
၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ “ကမ္ဘောဇ” ဘဏ်ခွဲအတွင်းသို့ အမျိုးသား ၇ ဦးက ဘဏ်အကောင့်ပြုလုပ်လိုကြောင်းပြော၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းကြိုတင်ရောက်ရှိနေသည့် အမျိုးသား ၂ ဦးတို့နှင့် ပူးပေါင်းကာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးအား ကျဉ်စက်ဖြင့်ထိုး၍ ဘဏ်ဝန်ထမ်းများနှင့် ဘဏ်အ တွင်း ငွေသွင်း၊ ငွေထုတ်ရန်ရောက်ရှိနေသူများ၏ လက်ကိုင်ဖုန်းများအား သေနတ်ပြခြိမ်းခြောက် လုယက်ယူဆောင်ကာ ဘဏ်အတွင်းစုထိုင်ခိုင်းပြီး ဘဏ်ကောင်တာအတွင်းနှင့် ကောင်တာအပေါ်၌ ထားရှိသည့် ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို အသင့်ယူဆောင်လာသည့် လက်ကိုင်ပါပီနံအိတ် ၂ လုံး အတွင်းထည့်၍ ဓားပြတိုက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၆၇/ ၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅/၃၂၃ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဓားပြတိုက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေးမှုများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ဓားပြတိုက်မှုကျူးလွန်ခဲ့သူများသည် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 7D-3400 TOYOTA PROBOX မော်တော်ယာဉ်အား YGN CC-8336 နံပါတ်ဖြင့် ပြောင်းလဲတပ်ဆင်ကာ အသုံးပြုခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် 7D-3400 မော်တော်ယာဉ်အား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဧပြီ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ၎င်းယာဉ်ကို စမ်းချောင်းမြို့နယ်၊ ဘူတာရပ်ကွက်၊ ဟုမ်းလမ်း(၄)လမ်း၊ အမှတ်(၁၄၇)နေ အာကာကျော်(ခ) အာကာ (၄၁)နှစ် (ဘ)ဦးကျော်နှင့်အတူ ဘူတာရပ်ကွက်၊ ဟုမ်းလမ်းပေါ်ရှိ Orange စတိုးဆိုင်၌ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိသူ အာကာကျော်၏ ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်ဓားပြတိုက်မှုဖြစ်စဉ်၌ ၎င်းမောင်းနှင် သည့်ယာဉ်အား တစ်ရပ်ကွက်တည်းနေ မင်းမော်ဟိန်း(ခ) မော်ကြီး (ခ) တိုးလီ (၁၇)နှစ် (ဘ) ဦးမျိုးဝင်းအောင်က ငှားရမ်းခဲ့သဖြင့် ၎င်းနှင့်အတူ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာနေ ဇော်အောင် (၃၇)နှစ် (ဘ)ဦးတင်မောင်လွင်မောင်းနှင်သည့် YGN CC-7408 TOYOTA CALDINA မော်တော် ယာဉ်နှင့်အတူ လိုက်ပါခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ည ၈ နာရီ ၂၀ မိနစ်တွင် ဇော်ခင်အား CALDINA မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ည ၈ နာရီခွဲတွင် မင်းမော်ဟိန်း(ခ) မော်ကြီး (ခ) တိုးလီအားလည်းကောင်း ၎င်းတို့၏ နေအိမ်များ၌ အသီးသီးဖမ်းဆီးရမိခဲ့သည်။
တိုးလီ(ခ)မင်းမော်ဟိန်း(ခ) မော်ကြီး၏ ထွက်ဆိုချက်အရ ဓားပြတိုက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သော အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ ဧရာဝတီလမ်း၌နေကြသူများဖြစ်သည့် မြတ်သူ(ခ) ပွားလေး (၁၇)နှစ် (ဘ) ဦးကျော်မင်းထွန်းနှင့် ဟိန်းထက်အောင် (ခ) ဟိန်းထက် (၁၉)နှစ် (ဘ) ဦးကျော်ဆန်း တို့ ၂ ဦးအား ည ၉ နာရီ ၁၅ မိနစ်တွင် ၎င်းတို့၏ နေအိမ်များ၌ လည်းကောင်း၊ ဓားပြတိုက်မှုကျူးလွန်ရာတွင် ဦးဆောင်ခဲ့ သည့် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်း ကုန်းတောင်ရပ်ကွက်၊ မကြီးကြီးလမ်း၊ အမှတ်(၅၄)နေ ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီး (၂၃)နှစ် (ဘ)ဦးဇော်ဝင်းမောင်နှင့် ဓားပြတိုက်မှုမှ ရရှိသည့်ငွေ များအား ဝှက်သိမ်းရာတွင် စီမံခန့်ခွဲပေးသူ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ အိမ်ခြေ(၅၀)(၁)လမ်း၊ (၃)လွှာ (ဃ)အခန်းနေ ပန်းနု(ခ) ပန်ပန် (၂၅)နှစ် (ဘ)ဦးဇော်ဇော်တို့ ၂ ဦးအား အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းပေါ်၌ ဓားပြတိုက်ရာမှ ရရှိခဲ့သည့်ငွေ ၁၀,၁၂၅,ဝဝဝ ကျပ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၅ ပြား၊ .380 AUTO ကျည်တစ်တောင့် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီးနှင့် ပန်းနု(ခ) ပန်ပန်တို့၏ ထွက်ဆိုချက်အရ ဓားပြတိုက်ရာမှ ရရှိခဲ့သည့် သက်သေခံငွေအချို့ကို ပန်းနု၏အစ်မဖြစ်သူ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ အိမ်ခြေ(၅၀) (၂)လမ်း၊ အမှတ်(၃၀)နေ အေးငြိမ်းသူ (၄၃)နှစ် (ဘ) ဦးဇော်ဝင်းမောင်၏ နေအိမ်၌ ဝှက်သိမ်းထား ကြောင်းသိရှိရသဖြင့် ည ၁၁ နာရီ ၄၅ မိနစ်တွင် သွားရောက်ရှာဖွေခဲ့ရာ အေးငြိမ်းသူအား ၎င်း၏နေအိမ် အပေါ်ထပ်အိပ်ခန်းအတွင်းရှိ ကုတင်အောက်၌ ခရီးဆောင်အိတ်ဖြင့်ထည့်၍ ဝှက်သိမ်းထားသည့် ငွေကျပ် ၆၉,၉၄၀,၀၀၀ ကျပ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီး၏ ထပ်မံထွက်ဆိုချက်အရ ဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် စည်သူ (ခ)တုံတုံ၊ ကောင်းဝေယံ(ခ) ဝေယံ(ခ) နုတီ၊ လှိုင်ဘွားအောင်(ခ)ဘွားကြီး၊ ပိုင်သုတ(ခ) သုတ၊ ပြည့်ဖြိုးကျော် (ခ) ဂျိုးကြော်၊ သန့်ဇော်ထွေး(ခ) တရုတ်ကြီးနှင့် နဒီပေါင် (ခ) ဆံရှည်(ခ) ဇာကြီးတို့ ၇ ဦးကို မင်္ဂလာဒုံမြို့နယ်၊ ရေကြည်အိုင်ရပ်ကွက်၊ သစ္စာလမ်းသွယ်(၁)ရှိ နေအိမ်တစ်လုံး ငှားရမ်းပေးထားကြောင်း သိရှိရသဖြင့် ည ၁၂ နာရီ ၁၀ မိနစ်တွင် သွားရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ၎င်းတို့ ၇ ဦးကို အဆိုပါနေအိမ်၌ မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်ဗုံးတစ်လုံး၊ လက်လုပ်သေနတ်တစ်လက်၊ ပွိုင့် 22 ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံးဖြူ့စ် ၃ ခု၊ ယမ်းမှုန့် ၁၀ ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူများ ဖြစ်သည့် ကောင်းဝေယံဟိန်း(ခ) ဝေယံ(ခ) နုတီအား စမ်းချောင်းမြို့နယ်၊ ရွှေမောင်း” ဟိုတယ်၌ သက်သေခံငွေ ၁၁၈ဝဝဝ ကျပ်၊ လက်ကိုင်ဖုန်းတစ်လုံးဖြင့်လည်းကောင်း၊ ဟန်သီထူး (ခ) ဟန်ကြီးအား စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်၊ “ဒဂုံ”စင်တာအနီး၌လည်းကောင်း၊ ဧပြီ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မင်းကြီးညိုရပ်ကွက်၊ တောင်ငူလမ်း၊ အမှတ်(၁၉)နေ ဟိန်းထက်ဇော်(ခ) မြင်းကျား(၁၉)နှစ် (ဘ)ဦးတင်ဇော်လတ်၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ သံတံတားလမ်းအမှတ်(၇၆)နေ စည်သူဝင်း(ခ) တုံတုံ (၂၈)နှစ် (ဘ)ဦးဝင်းတင်၊ အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်း၊ အမှတ်(၁၁၆)နေ ဟိန်းမင်းသန့်(ခ) ပိုင်သုတ (၁၇)နှစ် (ဘ)ဦးညွန့်ဝင်း၊ အဆိုပါလမ်း အမှတ်(၁၀၄)နေ ဇာနည်ထက်(ခ) နဒီပေါင်(ခ) ဇာကြီး (၂၄)နှစ် (ဘ)ဦးစိုးဝင်း၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သမိုင်း (၅)လမ်းနေ သန့်ဇော်ထွေး(ခ) တရုတ်ကြီး (၁၇)နှစ် (ဘ)ဦးမိုးလွင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက်၊ ပြည်သူ့ကွက်သစ် (၂)လမ်း၊ အမှတ်(၈)နေ လှိုင်ဘွားအောင်(ခ) ဘွားကြီး (၂၃)နှစ် (ဘ)ဦးကျော်ဆွေဝင်းနှင့် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သမိုင်း (၅)လမ်းနေ ပြည့်ဖြိုးကျော် (ခ) ချိုးကြော် (၁၈)နှစ် (ဘ) ဦးမိုးလွင်တို့ ၇ ဦးကို သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်းရှိ ဦးနိုင်ဝင်း၏ လယ်တဲအတွင်းမှ လက်လုပ်သေနတ် တစ်လက်၊ ၁၂ ဗို့လ်ကျည် ၅ တောင့်၊ ရောင်စုံမီးခိုးဗုံးတစ်လုံး၊ Drone ၂ ခု၊ လက်ကိုင်ဖုန်းမျိုးစုံ ၇ လုံး၊ ဓားပြတိုက်ရာမှ ရရှိခဲ့သည့် သက်သေခံငွေ စက္ကူရောရာ ၁၂၅ သိန်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီး၏ ထပ်မံထွက်ဆိုက်ချက်အရ ဓားပြတိုက်ရာမှ ရရှိသည့် ငွေသိန်း ၆၀၀ ကို မင်္ဂလာဒုံမြို့နယ်၊ ရေကြည်အိုင်ရပ်ကွက်၊ သစ္စာလမ်း၊ အမှတ်(၁၇)နေ ပန်းနု၏အစ်မဖြစ်သူ မေငြိမ်းထံတွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ယနေ့နံနက်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ မေငြိမ်းအား နေအိမ်အတွင်းမှ သက်သေခံငွေသိန်း ၆၀၀၊ ပစ္စတိုသေနတ် တစ်လက်၊ ကော်သေနတ်တစ်လက်၊ ကျဉ်စက် ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ ကမ္ဘောဇဘဏ်အား ဓားပြတိုက်ရန်အတွက် ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီး၊ ဝေယံ(ခ) နို့တီနှင့် ဟိန်းထက်ဇော် (ခ) မြင်းကျားတို့က မတ်လ ၁၆ ရက်မှ စတင်၍ တိုင်ပင်ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါဘဏ်အား စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရန်အတွက် ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီးနှင့် ၎င်း၏ဇနီး ပန်းနု(ခ) ပန်ပန်တို့က ဦးဆောင်၍ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ရှိ နေအိမ်၌ စုဝေးတိုင်ပင်ကာ မြတ်သူ(ခ) ပွားလေး၊ မင်းမော်ဟိန်း(ခ) မော်ကြီး(ခ) တိုးလီ၊ ဟိန်းထက်အောင်(ခ) ရော်ပြဲ၊ ဟိန်းထက်ဇော်(ခ) မြင်းကျားတို့က အကြိမ်ကြိမ်သွားရောက်လေ့လာခဲ့ကြောင်း၊ ဧပြီ ၅ ရက်တွင် ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီးဦးဆောင်၍ ဝါယာလက်နေအိမ်၌ စုဝေးပြီး တာဝန်ခွဲဝေခဲ့ရာ ဘဏ်အတွင်း၌ ATM ကတ် ပြုလုပ်မည့်သူအဖြစ် ဝင်ရောက်စောင့်ကြည့်သူအဖြစ် မြတ်သူ(ခ) ပွားလေးနှင့် ဟိန်းထက်အောင် (ခ) ထက်အောင်တို့ ၂ ဦးက လည်းကောင်း၊ ဟိန်းထက်ဇော် (ခ) မြင်းကျား (သေနတ် နှင့်ကျဉ်စက်ကိုင်သူ)၊ သန့်ဇော်ထွေး(ခ) တရုတ်ကြီးနှင့် ပိုင်သုတ(ခ) သုတ (သေနတ်ကိုင်သူ)၊ စည်သူ(ခ) တုံတုံ၊ ဇာနည်ထက်(ခ) နဒီပေါင် (ခ) ဇာကြီး ၊ ကောင်းဝေယံဟိန်း(ခ) ဝေယံ(ခ) နုတီ၊ နေတိုး(ဖမ်းဆီးရန်ကျန်) တို့ ၇ ဦးက ဘဏ်အတွင်းဝင်ရောက် ငွေလုယက်သူများအဖြစ် လည်းကောင်း၊ ဟန်သီထူး(ခ) ဟန်ကြီး၊ လှိုင်ဘွားအောင်(ခ) ဘွားကြီး၊ ပြည့်ဖြိုးကျော်(ခ) ချိုးကြော်၊ ဖမ်းဆီးရန် ကျန်သူများဖြစ်သည့် ဇေယျာအောင်(ခ) ဖုတ်ကြီး၊ ထူးထက်အောင် (ခ) စာကလေး၊ ဥက္ကာပိုင်နှင့် စွမ်းထက်ပိုင်တို့ ၇ ဦးက ဘဏ်ပတ်ဝန်းကျင်၌ စောင့်ကြည့်ပေးသူများအဖြစ် လည်းကောင်း၊ ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီးနှင့် ပန်းနု (ခ) ပန်ပန်တို့က မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီလမ်းရှိ ငါးကန်တွင် မော်တော်ယာဉ်တစ်စီးဖြင့်စောင့်နေပြီး ဓားပြတိုက်ရာမှ ရရှိသည့်ငွေများ အား မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်ရှိ ပန်းနု၏ နေအိမ်သို့ သယ်ဆောင်မည့်သူများ အဖြစ်လည်း ကောင်းတာဝန်ခွဲဝေခဲ့ကြောင်း၊ ယင်းနောက် အခင်းဖြစ်နေ့ နံနက်ပိုင်းမှစတင်၍ ကမ္ဘောဇဘဏ်အား ဓားပြတိုက်ရန်အတွက် တာဝန်ခွဲဝေ ထားသည့်အတိုင်း စောင့်ကြည့်မည့်သူများသည် ၎င်းတို့၏ အစီအစဉ်ဖြင့် သွားရောက်စောင့်ဆိုင်းခဲ့ပြီး လုယက်မှုကျူးလွန်သည့် ဟိန်းထက်ဇော် (ခ) မြင်းကျား ပါ ၇ ဦးက အာကာကျော် (ခ) အာကာ မောင်းနှင်သည့် YGN 7D-3400 TOYOTA PROBOX မော်တော် ယာဉ်အား YGN CC8336 နံပါတ်ဖြင့် ပြောင်းလဲတပ်ဆင်ကာ ဘဏ်အနီးစောင့်ဆိုင်းခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ခန့်တွင် ဘဏ်အတွင်းဝင်ရောက်ကာ ငွေများလုယက်ယူဆောင်ကာ မရမ်းကုန်းမြို့နယ်၌ ဇော်နောင် မောင်းနှင်သည့် Caldina မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်းနေသည့် ဝေမင်းအောင် (ခ) အက်စတာ(ခ) ဝေကြီးနှင့် ပန်းနု(ခ) ပန်ပန်တို့ထံ လက်ဆင့်ပြောင်း၍ မင်္ဂလာဒုံမြို့နယ်သို့ ထွက်ခွာသွားခဲ့ကြောင်း ရရှိထားသည့် ငွေကြေးများအားခွဲဝေကာ လူစုခွဲထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကိုယ်ရေးကိုယ်တာကိစ္စများတွင် သုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် ဓားပြတိုက်မှုကျူးလွန်ရာတွင်ပါဝင်သူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း (၁၈)ဦးတို့ကို သက်သေခံငွေကျပ် ၁၅၅,၁၈၃,ဝဝဝ၊ လက်ပစ်ဗုံး ၄ လုံး၊ မီးခိုးဗုံး တစ်လုံး၊ ပစ္စတိုသေနတ်တစ်လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကော်သေနတ် တစ်လက်၊ ကျဉ်စက် ၂ ချောင်း၊ ပွိုင့် 22 ကျည် ၄၉ တောင့်၊ ၁၂ ဗို့လ်ကျည် ၅ တောင့်၊ Drone ယာဉ်အစိတ်အပိုင်း ၂ ခု၊ .380 AUTO ကျည်တစ်တောင့်၊ လက်ပစ်ဗုံးဖြူ့စ် ၃ ခု၊ ယမ်းမှုန့် ၁၀ ကျပ်သားခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး၊ သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းငွေများအား သိမ်းဆည်းရမိနိုင်ရေးနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။
#mhtnews

(Zawgyi)
“ေတာင္ဥကၠလာပၿမိဳ႕နယ္၊ သံသုမာလမ္းရွိ ကေမၻာဇ ဘဏ္ခြဲကို ဓားျပတိုက္ခဲ့သည့္ တရားခံမ်ားအနက္ တရားခံ ၁၈ ဦးကို သက္ေသခံ ေငြေၾကးမ်ားအျပင္ လက္နက္မ်ားႏွင့္ ဖမ္းဆီးရမိေၾကာင္း နစကမွ ထုတ္ျပန္”
