ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ဒုတိယအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းတို့သည် Thai Airways လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာရာ အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Charge d’ affaires, a.i. Mrs.Kanokwan Pengsuwan နှင့် သံရုံးတာဝန်ရှိသူများတက် ရောက်ခဲ့ကြသည်။

ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းနေသေးသော တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ထိုင္းနိုင္ငံမွ ျမန္မာနိုင္ငံသို႔ လႉဒါန္းသည့္ ကိုဗစ္-၁၉ ကာကြယ္ေဆး AstraZeneca (၁)သန္း doses အနက္ ဒုတိယအသုတ္ ကာကြယ္ေဆး (၅)သိန္း Doses ႏွင့္ ေဆးထိုးအပ္ (၅)သိန္း ေရာက္ရွိ”

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္ ထိုင္းနိုင္ငံမွ ျမန္မာနိုင္ငံျပည္သူမ်ားသို႔ လႉဒါန္းသည့္ ကိုဗစ္-၁၉ ကာကြယ္ေဆး AstraZeneca အမွတ္တံဆိပ္ (၁)သန္း doses အနက္ ဒုတိယအသုတ္ ကာကြယ္ေဆး(၅)သိန္း Doses ႏွင့္ ေဆးထိုးအပ္ (၅)သိန္းတို႔သည္ Thai Airways ေလယာဥ္ျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ယေန႕ နံနက္ ၉ နာရီ ၁၅ မိနစ္တြင္ ေရာက္ရွိလာရာ အဆိုပါ ကာကြယ္ေဆးမ်ားႏွင့္ ေဆးထိုးအပ္မ်ားကို ျမန္မာနိုင္ငံ ၾကက္ေျခနီအသင္းသို႔ လႊဲေျပာင္းေပးအပ္ပြဲကို ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္ ဧည့္ခန္းမေဆာင္၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ျမန္မာနိုင္ငံၾကက္ေျခနီအသင္း အေထြေထြအတြင္းေရးမႉး ပါေမာကၡ ေဒါက္တာထင္ေဇာ္စိုး၊ ဒုတိယအေထြေထြအတြင္းေရးမႉး ေဒါက္တာတင္ထြန္းေအာင္၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႕က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ေအးမြန္မြန္ေက်ာ္ႏွင့္ တာဝန္ရွိသူမ်ား၊ ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံသံ႐ုံးမွ Charge d’ affaires, a.i. Mrs.Kanokwan Pengsuwan ႏွင့္ သံ႐ုံးတာဝန္ရွိသူမ်ားတက္ ေရာက္ခဲ့ၾကသည္။

ယခုလႉဒါန္းမႈမွ ရရွိလာသည့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ားကို ကာကြယ္ေဆး လႊမ္းၿခဳံမႈ အားနည္းေနေသးေသာ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားႏွင့္ ေက်းလက္ေဒသမ်ားအထိ က်ယ္က်ယ္ျပန႔္ျပန႔္ ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews