိရသည္။

လက္ရွိ အေမရိကန္နိုင္ငံ သမၼတ ဂ်ိဳးဘိုင္ဒန္၏ သားျဖစ္သူ Hunter Biden သည္ အဆိုပါ ေဆာင္႐ြက္ခ်က္မ်ား၌ တိုက္ရိုက္ပါဝင္ပတ္သက္မႈရွိၿပီး ပင္တဂြန္ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ ဇီဝလက္နက္ ေဖာ္ထုတ္ရန္ အသုံးျပဳနိုင္သည့္ လူကိုေသေစနိုင္ေသာ ေရာဂါပစၥည္းမ်ား သုေတသန အထူးကြၽမ္းက်င္သည့္ Metabiota ႏွင့္ အနီးကပ္အလုပ္လုပ္ကိုင္လ်က္ရွိေၾကာင္းလည္း Konashenkov က ျဖည့္စြက္ေျပာၾကားခဲ့သည္ဟု ေဖာ္ျပထားသည္။

#mhtnews