ေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ ဒေါ်လာတွေ လာဘ်စားခဲ့တဲ့ အဂတိအမှုကို ဧပြီ ၁၈ ရက်မှာ နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ဧပြီ ၂၆ ရက် ရုံးချိန်းမှာ အပြီးသတ် အမိန့် ချမှတ်ဖိုချိန်းဆိုလိုက်တယ်လို ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေပြည်တော်မှာ လရောင်တောစိုက်ပျိုး သက်မွေးပညာသင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်ဖိုအတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကကို လျှောက်ထားရယူတဲ့ကိစ္စနဲ့ပတ်သက်လို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ ရာဇဝတ်ကြီးအမှုအမှတ် (၃) အပြင် နေပြည်တော် ပုဗ္ဗသီရိမြိုနယ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မယ့် စီမံကိန်းတစ်ခုအတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ ရာဇဝတ်ကြီးအမှုအမှတ် (၄) တိုနဲ့ပတ်သက်တဲ့ တရားလိုပြသက်သေများကိုလည်း ယမန်နေ့ရုံးချိန်းမှာ စစ်ဆေးခဲ့တယ်လိုသိရပါတယ်။
#mhtnews

(Zawgyi)
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာလာဘ်စားခဲ့တဲ့အမှုအတွက် ဧပြီ ၂၆ ရက် ရုံးချိန်းမှာ အပြီးသတ် အမိန့် ချမှတ်ဖို့ချိန်းဆို”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ ဒေါ်လာတွေ လာဘ်စားခဲ့တဲ့ အဂတိအမှုကို ဧပြီ ၁၈ ရက်မှာ နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ဧပြီ ၂၆ ရက် ရုံးချိန်းမှာ အပြီးသတ် အမိန့် ချမှတ်ဖို့ချိန်းဆိုလိုက်တယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေပြည်တော်မှာ လရောင်တောစိုက်ပျိး သက်မွေးပညာသင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်ဖို့အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကကို လျှောက်ထားရယူတဲ့ကိစ္စနဲ့ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ ရာဇဝတ်ကြီးအမှုအမှတ် (၃) အပြင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မယ့် စီမံကိန်းတစ်ခုအတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ ရာဇဝတ်ကြီးအမှုအမှတ် (၄) တို့နဲ့ပတ်သက်တဲ့ တရားလိုပြသက်သေများကိုလည်း ယမန်နေ့ရုံးချိန်းမှာ စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
#mhtnews