တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲဒုတိယအကြိမ်အစည်းအဝေး ကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးအားမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာဘတရုတ်နိုင်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲ ဒုတိယအကြိမ်အစည်းအဝေးကိုမတ်လ၃၀ရက်ကဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံ ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊နယ်စပ်ဂိတ်များဖွင့်လှစ်မှု၊ စိုက်ပျိုးရေးထုတ်ကုန်များစစ်ဆေးမှု၊ အစားထိုးစိုက်ပျိုးမှုနှင့် တရုတ်နိုင်ငံသိုတင်ပိုမှု၊ကုန်သွယ်ရေးနှင့်စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေးစသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
တရုတ်-မြန်မာ ကုန်သွယ်ရေးက ကပ်ရောဂါကြောင့် အကျိုးသက်ရောက်မှုအားကျော်ဖြတ်ကာ ရရှိခဲ့သည့်အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး
နောက်တစ်ဆင့်လုပ်ငန်းလားရာကိုလည်းအတည်ပြုခဲ့သည့်အပြင် လုပ်ငန်းအဖွဲယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊နှစ်နိုင်ငံကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးအားမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#mhtnews
(Zawgyi)
“တရုတ်-မြန်မာ ကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့”
တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲ့ဒုတိယအကြိမ်အစည်းအဝေး ကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးအားမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာဘတရုတ်နိုင်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကိုမတ်လ၃၀ရက်ကဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံ ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊နယ်စပ်ဂိတ်များဖွင့်လှစ်မှု၊ စိုက်ပျိးရေးထုတ်ကုန်များစစ်ဆေးမှု၊ အစားထိုးစိုက်ပျိးမှုနှင့် တရုတ်နိုင်ငံသို့တင်ပို့မှု၊ကုန်သွယ်ရေးနှင့်စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေးစသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
တရုတ်-မြန်မာ ကုန်သွယ်ရေးက ကပ်ရောဂါကြောင့် အကျိးသက်ရောက်မှုအားကျော်ဖြတ်ကာ ရရှိခဲ့သည့်အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး
နောက်တစ်ဆင့်လုပ်ငန်းလားရာကိုလည်းအတည်ပြုခဲ့သည့်အပြင် လုပ်ငန်းအဖွဲ့ယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊နှစ်နိုင်ငံကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးအားမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#mhtnews
Recent Comments