မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေး (၂၁/၂၀၂၂) ကို ယမန်နေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာအစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလီယံ ၂၀၀ ခန့်ရှိကာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ ပေါင်းနှစ် ၄၀ သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံး စက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန် အတိုးနှုန်း သက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း ဒုတိယဝန်ကြီးက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ မြို့နယ်တို့မှ တောင်သူ ၅၅၇၆ ဦးကို ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများ အချိန်စေ့အရစ်ကျ ပြန်ဆပ်သည့် ငွေကို ချေးငွေရယူလိုသည့်တောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက်မပြတ် Evaluation & Monitoring ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

=======================. .===. .=

(Zawgyi)

“ေတာင္သူတစ္ဦးခ်င္းက်ပ္သိန္း၇၀၀အထိႏွစ္တိုသုံးႏွစ္၊ႏွစ္ရွည္ငါးႏွစ္အရစ္က်ျပန္ဆပ္စနစ္ျဖင့္ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္းေျပာၾကား”

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ကအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေသာစိုက္ပ်ိဳးေရးႏွင့္ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးႏွစ္ဆင့္ေခ်းေငြစီမံကိန္း(JICA, Two Step Loan)စီမံကိန္းဦးေဆာင္ေကာ္မတီအစည္းအေဝး(၂၁/၂၀၂၂)ကိုယမန္ေန႕မြန္းလြဲပိုင္းကစီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနဝန္ႀကီး႐ုံးအစည္းအေဝးခန္းမ၌က်င္းပခဲ့ရာအစည္းအေဝးတြင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္း ကJICA, Two Step Loanေခ်းေငြစီမံကိန္းကို၂၀၁၇ခုႏွစ္ဇူလိုင္လတြင္စတင္ခဲ့ၿပီးစီမံကိန္းတန္ဖိုးက်ပ္ဘီလီယံ၂၀၀ခန႔္ရွိကာဆိုင္းငံ့ကာလ၁၀ႏွစ္၊ျပန္ဆပ္ကာလႏွစ္၃၀၊ေပါင္းႏွစ္၄၀သက္တမ္းရွိေၾကာင္း၊ျမန္မာနိုင္ငံတစ္ဝန္းရွိေတာင္သူလယ္သမားမ်ား၏လယ္ယာကုန္ထုတ္လုပ္ငန္းမ်ားတြင္အဓိကအသုံးျပဳသည့္လယ္ယာသုံးစက္ကိရိယာမ်ားႏွင့္လယ္ယာစီးပြားအေျခခံစက္႐ုံ၊အလုပ္႐ုံမ်ားတည္ေဆာက္နိုင္ရန္အတိုးႏႈန္းသက္သာသည့္ေခ်းေငြမ်ားကိုေတာင္သူတစ္ဦးခ်င္းက်ပ္သိန္း၇၀၀အထိႏွစ္တိုသုံးႏွစ္၊ႏွစ္ရွည္ငါးႏွစ္အရစ္က်ျပန္ဆပ္စနစ္ျဖင့္ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း ေျပာၾကားသည္။

ဆက္လက္၍လည္း ဒုတိယဝန္ႀကီးက ၂၀၂၂ခုႏွစ္ေဖေဖာ္ဝါရီလကုန္ထိေနျပည္ေတာ္ေကာင္စီ၊တိုင္းေဒသႀကီးႏွင့္ျပည္နယ္၁၄ခုရွိၿမိဳ႕နယ္၁၈၇ၿမိဳ႕နယ္တို႔မွေတာင္သူ၅၅၇၆ဦးကိုေခ်းေငြက်ပ္၂၂၉ဒသမ၉၇၉ဘီလီယံထုတ္ေခ်းေပးထားၿပီးျဖစ္ေၾကာင္း၊ေခ်းေငြရယူထားသည့္ေတာင္သူမ်ားအခ်ိန္ေစ့အရစ္က်ျပန္ဆပ္သည့္ ေငြကိုေခ်းေငြရယူလိုသည့္ေတာင္သူမ်ားသို႔စဥ္ဆက္မျပတ္ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း၊ေခ်းေငြအစီအစဥ္ေကာင္းမြန္စြာလည္ပတ္နိုင္ျခင္းျဖင့္ေတာင္သူမ်ားဝင္ေငြတိုးတက္လာၿပီးလယ္ယာက႑ဖြံ႕ၿဖိဳးေရးကိုအေထာက္အကူျပဳမည္ျဖစ္ေၾကာင္းႏွင့္ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္႐ုံးခ်ဳပ္ႏွင့္ဘဏ္ခြဲအဆင့္ဆင့္အေနျဖင့္တာဝန္ခံမႈ၊တာဝန္ယူမႈျဖင့္စဥ္ဆက္မျပတ္Evaluation & Monitoringျပဳလုပ္ၿပီးစီမံကိန္းေအာင္ျမင္ေရးအတြက္တိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ား၊ဆက္စပ္ဌာနမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္ဟု သိရသည္။

#mhtnews