ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြိုနယ်၊ (၇) ရပ်ကွက်၊ သံသုမာလမ်းနဲ့ မင်းရဲကျော်စွာ (၉) လမ်းထောင့်က ကမ္ဘောဇဘဏ်ခွဲ (၂၀) အတွင်း သေနတ်နဲ့ ဝင်ရောက်လုယက်ခဲ့တဲ့ ဓားပြ ၇ ဦးကို ဧပြီ ၉ ရက်နေ့မှာ လက်နက်အပါအဝင် သက်သေခံငွေကြေးများနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့တယ်လို ထွက်ပေါ်လာတဲ့သတင်းများအရ သိရပါတယ်။

အဆိုပါ ကမ္ဘောဇဘဏ်ခွဲ (၂၀) ဟာ ပြီးတဲ့တဲ့ ဧပြီ ၆ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်မှာ လူ ၉ ယောက်လောက်က ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေကျပ် သိန်းနှစ်ထောင်လောက် ပါသွားတယ်လို သတင်းများက ဖော်ပြခဲ့ကြပါတယ်။

ယခုအခါ အဆိုပါဓားပြအဖွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ သုံးခွမြိုနယ်၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်းထဲက ဦးနိုင်ဝင်း ဆိုသူရဲ့ လယ်တဲအတွင်းမှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့သူတွေကတော့ ဘဏ်ဓားပြတိုက်မှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဟိန်းထက်ဇော် ဆိုသူနဲ့အတူ ပါဝင်ခဲ့သူ စည်သူ၊ ဟိန်းမင်းသန့်၊ သန်းဇော်ထွေး၊ လှိင်ဘွားအောင်၊ ဇာနည်ထက်၊ ပြည့်ဖြိုးကျော်တိုဖြစ်ပြီး ၎င်းတိုထံက လက်လုပ်သေနတ် (၁) လက်၊ ၁၂ ဗိုကျည် (၅) တောင့်၊ မီးခိုးဗုံး (၁) လုံး၊ ဒရုန်း (၂) ခု၊ ငွေကျပ် (၁၂၅) သိန်းတိုကို သိမ်းဆည်းရရှိခဲ့တယ်လိုသိရပြီး လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ဓားပြ ၇ ဦးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“တောင်ဥက္ကလာပမြို့နယ် ကမ္ဘောဇဘဏ်ခွဲ (၂၀) အတွင်း သေနတ်နဲ့ ဝင်ရောက်လုယက်ခဲ့တဲ့ ဓားပြ ၇ ဦးကို ဖမ်းဆီးရမိဟုဆို”

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ သံသုမာလမ်းနဲ့ မင်းရဲကျော်စွာ (၉) လမ်းထောင့်က ကမ္ဘောဇဘဏ်ခွဲ (၂၀) အတွင်း သေနတ်နဲ့ ဝင်ရောက်လုယက်ခဲ့တဲ့ ဓားပြ ၇ ဦးကို ဧပြီ ၉ ရက်နေ့မှာ လက်နက်အပါအဝင် သက်သေခံငွေကြေးများနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့တယ်လို့ ထွက်ပေါ်လာတဲ့သတင်းများအရ သိရပါတယ်။

အဆိုပါ ကမ္ဘောဇဘဏ်ခွဲ (၂၀) ဟာ ပြီးတဲ့တဲ့ ဧပြီ ၆ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်မှာ လူ ၉ ယောက်လောက်က ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေကျပ် သိန်းနှစ်ထောင်လောက် ပါသွားတယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။

ယခုအခါ အဆိုပါဓားပြအဖွဲ့ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်းထဲက ဦးနိုင်ဝင်း ဆိုသူရဲ့ လယ်တဲအတွင်းမှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့သူတွေကတော့ ဘဏ်ဓားပြတိုက်မှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဟိန်းထက်ဇော် ဆိုသူနဲ့အတူ ပါဝင်ခဲ့သူ စည်သူ၊ ဟိန်းမင်းသန့်၊ သန်းဇော်ထွေး၊ လှိင်ဘွားအောင်၊ ဇာနည်ထက်၊ ပြည့်ဖြိုးကျော်တို့ဖြစ်ပြီး ၎င်းတို့ထံက လက်လုပ်သေနတ် (၁) လက်၊ ၁၂ ဗို့ကျည် (၅) တောင့်၊ မီးခိုးဗုံး (၁) လုံး၊ ဒရုန်း (၂) ခု၊ ငွေကျပ် (၁၂၅) သိန်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့သိရပြီး လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ဓားပြ ၇ ဦးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#mhtnews