
မြောက်ကိုရီးယား နိုင်ငံအပေါ် တောင်ကိုရီးယားက တိုက်ခိုက်လာမည်ဆိုပါက မြောက်ကိုရီးယား အစိုးရအနေဖြင့် နျူကလီးယား လက်နက်များကို အသုံးပြုရန် တွန့်ဆုတ် နေမည်မဟုတ်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ယိုဂျုံက တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ဧပြီ ၅ ရက်တွင် ထပ်မ သတိပေးလိုက်ကြောင်း နိုင်ငံတကာသတင်းဖော်ပြမှုများအရ သိရသည်။
စစ်မက်ဖြစ်ပွားခြင်းသည် ကိုရီးယားကျွန်းဆွယ်ကို ပျက်စီးစေပြီး မြောက်ကိုရီးယားအစိုးရအနေဖြင့် တောင်ကိုရီးယားအပေါ် နိုင်ငံ၏ အဓိကရန်သူ အဖြစ် ရှုမြင်ထားခြင်းမရှိသည့်အပြင် စစ်ပွဲဖြစ်ပွားခြင်းကို ဆန့်ကျင်ကြောင်း ကင်ယိုဂျုံက ဆက်လက် ပြောဆိုသည်။
တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံရန် ရွေးချယ်မည်ဆိုပါက မြောက်ကိုရီးယား နျူကလီးယား တိုက်ခိုက်ရေး တပ်ဖွဲ့သည် ၎င်းတို့၏တာဝန်ကို မဖြစ်မနေ ထမ်းဆောင် ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြ သည်။
တောင်ကိုရီးယားနိုင်ငံသည် ယခုအခါ အမျိုးမျိုးသော ဒုံးကျည်များကို ပိုင်ဆိုင်ထားပြီး ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ ပိုမိုကောင်းမွန်၍ ပစ်မှတ်ကိုတိကျစွာ ပစ်ခတ်နိုင်စွမ်းရှိသောကြောင့် မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ မည်သည့်ပစ်မှတ်မျိုးကိုမဆို အလျင်အမြန်နှင့် တိကျစွာ ပစ်ခတ်နိုင်ပြီဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆူဝုခ်က ဧပြီ ၁ ရက်တွင် ပြောဆိုပြီးနောက်ပိုင်းတွင် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားအပေါ် တိုက်ခိုက်နိုင်စွမ်းရှိသည် ဟူသော တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်ကို မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ခဲ့သည့်အပြင် တောင်ကိုရီးယား အနေဖြင့် အန္တရာယ်ရှိသည့် စစ်ရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ပါက တောင်ကိုရီးယား၏ အဓိကပစ်မှတ်များကို ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားက အစောပိုင်းတွင် တုံ့ပြန်သတိပေးထားသည်။
ထို့ပြင် မြောက်ကိုရီးယား၏ နျူကလီးယား တပ်ဖွဲ့များသည် အဓိကအားဖြင့် ကာကွယ်တားဆီးရေး အတွက်သာဖြစ်ကြောင်း၊ သို့သော် ယင်းတပ်ဖွဲ့များသည် ရန်သူတပ်များအား တစ်ကြိမ်တည်း တိုက် ခိုက်ခြင်းအားဖြင့် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်ဟု ကင်ယိုဂျုံက ဆက်လက် သတိပေးပြောဆိုသည်။
ထို့ပြင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်များသည် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ကိုရီးယားကျွန်းဆွယ်ပေါ် စစ်ရေးတင်းမာမှုကို ဆိုးရွားစေနိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံ က ထုတ်ပြန်ချက် တစ်စောင်တွင်ပြောဆိုကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။
#mhtnews

(Zawgyi)
“ေတာင္ကိုရီးယားကို ေျမာက္ကိုရီးယားနိုင္ငံက တစ္ပတ္အတြင္း ဒုတိယအႀကိမ္အျဖစ္ ထပ္မံသတိေပး”
