ဧပြီ ၂၃ ရက်က ရွှေ့ပြောင်းနေထိုင်သူ ၁၂၀ ဦးတင်ဆောင်ထားသည့် သင်္ဘော ၄ စင်းသည် တူနီးရှားနိုင်ငံအနီးရှိ ပင်လယ်ပြင်အတွင်း တိမ်းမှောက်ခဲ့ရာ အာဖရိကတိုက် နိုင်ငံများမှ လူ ၁၂ ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေကာ ကျန်ရှိ ၉၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။

ယင်းရွှေ့ပြောင်းနေထိုင်သူများသည် တူနီးရှားနိုင်ငံအရှေ့ပိုင်းဆိပ်ကမ်း Sfax မှ တစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အီတလီသို့ သွားရောက်ကြရန် စီစဉ်ထားကြောင်း တူနီးရှားကမ်းခြေစောင့်တပ် ဖွဲ့ဝင် ပြောကြားသည်။

သတင်းအချက်အလက်များအရ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနေထိုင်သူအချို့က ပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှုတို့မှ လွတ်မြောက်ရန် ဥရောပသို့ သွားရောက်ခြင်းဖြစ်ကာ Sfax ဆိပ်ကမ်းသည် ၎င်းတို့၏ တရားမဝင် ရွှေ့ပြောင်းမှုခရီးစဉ်၏ အဓိက စမှတ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 တူနီးရှားပြည်ထဲရေး ဝန်ကြီးဌာန၏ ယခုသတင်းပတ်အတွင်း ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်တွင် တူနီးရှားနိုင်ငံအနီးရှိ ပင်လယ်ပြင်၌ ဖမ်းဆီးရမိသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်ရန်ကြိုးပမ်းသူ ၂၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

မကြာသေးမီလများအတွင်း တူနီးရှားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ လစ်ဗျာမှ စတင်ထွက်ခွာကာ အီတလီသို့ သွားရောက်သည့် တရားမဝင် ရွှေ့ပြောင်းသူများတင်ဆောင်ထားသော သင်္ဘောအများအပြားရှိခဲ့ပြီး တူနီးရှားကမ်းလွန်တွင် ရေနစ်သေဆုံးသူ အများအပြားရှိခဲ့သည်ဟုဆိုသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၄၃,၀၀၀ ကျော်သည် အီတလီသို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ရွှေ့ပြောင်းသူ အရေအတွက် ၉၅,၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးလာကြောင်း သိရသည်။

#mhtnews

(Zawgyi)

“တူနီးရွားပင္လယ္ျပင္အတြင္း တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား လိုက္ပါလာေသာ သေဘၤာ ၄ စင္း နစ္ျမဳပ္မႈေၾကာင့္ လူ ၁၂ ဦးေသဆုံး”

ဧၿပီ ၂၃ ရက္က ေ႐ႊ႕ေျပာင္းေနထိုင္သူ ၁၂၀ ဦးတင္ေဆာင္ထားသည့္ သေဘၤာ ၄ စင္းသည္ တူနီးရွားနိုင္ငံအနီးရွိ ပင္လယ္ျပင္အတြင္း တိမ္းေမွာက္ခဲ့ရာ အာဖရိကတိုက္ နိုင္ငံမ်ားမွ လူ ၁၂ ဦးေသဆုံးၿပီး ၁၀ ဦးေပ်ာက္ဆုံးေနကာ က်န္ရွိ ၉၈ ဦးကို ကယ္တင္နိုင္ခဲ့ေၾကာင္း တူနီးရွားကမ္းေျခေစာင့္တပ္ဖြဲ႕က အတည္ျပဳေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းက ေဖာ္ျပသည္။

ယင္းေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားသည္ တူနီးရွားနိုင္ငံအေရွ႕ပိုင္းဆိပ္ကမ္း Sfax မွ တစ္ဆင့္ ေျမထဲပင္လယ္ကို ျဖတ္ေက်ာ္ကာ အီတလီသို႔ သြားေရာက္ၾကရန္ စီစဥ္ထားေၾကာင္း တူနီးရွားကမ္းေျခေစာင့္တပ္ ဖြဲ႕ဝင္ ေျပာၾကားသည္။

သတင္းအခ်က္အလက္မ်ားအရ အာဖရိကႏွင့္ အေရွ႕အလယ္ပိုင္းေဒသေနထိုင္သူအခ်ိဳ႕က ပဋိပကၡႏွင့္ ဆင္းရဲႏြမ္းပါးမႈတို႔မွ လြတ္ေျမာက္ရန္ ဥေရာပသို႔ သြားေရာက္ျခင္းျဖစ္ကာ Sfax ဆိပ္ကမ္းသည္ ၎တို႔၏ တရားမဝင္ ေ႐ႊ႕ေျပာင္းမႈခရီးစဥ္၏ အဓိက စမွတ္ျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

 တူနီးရွားျပည္ထဲေရး ဝန္ႀကီးဌာန၏ ယခုသတင္းပတ္အတြင္း ထုတ္ျပန္ခ်က္အရ ၂၀၂၁ ခုႏွစ္တြင္ တူနီးရွားနိုင္ငံအနီးရွိ ပင္လယ္ျပင္၌ ဖမ္းဆီးရမိသည့္ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္ရန္ႀကိဳးပမ္းသူ ၂၀,၀၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

မၾကာေသးမီလမ်ားအတြင္း တူနီးရွားနိုင္ငံ၏ အိမ္နီးခ်င္းနိုင္ငံ လစ္ဗ်ာမွ စတင္ထြက္ခြာကာ အီတလီသို႔ သြားေရာက္သည့္ တရားမဝင္ ေ႐ႊ႕ေျပာင္းသူမ်ားတင္ေဆာင္ထားေသာ သေဘၤာအမ်ားအျပားရွိခဲ့ၿပီး တူနီးရွားကမ္းလြန္တြင္ ေရနစ္ေသဆုံးသူ အမ်ားအျပားရွိခဲ့သည္ဟုဆိုသည္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး၏ အခ်က္အလက္မ်ားအရ ၂၀၂၁ ခုႏွစ္တြင္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၁၂၄၃,၀၀၀ ေက်ာ္သည္ အီတလီသို႔ ေရာက္ရွိခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္အတြင္း ေ႐ႊ႕ေျပာင္းသူ အေရအတြက္ ၉၅,၀၀၀ ေက်ာ္ႏွင့္ ႏွိုင္းယွဥ္ပါက သိသိသာသာ တိုးလာေၾကာင္း သိရသည္။

#mhtnews