၂၀၂၂ ခုႏွစ္၊ ဧၿပီလ ၆ ရက္ မြန္းလြဲ ၁ နာရီ ၁၀ မိနစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ သံသုမာလမ္းရွိ ကေမၻာဇ ဘဏ္ခြဲအတြင္းသို႔ အမ်ိဳးသား ၇ ဦးက ဘဏ္အေကာင့္ျပဳလုပ္လိုေၾကာင္းေျပာ၍ ဝင္ေရာက္လာၿပီး ဘဏ္အတြင္းႀကိဳတင္ေရာက္ရွိေနသည့္ အမ်ိဳးသား ၂ ဦးတို႔ႏွင့္ ပူးေပါင္းကာ ဘဏ္လုံၿခဳံေရးဝန္ထမ္းတစ္ဦးအား က်ဥ္စက္ျဖင့္ထိုး၍ ဘဏ္ဝန္ထမ္းမ်ားႏွင့္ ဘဏ္အ တြင္း ေငြသြင္း၊ ေငြထုတ္ရန္ေရာက္ရွိေနသူမ်ား၏ လက္ကိုင္ဖုန္းမ်ားအား ေသနတ္ျပၿခိမ္းေျခာက္ လုယက္ယူေဆာင္ကာ ဘဏ္အတြင္းစုထိုင္ခိုင္းၿပီး ဘဏ္ေကာင္တာအတြင္းႏွင့္ ေကာင္တာအေပၚ၌ ထားရွိသည့္ ေငြက်ပ္သိန္း ၂၁၇၀ ခန႔္ကို အသင့္ယူေဆာင္လာသည့္ လက္ကိုင္ပါပီနံအိတ္ ၂ လုံး အတြင္းထည့္၍ ဓားျပတိုက္လုယက္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သျဖင့္ ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္း (ပ)၁၆၇/ ၂၀၂၂၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၅/၃၂၃ ျဖင့္ အမႈဖြင့္လွစ္ကာ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိနိုင္ေရး လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္။
ထိုသို႔ ဓားျပတိုက္မႈက်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိနိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္းကာ တာဝန္သိျပည္သူမ်ား၏ ပူးေပါင္းပါဝင္ သတင္းေပးမႈမ်ားျဖင့္ ေပါင္းစပ္ညွိႏွိုင္း၍ စုံစမ္းေဖာ္ထုတ္ခဲ့ရာ ဓားျပတိုက္မႈက်ဴးလြန္ခဲ့သူမ်ားသည္ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ YGN 7D-3400 TOYOTA PROBOX ေမာ္ေတာ္ယာဥ္အား YGN CC-8336 နံပါတ္ျဖင့္ ေျပာင္းလဲတပ္ဆင္ကာ အသုံးျပဳခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ 7D-3400 ေမာ္ေတာ္ယာဥ္အား ဖမ္းဆီးရမိနိုင္ေရးေဆာင္႐ြက္ခဲ့ရာ ဧၿပီ ၈ ရက္ေန႕ နံနက္ ၉ နာရီ ၁၅ မိနစ္တြင္ ၎ယာဥ္ကို စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဘူတာရပ္ကြက္၊ ဟုမ္းလမ္း(၄)လမ္း၊ အမွတ္(၁၄၇)ေန အာကာေက်ာ္(ခ) အာကာ (၄၁)ႏွစ္ (ဘ)ဦးေက်ာ္ႏွင့္အတူ ဘူတာရပ္ကြက္၊ ဟုမ္းလမ္းေပၚရွိ Orange စတိုးဆိုင္၌ ဖမ္းဆီးရမိ ခဲ့သည္။
ဖမ္းဆီးရမိသူ အာကာေက်ာ္၏ ထြက္ဆိုခ်က္အရ ကေမၻာဇဘဏ္ဓားျပတိုက္မႈျဖစ္စဥ္၌ ၎ေမာင္းႏွင္ သည့္ယာဥ္အား တစ္ရပ္ကြက္တည္းေန မင္းေမာ္ဟိန္း(ခ) ေမာ္ႀကီး (ခ) တိုးလီ (၁၇)ႏွစ္ (ဘ) ဦးမ်ိဳးဝင္းေအာင္က ငွားရမ္းခဲ့သျဖင့္ ၎ႏွင့္အတူ လွည္းကူးၿမိဳ႕နယ္၊ ကြၽန္းကေလးေက်း႐ြာေန ေဇာ္ေအာင္ (၃၇)ႏွစ္ (ဘ)ဦးတင္ေမာင္လြင္ေမာင္းႏွင္သည့္ YGN CC-7408 TOYOTA CALDINA ေမာ္ေတာ္ ယာဥ္ႏွင့္အတူ လိုက္ပါခဲ့ေၾကာင္း သိရွိရသျဖင့္ ၎တို႔ ၂ ဦးအား ဖမ္းဆီးရမိနိုင္ေရး ေဆာင္႐ြက္ခဲ့ရာ ည ၈ နာရီ ၂၀ မိနစ္တြင္ ေဇာ္ခင္အား CALDINA ေမာ္ေတာ္ယာဥ္ျဖင့္ လည္းေကာင္း၊ ည ၈ နာရီခြဲတြင္ မင္းေမာ္ဟိန္း(ခ) ေမာ္ႀကီး (ခ) တိုးလီအားလည္းေကာင္း ၎တို႔၏ ေနအိမ္မ်ား၌ အသီးသီးဖမ္းဆီးရမိခဲ့သည္။
တိုးလီ(ခ)မင္းေမာ္ဟိန္း(ခ) ေမာ္ႀကီး၏ ထြက္ဆိုခ်က္အရ ဓားျပတိုက္မႈက်ဴးလြန္ရာတြင္ ပါဝင္ခဲ့ေသာ အလုံၿမိဳ႕နယ္၊ ဌာနရပ္ကြက္၊ ဧရာဝတီလမ္း၌ေနၾကသူမ်ားျဖစ္သည့္ ျမတ္သူ(ခ) ပြားေလး (၁၇)ႏွစ္ (ဘ) ဦးေက်ာ္မင္းထြန္းႏွင့္ ဟိန္းထက္ေအာင္ (ခ) ဟိန္းထက္ (၁၉)ႏွစ္ (ဘ) ဦးေက်ာ္ဆန္း တို႔ ၂ ဦးအား ည ၉ နာရီ ၁၅ မိနစ္တြင္ ၎တို႔၏ ေနအိမ္မ်ား၌ လည္းေကာင္း၊ ဓားျပတိုက္မႈက်ဴးလြန္ရာတြင္ ဦးေဆာင္ခဲ့ သည့္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ မုန႔္လက္ေဆာင္း ကုန္းေတာင္ရပ္ကြက္၊ မႀကီးႀကီးလမ္း၊ အမွတ္(၅၄)ေန ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီး (၂၃)ႏွစ္ (ဘ)ဦးေဇာ္ဝင္းေမာင္ႏွင့္ ဓားျပတိုက္မႈမွ ရရွိသည့္ေငြ မ်ားအား ဝွက္သိမ္းရာတြင္ စီမံခန႔္ခြဲေပးသူ မဂၤလာဒုံၿမိဳ႕နယ္၊ ပလရရပ္ကြက္၊ အိမ္ေျခ(၅၀)(၁)လမ္း၊ (၃)လႊာ (ဃ)အခန္းေန ပန္းႏု(ခ) ပန္ပန္ (၂၅)ႏွစ္ (ဘ)ဦးေဇာ္ေဇာ္တို႔ ၂ ဦးအား အလုံၿမိဳ႕နယ္၊ ကြင္းေက်ာင္းလမ္းေပၚ၌ ဓားျပတိုက္ရာမွ ရရွိခဲ့သည့္ေငြ ၁၀,၁၂၅,ဝဝဝ က်ပ္၊ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၅ ျပား၊ .380 AUTO က်ည္တစ္ေတာင့္ တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည္။
ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီးႏွင့္ ပန္းႏု(ခ) ပန္ပန္တို႔၏ ထြက္ဆိုခ်က္အရ ဓားျပတိုက္ရာမွ ရရွိခဲ့သည့္ သက္ေသခံေငြအခ်ိဳ႕ကို ပန္းႏု၏အစ္မျဖစ္သူ မဂၤလာဒုံၿမိဳ႕နယ္၊ ပလရရပ္ကြက္၊ အိမ္ေျခ(၅၀) (၂)လမ္း၊ အမွတ္(၃၀)ေန ေအးၿငိမ္းသူ (၄၃)ႏွစ္ (ဘ) ဦးေဇာ္ဝင္းေမာင္၏ ေနအိမ္၌ ဝွက္သိမ္းထား ေၾကာင္းသိရွိရသျဖင့္ ည ၁၁ နာရီ ၄၅ မိနစ္တြင္ သြားေရာက္ရွာေဖြခဲ့ရာ ေအးၿငိမ္းသူအား ၎၏ေနအိမ္ အေပၚထပ္အိပ္ခန္းအတြင္းရွိ ကုတင္ေအာက္၌ ခရီးေဆာင္အိတ္ျဖင့္ထည့္၍ ဝွက္သိမ္းထားသည့္ ေငြက်ပ္ ၆၉,၉၄၀,၀၀၀ က်ပ္ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည္။
ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီး၏ ထပ္မံထြက္ဆိုခ်က္အရ ဓားျပတိုက္မႈျဖစ္စဥ္တြင္ ပါဝင္ခဲ့သည့္ စည္သူ (ခ)တုံတုံ၊ ေကာင္းေဝယံ(ခ) ေဝယံ(ခ) ႏုတီ၊ လွိုင္ဘြားေအာင္(ခ)ဘြားႀကီး၊ ပိုင္သုတ(ခ) သုတ၊ ျပည့္ၿဖိဳးေက်ာ္ (ခ) ဂ်ိဳးေၾကာ္၊ သန႔္ေဇာ္ေထြး(ခ) တ႐ုတ္ႀကီးႏွင့္ နဒီေပါင္ (ခ) ဆံရွည္(ခ) ဇာႀကီးတို႔ ၇ ဦးကို မဂၤလာဒုံၿမိဳ႕နယ္၊ ေရၾကည္အိုင္ရပ္ကြက္၊ သစၥာလမ္းသြယ္(၁)ရွိ ေနအိမ္တစ္လုံး ငွားရမ္းေပးထားေၾကာင္း သိရွိရသျဖင့္ ည ၁၂ နာရီ ၁၀ မိနစ္တြင္ သြားေရာက္ ရွာေဖြဖမ္းဆီးခဲ့ရာ ၎တို႔ ၇ ဦးကို အဆိုပါေနအိမ္၌ မေတြ႕ရွိရဘဲ ေနအိမ္အတြင္းမွ လက္ပစ္ဗုံး ၂ လုံး၊ လက္လုပ္ဗုံးတစ္လုံး၊ လက္လုပ္ေသနတ္တစ္လက္၊ ပြိုင့္ 22 က်ည္ ၄၉ ေတာင့္၊ လက္ပစ္ဗုံးျဖဴ႕စ္ ၃ ခု၊ ယမ္းမႈန႔္ ၁၀ က်ပ္သားခန႔္တို႔ကို သိမ္းဆည္းရမိခဲ့သည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ထြက္ေျပးတိမ္းေရွာင္လ်က္ရွိသည့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိ နိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ဧၿပီ ၉ ရက္ေန႕တြင္ ျပစ္မႈက်ဴးလြန္ရာ၌ ပါဝင္သူမ်ား ျဖစ္သည့္ ေကာင္းေဝယံဟိန္း(ခ) ေဝယံ(ခ) ႏုတီအား စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေ႐ႊေမာင္း ဟိုတယ္၌ သက္ေသခံေငြ ၁၁၈ဝဝဝ က်ပ္၊ လက္ကိုင္ဖုန္းတစ္လုံးျဖင့္လည္းေကာင္း၊ ဟန္သီထူး (ခ) ဟန္ႀကီးအား စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းရပ္ကြက္၊ ဒဂုံစင္တာအနီး၌လည္းေကာင္း၊ ဧၿပီ ၁၀ ရက္ေန႕ ေန႕လယ္ ၁၂ နာရီ ၄၅ မိနစ္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ မင္းႀကီးညိုရပ္ကြက္၊ ေတာင္ငူလမ္း၊ အမွတ္(၁၉)ေန ဟိန္းထက္ေဇာ္(ခ) ျမင္းက်ား(၁၉)ႏွစ္ (ဘ)ဦးတင္ေဇာ္လတ္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ သံတံတားရပ္ကြက္၊ သံတံတားလမ္းအမွတ္(၇၆)ေန စည္သူဝင္း(ခ) တုံတုံ (၂၈)ႏွစ္ (ဘ)ဦးဝင္းတင္၊ အလုံၿမိဳ႕နယ္၊ လြတ္လပ္ေရးရပ္ကြက္၊ ေအာင္ေဇယ်လမ္း၊ အမွတ္(၁၁၆)ေန ဟိန္းမင္းသန႔္(ခ) ပိုင္သုတ (၁၇)ႏွစ္ (ဘ)ဦးၫြန႔္ဝင္း၊ အဆိုပါလမ္း အမွတ္(၁၀၄)ေန ဇာနည္ထက္(ခ) နဒီေပါင္(ခ) ဇာႀကီး (၂၄)ႏွစ္ (ဘ)ဦးစိုးဝင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ သမိုင္း (၅)လမ္းေန သန႔္ေဇာ္ေထြး(ခ) တ႐ုတ္ႀကီး (၁၇)ႏွစ္ (ဘ)ဦးမိုးလြင္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ မုန႔္လက္ေဆာင္းကုန္းေတာင္ရပ္ကြက္၊ ျပည္သူ႕ကြက္သစ္ (၂)လမ္း၊ အမွတ္(၈)ေန လွိုင္ဘြားေအာင္(ခ) ဘြားႀကီး (၂၃)ႏွစ္ (ဘ)ဦးေက်ာ္ေဆြဝင္းႏွင့္ မရမ္းကုန္းၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ သမိုင္း (၅)လမ္းေန ျပည့္ၿဖိဳးေက်ာ္ (ခ) ခ်ိဳးေၾကာ္ (၁၈)ႏွစ္ (ဘ) ဦးမိုးလြင္တို႔ ၇ ဦးကို သုံးခြၿမိဳ႕နယ္၊ သိုက္တူးကန္ေက်း႐ြာ၊ ပိုးဖလံကြင္းရွိ ဦးနိုင္ဝင္း၏ လယ္တဲအတြင္းမွ လက္လုပ္ေသနတ္ တစ္လက္၊ ၁၂ ဗို႔လ္က်ည္ ၅ ေတာင့္၊ ေရာင္စုံမီးခိုးဗုံးတစ္လုံး၊ Drone ၂ ခု၊ လက္ကိုင္ဖုန္းမ်ိဳးစုံ ၇ လုံး၊ ဓားျပတိုက္ရာမွ ရရွိခဲ့သည့္ သက္ေသခံေငြ စကၠဴေရာရာ ၁၂၅ သိန္းတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည္။
ထို႔ေနာက္ ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီး၏ ထပ္မံထြက္ဆိုက္ခ်က္အရ ဓားျပတိုက္ရာမွ ရရွိသည့္ ေငြသိန္း ၆၀၀ ကို မဂၤလာဒုံၿမိဳ႕နယ္၊ ေရၾကည္အိုင္ရပ္ကြက္၊ သစၥာလမ္း၊ အမွတ္(၁၇)ေန ပန္းႏု၏အစ္မျဖစ္သူ ေမၿငိမ္းထံတြင္ သိမ္းဆည္းထားေၾကာင္း သိရွိရသျဖင့္ ယေန႕နံနက္ပိုင္းတြင္ သြားေရာက္ရွာေဖြခဲ့ရာ ေမၿငိမ္းအား ေနအိမ္အတြင္းမွ သက္ေသခံေငြသိန္း ၆၀၀၊ ပစၥတိုေသနတ္ တစ္လက္၊ ေကာ္ေသနတ္တစ္လက္၊ က်ဥ္စက္ ၂ ေခ်ာင္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ သံသုမာလမ္းရွိ ကေမၻာဇဘဏ္အား ဓားျပတိုက္ရန္အတြက္ ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီး၊ ေဝယံ(ခ) နို႔တီႏွင့္ ဟိန္းထက္ေဇာ္ (ခ) ျမင္းက်ားတို႔က မတ္လ ၁၆ ရက္မွ စတင္၍ တိုင္ပင္ခဲ့ေၾကာင္း၊ ၎ေနာက္ အဆိုပါဘဏ္အား ေစာင့္ၾကည့္ေလ့လာမႈမ်ား ျပဳလုပ္ရန္အတြက္ ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီးႏွင့္ ၎၏ဇနီး ပန္းႏု(ခ) ပန္ပန္တို႔က ဦးေဆာင္၍ မဂၤလာဒုံၿမိဳ႕နယ္၊ ဝါယာလက္ရွိ ေနအိမ္၌ စုေဝးတိုင္ပင္ကာ ျမတ္သူ(ခ) ပြားေလး၊ မင္းေမာ္ဟိန္း(ခ) ေမာ္ႀကီး(ခ) တိုးလီ၊ ဟိန္းထက္ေအာင္(ခ) ေရာ္ၿပဲ၊ ဟိန္းထက္ေဇာ္(ခ) ျမင္းက်ားတို႔က အႀကိမ္ႀကိမ္သြားေရာက္ေလ့လာခဲ့ေၾကာင္း၊ ဧၿပီ ၅ ရက္တြင္ ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီးဦးေဆာင္၍ ဝါယာလက္ေနအိမ္၌ စုေဝးၿပီး တာဝန္ခြဲေဝခဲ့ရာ ဘဏ္အတြင္း၌ ATM ကတ္ ျပဳလုပ္မည့္သူအျဖစ္ ဝင္ေရာက္ေစာင့္ၾကည့္သူအျဖစ္ ျမတ္သူ(ခ) ပြားေလးႏွင့္ ဟိန္းထက္ေအာင္ (ခ) ထက္ေအာင္တို႔ ၂ ဦးက လည္းေကာင္း၊ ဟိန္းထက္ေဇာ္ (ခ) ျမင္းက်ား (ေသနတ္ ႏွင့္က်ဥ္စက္ကိုင္သူ)၊ သန႔္ေဇာ္ေထြး(ခ) တ႐ုတ္ႀကီးႏွင့္ ပိုင္သုတ(ခ) သုတ (ေသနတ္ကိုင္သူ)၊ စည္သူ(ခ) တုံတုံ၊ ဇာနည္ထက္(ခ) နဒီေပါင္ (ခ) ဇာႀကီး ၊ ေကာင္းေဝယံဟိန္း(ခ) ေဝယံ(ခ) ႏုတီ၊ ေနတိုး(ဖမ္းဆီးရန္က်န္) တို႔ ၇ ဦးက ဘဏ္အတြင္းဝင္ေရာက္ ေငြလုယက္သူမ်ားအျဖစ္ လည္းေကာင္း၊ ဟန္သီထူး(ခ) ဟန္ႀကီး၊ လွိုင္ဘြားေအာင္(ခ) ဘြားႀကီး၊ ျပည့္ၿဖိဳးေက်ာ္(ခ) ခ်ိဳးေၾကာ္၊ ဖမ္းဆီးရန္ က်န္သူမ်ားျဖစ္သည့္ ေဇယ်ာေအာင္(ခ) ဖုတ္ႀကီး၊ ထူးထက္ေအာင္ (ခ) စာကေလး၊ ဥကၠာပိုင္ႏွင့္ စြမ္းထက္ပိုင္တို႔ ၇ ဦးက ဘဏ္ပတ္ဝန္းက်င္၌ ေစာင့္ၾကည့္ေပးသူမ်ားအျဖစ္ လည္းေကာင္း၊ ေဝမင္းေအာင္(ခ) အက္စတာ(ခ) ေဝႀကီးႏွင့္ ပန္းႏု (ခ) ပန္ပန္တို႔က မရမ္းကုန္းၿမိဳ႕နယ္၊ ေ႐ႊႏွင္းဆီလမ္းရွိ ငါးကန္တြင္ ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ေစာင့္ေနၿပီး ဓားျပတိုက္ရာမွ ရရွိသည့္ေငြမ်ား အား မဂၤလာဒုံၿမိဳ႕နယ္၊ ပလရရပ္ကြက္ရွိ ပန္းႏု၏ ေနအိမ္သို႔ သယ္ေဆာင္မည့္သူမ်ား အျဖစ္လည္း ေကာင္းတာဝန္ခြဲေဝခဲ့ေၾကာင္း၊ ယင္းေနာက္ အခင္းျဖစ္ေန႕ နံနက္ပိုင္းမွစတင္၍ ကေမၻာဇဘဏ္အား ဓားျပတိုက္ရန္အတြက္ တာဝန္ခြဲေဝ ထားသည့္အတိုင္း ေစာင့္ၾကည့္မည့္သူမ်ားသည္ ၎တို႔၏ အစီအစဥ္ျဖင့္ သြားေရာက္ေစာင့္ဆိုင္းခဲ့ၿပီး လုယက္မႈက်ဴးလြန္သည့္ ဟိန္းထက္ေဇာ္ (ခ) ျမင္းက်ား ပါ ၇ ဦးက အာကာေက်ာ္ (ခ) အာကာ ေမာင္းႏွင္သည့္ YGN 7D-3400 TOYOTA PROBOX ေမာ္ေတာ္ ယာဥ္အား YGN CC8336 နံပါတ္ျဖင့္ ေျပာင္းလဲတပ္ဆင္ကာ ဘဏ္အနီးေစာင့္ဆိုင္းခဲ့ေၾကာင္း၊ မြန္းလြဲ ၁ နာရီ ခန႔္တြင္ ဘဏ္အတြင္းဝင္ေရာက္ကာ ေငြမ်ားလုယက္ယူေဆာင္ကာ မရမ္းကုန္းၿမိဳ႕နယ္၌ ေဇာ္ေနာင္ ေမာင္းႏွင္သည့္ Caldina ေမာ္ေတာ္ယာဥ္ျဖင့္ အသင့္ေစာင့္ဆိုင္းေနသည့္ ေဝမင္းေအာင္ (ခ) အက္စတာ(ခ) ေဝႀကီးႏွင့္ ပန္းႏု(ခ) ပန္ပန္တို႔ထံ လက္ဆင့္ေျပာင္း၍ မဂၤလာဒုံၿမိဳ႕နယ္သို႔ ထြက္ခြာသြားခဲ့ေၾကာင္း ရရွိထားသည့္ ေငြေၾကးမ်ားအားခြဲေဝကာ လူစုခြဲထြက္ေျပးတိမ္းေရွာင္ခဲ့ၿပီး ကိုယ္ေရးကိုယ္တာကိစၥမ်ားတြင္ သုံးစြဲခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။
အထက္ပါျဖစ္စဥ္တြင္ ဓားျပတိုက္မႈက်ဴးလြန္ရာတြင္ပါဝင္သူ အမ်ိဳးသား ၁၅ ဦး၊ အမ်ိဳးသမီး ၃ ဦး၊ စုစုေပါင္း (၁၈)ဦးတို႔ကို သက္ေသခံေငြက်ပ္ ၁၅၅,၁၈၃,ဝဝဝ၊ လက္ပစ္ဗုံး ၄ လုံး၊ မီးခိုးဗုံး တစ္လုံး၊ ပစၥတိုေသနတ္တစ္လက္၊ လက္လုပ္ေသနတ္ ၂ လက္၊ ေကာ္ေသနတ္ တစ္လက္၊ က်ဥ္စက္ ၂ ေခ်ာင္း၊ ပြိုင့္ 22 က်ည္ ၄၉ ေတာင့္၊ ၁၂ ဗို႔လ္က်ည္ ၅ ေတာင့္၊ Drone ယာဥ္အစိတ္အပိုင္း ၂ ခု၊ .380 AUTO က်ည္တစ္ေတာင့္၊ လက္ပစ္ဗုံးျဖဴ႕စ္ ၃ ခု၊ ယမ္းမႈန႔္ ၁၀ က်ပ္သားခန႔္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၅ ျပားတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရန္က်န္ တရားခံမ်ားအား အျမန္ဆုံး ေဖာ္ထုတ္ဖမ္းဆီး ရမိနိုင္ေရး၊ သိမ္းဆည္းရန္က်န္ သက္ေသခံပစၥည္းေငြမ်ားအား သိမ္းဆည္းရမိနိုင္ေရးႏွင့္ ဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားနိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားပါသည္။
#mhtnews
Recent Comments