ေျမာက္ကိုရီးယား နိုင္ငံအေပၚ ေတာင္ကိုရီးယားက တိုက္ခိုက္လာမည္ဆိုပါက ေျမာက္ကိုရီးယား အစိုးရအေနျဖင့္ န်ဴကလီးယား လက္နက္မ်ားကို အသုံးျပဳရန္ တြန႔္ဆုတ္ ေနမည္မဟုတ္ဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ယိုဂ်ဳံကတစ္ပတ္အတြင္း ဒုတိယအႀကိမ္အျဖစ္ ဧၿပီ ၅ ရက္တြင္ ထပ္မ သတိေပးလိုက္ေၾကာင္း နိုင္ငံတကာသတင္းေဖာ္ျပမႈမ်ားအရ သိရသည္။
စစ္မက္ျဖစ္ပြားျခင္းသည္ ကိုရီးယားကြၽန္းဆြယ္ကို ပ်က္စီးေစၿပီး ေျမာက္ကိုရီးယားအစိုးရအေနျဖင့္ ေတာင္ကိုရီးယားအေပၚ နိုင္ငံ၏ အဓိကရန္သူ အျဖစ္ ရႈျမင္ထားျခင္းမရွိသည့္အျပင္ စစ္ပြဲျဖစ္ပြားျခင္းကိုဆန႔္က်င္ေၾကာင္း ကင္ယိုဂ်ဳံက ဆက္လက္ ေျပာဆိုသည္။
ေတာင္ကိုရီးယားနိုင္ငံအေနျဖင့္ ေျမာက္ကိုရီးယားႏွင့္ စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံရန္ ေ႐ြးခ်ယ္မည္ဆိုပါက ေျမာက္ကိုရီးယား န်ဴကလီးယား တိုက္ခိုက္ေရး တပ္ဖြဲ႕သည္ ၎တို႔၏တာဝန္ကို မျဖစ္မေန ထမ္းေဆာင္ ရမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယား အစိုးရက ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ ေဖာ္ျပ သည္။
ေတာင္ကိုရီးယားနိုင္ငံသည္ ယခုအခါ အမ်ိဳးမ်ိဳးေသာ ဒုံးက်ည္မ်ားကို ပိုင္ဆိုင္ထားၿပီး ပစ္ခတ္နိုင္သည့္ အကြာအေဝးမွာ ပိုမိုေကာင္းမြန္၍ ပစ္မွတ္ကိုတိက်စြာ ပစ္ခတ္နိုင္စြမ္းရွိေသာေၾကာင့္ေျမာက္ကိုရီးယားနိုင္ငံအတြင္းရွိ မည္သည့္ပစ္မွတ္မ်ိဳးကိုမဆို အလ်င္အျမန္ႏွင့္ တိက်စြာ ပစ္ခတ္နိုင္ၿပီျဖစ္သည္ဟု ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး ဆူဝုခ္က ဧၿပီ ၁ ရက္တြင္ ေျပာဆိုၿပီးေနာက္ပိုင္းတြင္ ကိုရီးယား ႏွစ္နိုင္ငံၾကား တင္းမာမႈျမင့္တက္လာျခင္းျဖစ္သည္။
ေျမာက္ကိုရီးယားအေပၚတိုက္ခိုက္နိုင္စြမ္းရွိသည္ ဟူေသာ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး၏ ေျပာဆိုခ်က္ကို ေျမာက္ကိုရီးယားက ျပစ္တင္ေဝဖန္ခဲ့သည့္အျပင္ ေတာင္ကိုရီးယား အေနျဖင့္ အႏၱရာယ္ရွိသည့္စစ္ေရးလုပ္ေဆာင္ခ်က္မ်ားကို လုပ္ေဆာင္ပါက ေတာင္ကိုရီးယား၏ အဓိကပစ္မွတ္မ်ားကို ဖ်က္ဆီးပစ္မည္ဟု ေျမာက္ကိုရီးယားက အေစာပိုင္းတြင္ တုံ႕ျပန္သတိေပးထားသည္။
ထို႔ျပင္ေျမာက္ကိုရီးယား၏ န်ဴကလီးယား တပ္ဖြဲ႕မ်ားသည္ အဓိကအားျဖင့္ ကာကြယ္တားဆီးေရး အတြက္သာျဖစ္ေၾကာင္း၊ သို႔ေသာ္ ယင္းတပ္ဖြဲ႕မ်ားသည္ ရန္သူတပ္မ်ားအား တစ္ႀကိမ္တည္း တိုက္ ခိုက္ျခင္းအားျဖင့္ ဖ်က္ဆီးပစ္နိုင္စြမ္းရွိသည္ဟု ကင္ယိုဂ်ဳံက ဆက္လက္ သတိေပးေျပာဆိုသည္။
ထို႔ျပင္ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး၏ ေျပာဆိုခ်က္မ်ားသည္ ကိုရီးယားႏွစ္နိုင္ငံၾကား ဆက္ဆံေရးႏွင့္ ကိုရီးယားကြၽန္းဆြယ္ေပၚ စစ္ေရးတင္းမာမႈကို ဆိုး႐ြားေစနိုင္ေၾကာင္းေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္၏ ညီမျဖစ္သူ ကင္ယိုဂ်ဳံ က ထုတ္ျပန္ခ်က္ တစ္ေစာင္တြင္ေျပာဆိုေၾကာင္း နိုင္ငံပိုင္ KCNA သတင္းဌာနက ေဖာ္ျပထားသည္။
#mhtnews
Recent Comments