ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံးတစ်ဦးဖြစ်သည့် ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်ကို ဧပြီ ၂၅ ရက်နေ့မှာ ခေါ်ယူစစ်ဆေးနေတယ်လို သတင်းများထွက်ပေါ်လျှက်ရှိပါတယ်။

သူ့ကို ဧပြီ ၂၅ ရက် ညနေပိုင်းက နိုင်ငံခြားခရီးစဉ် တစ်ခုမှအပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ဘာကိစ္စနဲ့ ခေါ်ယူစစ်ဆေးတယ်ဆိုကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက စက်သုံးဆီတွေပြတ်လပ်တော့မယ်ဆိုတဲ့သတင်းနဲ့အတူ အများပြည်သူ တည်ငြိမ်မှုပျက်ပြားအောင် ဆီဆိုင်တွေရောင်းချခြင်းကို ပုံမှန်ချိန်ထက်စောပြီး ပိတ်သိမ်းတာတွေလုပ်ခဲ့တာကတော့ ဧဒင်ဦးချစ်ခိုင်ပိုင်ဆိုင်တဲ့ Denko ဆီဆိုင်တွေက ဖြစ်တယ်လို သတင်းများထွက်ပေါ်ခဲ့တာရှိသလို အဲဒီကိစ္စနဲ့ ဆက်စပ်နေမလားဆိုပြီး သုံးသပ်မှုတွေ ရှိနေတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံး ဧဒင်ဦးချစ်ခိုင်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများထွက်ပေါ်”

ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံးတစ်ဦးဖြစ်သည့် ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်ကို ဧပြီ ၂၅ ရက်နေ့မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းများထွက်ပေါ်လျှက်ရှိပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက စက်သုံးဆီတွေပြတ်လပ်တော့မယ်ဆိုတဲ့သတင်းနဲ့အတူ အများပြည်သူ တည်ငြိမ်မှုပျက်ပြားအောင် ဆီဆိုင်တွေရောင်းချခြင်းကို ပုံမှန်ချိန်ထက်စောပြီး ပိတ်သိမ်းတာတွေလုပ်ခဲ့တာကတော့ ဧဒင်ဦးချစ်ခိုင်ပိုင်ဆိုင်တဲ့ Denko ဆီဆိုင်တွေက ဖြစ်တယ်လို့ သတင်းများထွက်ပေါ်ခဲ့တာရှိသလို အဲဒီကိစ္စနဲ့ ဆက်စပ်နေမလားဆိုပြီး သုံးသပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
#mhtnews