
ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများသည် Covid-19 ကူးစက်ရောဂါကာလအတွင်း လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေကြရာ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် (၁၉) ကြိမ်မြောက် တိုင်ပေ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဥ်ဖြစ်သည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 သည် ဧပြီ ၁၀ ရက်၊ နံနက် ၇ နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ချောမောစွာရောက်ရှိခဲ့ပြီး ၎င်းလေယာဥ်ဖြင့် မြန်မာနိုင်ငံသား (၇၆) ဦးတို့ လိုက်ပါခဲ့ကြသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ် လည်းကောင်း၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ)ဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် (၁၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာ နိုင်ငံသား စုစုပေါင်း (၂၅၈၆) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
#mhtnews

(Zawgyi)
“ထိုင္ဝမ္(တ႐ုတ္-တိုင္ေပ) မွ ေနရပ္ျပန္လိုေသာ ျမန္မာနိုင္ငံသားမ်ားအား ျမန္မာနိုင္ငံသို႔ ျပန္လည္ထြက္ခြာနိုင္ရန္ (၁၉) ႀကိမ္ေျမာက္ ကယ္ဆယ္ေရးေလယာဥ္ စီစဥ္ေဆာင္႐ြက္ေပး”
ထိုင္ဝမ္ (တ႐ုတ္-တိုင္ေပ) ၌ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနၾကၿပီး ျမန္မာနိုင္ငံသို႔ ျပန္လည္ထြက္ခြာလိုသည့္ ျမန္မာနိုင္ငံသားမ်ားသည္ Covid-19 ကူးစက္ေရာဂါကာလအတြင္း ေလေၾကာင္းသြားလာမႈမ်ား ရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ ေနရပ္ျပန္ရန္ အခက္အခဲ ႀကဳံေတြ႕ေနၾကရာ ေနရပ္သို႔ ျပန္လည္ထြက္ခြာနိုင္ေရးအတြက္ (၁၉) ႀကိမ္ေျမာက္ တိုင္ေပ-ရန္ကုန္ ကယ္ဆယ္ေရး ေလယာဥ္ခရီးစဥ္ကို Coronavirus Disease 2019 (Covid-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ဗဟိုေကာ္မတီ၏ လမ္းၫႊန္ခ်က္ႏွင့္အညီ ေဟာင္ေကာင္ၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးအေနျဖင့္ သက္ဆိုင္ရာမ်ားႏွင့္ ညွိႏွိုင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကယ္ဆယ္ေရးေလယာဥ္ျဖစ္သည့္ China Airlines ေလေၾကာင္းပ်ံသန္းအမွတ္ CI-7915 သည္ ဧၿပီ ၁၀ ရက္၊ နံနက္ ၇ နာရီခ်ိန္တြင္ တိုင္ေပၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေခ်ာေမာစြာေရာက္ရွိခဲ့ၿပီး ၎ေလယာဥ္ျဖင့္ ျမန္မာနိုင္ငံသား (၇၆) ဦးတို႔ လိုက္ပါခဲ့ၾကသည္။
ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးအေနျဖင့္ ေဟာင္ေကာင္ႏွင့္ မကာအိုေဒသတို႔မွ ေနရပ္ျပန္လိုသည့္ ျမန္မာနိုင္ငံသားမ်ားအတြက္ စုစုေပါင္း (၇) ႀကိမ္ေျမာက္ ကယ္ဆယ္ေရးေလယာဥ္အျဖစ္ လည္းေကာင္း၊ ထိုင္ဝမ္(တ႐ုတ္-တိုင္ေပ)ေဒသမွ ေနရပ္ျပန္လိုေသာ ျမန္မာနိုင္ငံသားမ်ားအတြက္ (၁၉) ႀကိမ္ေျမာက္ ကယ္ဆယ္ေရးေလယာဥ္အျဖစ္လည္းေကာင္း စီစဥ္ေဆာင္႐ြက္ေပးခဲ့ၿပီး ျမန္မာ နိုင္ငံသား စုစုေပါင္း (၂၅၈၆) ဦးကို ျမန္မာနိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရပါသည္။
#mhtnews
Recent Comments