
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ဧပြီလ(၂၈)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စေတီတော် ထီးတော်စောင်းသွားခြင်း ၊ ထီးတော်မြေခခြင်း ၊ အခြေခံပညာ စာသင်ကျောင်းအချို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ကြောင်း သိရသည်။
မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် တံတားဦးမြို့ ဟံသာဝတီကျေးရွာအုပ်စုရှိ လောကထိပ်ဦးစေတီတော် ထီးတော်စောင်းခြင်းနှင့် အရန်စေတီတော်(၁)ဆူ ထီးတော်မြေခခြင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(၁)ကျောင်း ၊ အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း၊ အမိုးလန်ခြင်း လူနေအိမ်(၉၆)အိမ် ၊ ပြိုကျပျက်စီးခြင်း(၇)အိမ်တို့ ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၅၄၆၉၆၀၀) ဖြစ်ကြောင်း သိရသည် ။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်လည်း ဧပြီလ(၂၈)ရက် ညဦးပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သီလရှင်ကျောင်း၊ စာသင်ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပျက်ဆီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ၂၀၂၂ခုနှစ် ဧပြီလ(၂၈)ရက်နေ့(၁၈)နာရီ(၃၀)မိနစ်အချိန်တွင် မိုး သက်လေပြင်းများ ရွာသွန်းတိုက်ခတ်မှုကြောင့် မြောက်ဆည်ကျေးရွာအုပ်စုတွင် အိမ်ခြေ (၁၅)လုံးနှင့် သီလရှင်ကျောင်း(၁)ကျောင်း၊ ဗဒင်းကျေးရွာအုပ်စုတွင် လူနေအိမ်(၃၀)နှင့် စာသင်ကျောင်း(၁)ကျောင်း၊ ခါးတကက္ကုန်းကျေးရွာအုပ်စုတွင် လူနေအိမ်(၁၉)လုံး၊ အောင်သာကျေးရွာအုပ်စုတွက် နေအိမ်(၂)လုံး၊ စုစုပေါင်းလူနေအိမ်၊ စာသင်ကျောင်းနှင့် သီလရှင်ကျောင်းအပါ(၆၈)လုံး အမိုးလန်ပျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းများ ရွာသွန်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာများထိခိုက်သေဆုံး ခြင်းမရှိကြောင်းနှင့် လေဘေးဒဏ်ခံမိသားစုများအား တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“တံတားဦးၿမိဳ႕နယ္ႏွင့္ ဝမ္းတြင္းၿမိဳ႕နယ္တို႔တြင္ မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ စာသင္ေက်ာင္းအခ်ိဳ႕ႏွင့္ လူေနအိမ္ ၁၇၀ ေက်ာ္ အမိုးလွန္၊ ၿပိဳက်ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ပြား”
မႏၱေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္တြင္ ဧၿပီလ(၂၈)ရက္ေန႕ မြန္းလြဲ(၃)နာရီအခ်ိန္က မိုးသက္ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေစတီေတာ္ ထီးေတာ္ေစာင္းသြားျခင္း ၊ ထီးေတာ္ေျမချခင္း ၊ အေျခခံပညာ စာသင္ေက်ာင္းအခ်ိဳ႕ႏွင့္ လူေနအိမ္မ်ား ပ်က္စီးဆုံးရႈံးျခင္းမ်ား ျဖစ္ေပၚေၾကာင္း သိရသည္။
မိုးသက္ေလျပင္းမ်ား တိုက္ခတ္မႈေၾကာင့္ တံတားဦးၿမိဳ႕ ဟံသာဝတီေက်း႐ြာအုပ္စုရွိ ေလာကထိပ္ဦးေစတီေတာ္ ထီးေတာ္ေစာင္းျခင္းႏွင့္ အရန္ေစတီေတာ္(၁)ဆူ ထီးေတာ္ေျမချခင္း၊ အေျခခံပညာ အထက္တန္းေက်ာင္းခြဲ(၁)ေက်ာင္း ၊ အေျခခံပညာမူလတန္းေက်ာင္း(၁)ေက်ာင္း၊ အမိုးလန္ျခင္း လူေနအိမ္(၉၆)အိမ္ ၊ ၿပိဳက်ပ်က္စီးျခင္း(၇)အိမ္တို႔ ျဖစ္ေပၚခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးမွာ ေငြက်ပ္ (၅၄၆၉၆၀၀) ျဖစ္ေၾကာင္း သိရသည္ ။
အလားတူ မႏၱေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္တြင္လည္း ဧၿပီလ(၂၈)ရက္ ညဦးပိုင္းက မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ သီလရွင္ေက်ာင္း၊ စာသင္ေက်ာင္းႏွင့္လူေနအိမ္မ်ား အမိုးလန္ပ်က္ဆီးခဲ့ေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။
ဝမ္းတြင္းၿမိဳ႕နယ္အတြင္း ၂၀၂၂ခုႏွစ္ ဧၿပီလ(၂၈)ရက္ေန႕(၁၈)နာရီ(၃၀)မိနစ္အခ်ိန္တြင္ မိုး သက္ေလျပင္းမ်ား ႐ြာသြန္းတိုက္ခတ္မႈေၾကာင့္ ေျမာက္ဆည္ေက်း႐ြာအုပ္စုတြင္ အိမ္ေျခ (၁၅)လုံးႏွင့္ သီလရွင္ေက်ာင္း(၁)ေက်ာင္း၊ ဗဒင္းေက်း႐ြာအုပ္စုတြင္ လူေနအိမ္(၃၀)ႏွင့္ စာသင္ေက်ာင္း(၁)ေက်ာင္း၊ ခါးတကကၠဳန္းေက်း႐ြာအုပ္စုတြင္ လူေနအိမ္(၁၉)လုံး၊ ေအာင္သာေက်း႐ြာအုပ္စုတြက္ ေနအိမ္(၂)လုံး၊ စုစုေပါင္းလူေနအိမ္၊ စာသင္ေက်ာင္းႏွင့္ သီလရွင္ေက်ာင္းအပါ(၆၈)လုံး အမိုးလန္ပ်က္ဆီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ မိုးသက္ေလျပင္းမ်ား ႐ြာသြန္းတိုက္ခတ္မႈေၾကာင့္ လူႏွင့္တိရိစ္ဆာမ်ားထိခိုက္ေသဆုံး ျခင္းမရွိေၾကာင္းႏွင့္ ေလေဘးဒဏ္ခံမိသားစုမ်ားအား တာဝန္ရွိသူမ်ားက လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments