တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင်များ၏ သား/သမီးများအတွက် ဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/ အဆင့်မြင့်သင်တန်း၊ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းနှင့် မြန်မာ့သိုင်း အခြေခံသင်တန်းများ ဖွင့်ပွဲကို ယမန်နေ့တွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်း သူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ သင်တန်းများတွင် အင်္ဂလိပ်စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၀၊ ကွန်ပျူတာအခြေခံ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၀၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၉၀နှင့် မြန်မာ့သိုင်း အခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၈၀ ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၃၇၀ ဦး တက်ရောက်ကြပြီး ယင်းသင်တန်းများကို မေ ၂၀ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#mhtnews

=============================

(Zawgyi)

“တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက်ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းနှင့် အခြားသင်တန်းများသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၇၀ တက်ရောက်”

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင်များ၏ သား/သမီးများအတွက် ဖွင့်လှစ်သည့် နွရောသီကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/ အဆင့်မြင့်သင်တန်း၊ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းနှင့် မြန်မာ့သိုင်း အခြေခံသင်တန်းများ ဖွင့်ပွဲကို ယမန်နေ့တွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။



#mhtnews