
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ရှိ စက်သုံးဆီရောင်းချလျက်ရှိတဲ့ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် (၉) နာရီအချိန်က တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ယနေ့ တောင်သာမြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများမှာရှိတဲ့ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေမှာ စက်သုံးဆီ သိုလှောင်ထားရှိတဲ့ပမာဏနဲ့ ရောင်းချနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ စက်သုံးဆီဆိုင်တွေမှာ သိုလှောင်ထားတဲ့ ဆီပမာဏပေါ်မူတည်ပြီး ဖွင့်လှစ်ရောင်းချ နိုင်စေဖို့ စစ်ဆေးခြင်းဖြစ်ပြီး ရောင်းချခြင်းမရှိတဲ့ စက်သုံးဆီဆိုင်များအနေနဲ့ အချက်အလက်များနဲ့တကွ တင်ပြပြီးမှသာ ရောင်းခွင့်ပိတ်ထားလို့ ရမှာပါ။ လက်ရှိမှာတော့ တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ မိဘပြည်သူများအနေနဲ့ စက်သုံးဆီများကို စိတ်ချစွာဝယ်ယူလို့ ရပါတယ်” လို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရက ပြောပါတယ်။
အဆိုပါ စက်သုံးဆီရောင်းခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနဲ့ အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့အတူ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#mhtnes

(Zawgyi)
“ေတာင္သာၿမိဳ႕ရွိ စက္သုံးဆီဆိုင္မ်ားအား ဖြင့္လွစ္ေရာင္းခ်ျခင္း ရွိ/မရွိ တာဝန္ရွိသူမ်ားက စစ္ေဆးမႈျပဳလုပ္”
မႏၱေလးတိုင္းေဒသႀကီး ေတာင္သာၿမိဳ႕နယ္ရွိ စက္သုံးဆီေရာင္းခ်လ်က္ရွိတဲ့ စက္သုံးဆီဆိုင္မ်ား ဖြင့္လွစ္ေရာင္းခ်ျခင္း ရွိ/မရွိကို ယေန႕နံနက္ (၉) နာရီအခ်ိန္က တာဝန္ရွိသူမ်ားမွ သြားေရာက္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။
ယေန႕ ေတာင္သာၿမိဳ႕ေပၚရပ္ကြက္မ်ားနဲ႕ ေက်း႐ြာမ်ားမွာရွိတဲ့ စက္သုံးဆီေရာင္းခ်ေနတဲ့ ဆိုင္ေတြမွာ စက္သုံးဆီ သိုေလွာင္ထားရွိတဲ့ပမာဏနဲ႕ ေရာင္းခ်နိဳင္ျခင္း ရွိ/မရွိ စစ္ေဆးျခင္း ျဖစ္ပါတယ္။ စက္သုံးဆီဆိုင္ေတြမွာ သိုေလွာင္ထားတဲ့ ဆီပမာဏေပၚမူတည္ၿပီး ဖြင့္လွစ္ေရာင္းခ် နိုင္ေစဖို႔ စစ္ေဆးျခင္းျဖစ္ၿပီး ေရာင္းခ်ျခင္းမရွိတဲ့ စက္သုံးဆီဆိုင္မ်ားအေနနဲ႕ အခ်က္အလက္မ်ားနဲ႕တကြ တင္ျပၿပီးမွသာ ေရာင္းခြင့္ပိတ္ထားလို႔ ရမွာပါ။ လက္ရွိမွာေတာ့ ေတာင္သာၿမိဳ႕နယ္အတြင္းမွာရွိတဲ့ မိဘျပည္သူမ်ားအေနနဲ႕ စက္သုံးဆီမ်ားကို စိတ္ခ်စြာဝယ္ယူလို႔ ရပါတယ္ လို႔ ၿမိဳ႕နယ္စီမံ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒ ဦးဟန္သူရက ေျပာပါတယ္။
အဆိုပါ စက္သုံးဆီေရာင္းျခင္း ရွိ/မရွိ သြားေရာက္စစ္ေဆးရာသို႔ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ ေရးအဖြဲ႕ဥကၠ႒ ဦးဟန္သူရနဲ႕ အဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ဆံေရးဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားနဲ႕အတူ ပူးေပါင္းစစ္ေဆးေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
#mhtnes
Recent Comments