တရုတ်-မြန်မာပုဂ္ဂလိကမီဒီယာများ၏ ဗီဒီယိုဇာတ်လမ်းတို ရိုက်ကူးမှုပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို China Media Group (CMG) မှ ကြီးမှူးကာ ဧပြီလ ၈ ရက်နေ့တွင် အွန်လိုင်းမှ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲသို့ CMG မြန်မာဘာသာစကားပြောသတင်းထောက်များ၊ မြန်မာနိုင်ငံမှ အထင်ကရ ရုပ်မြင်သံကြားဌာနမှ မီဒီယာသမားများ၊ မြန်မာနိုင်ငံရှိ ကိုယ်ပိုင်မီဒီယာထုတ်လုပ်ရေးအဖွဲ့နှင့် ဗီဒီယိုဇာတ်လမ်းတိုရိုက်ကူးဝါသနာရှင် စုစုပေါင်း ၅၀၀ ကျော်နှင့်အတူ New media ခေတ် လူမှုကွန်ရက် ဗီဒီယိုဇာတ်လမ်းတိုအစီအစဉ်များ ရိုက်ကူးထုတ်လုပ်မှု နှင့်ပတ်သက်၍ အွန်လိုင်းတွင် နှီးနှောဖလှယ်ကြသည်။

နှီးနှောဖလှယ်စဉ်အတွင်း မြန်မာနိုင်ငံအခြေစိုက် CMG သတင်းထောက်မှ CMG ၏ New media ကော်လံဖြစ်သော “တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်” ၏ အရည်အသွေးမြင့် ဗီဒီယိုဇာတ်လမ်းတိုများကို မျှဝေပြီး အစီအစဉ် ရေးဆွဲခြင်း၊ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း စသည့် ထုတ်လုပ်မှုအတွေ့အကြုံများကို မျှဝေခဲ့သည်။ CMG မှ ထုတ်လွှင်ခဲ့သည့် “တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်” ကော်လံသည် စတင်ထုတ်လွှင့်သည့် ဗီဒီယိုဇာတ်လမ်းတိုအစီအစဉ်ကို နှစ်နှစ်တာအတွင်း အပိုင်း ၁၆၀ ကျော် ထုတ်လွှင့်ခဲ့ပြီး အပိုင်းတစ်ပိုင်းလျှင် ပျမ်းမျှကြည့်ရှုနှုန်း ၁ သိန်းကျော်ရှိကာ မြန်မာအွန်လိုင်းပရိသတ်အများအပြား၏ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပြီး တရုတ်-မြန်မာပြည်သူများအကြား နားလည်မှုနှင့် နှီးနှောဖလှယ်မှုကို တိုးပွားစေခဲ့သည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို တက်ရောက်ကြသည့် နှစ်နိုင်ငံမှ ဗီယိုဇာတ်လမ်းတိုဖန်တီးသူများက တရုတ်-မြန်မာနှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေပြီး ယဉ်ကျေးမှုချင်း ယှက်နွယ်နေကြောင်း၊ နှစ်နိုင်ငံစလုံးရှိ New media ပလက်ဖောင်းနှင့် အသုံးပြုမှုအလေ့အထတို့မှာ အနည်းငယ်ကွဲပြားသော်လည်း ဗီဒီယိုဇာတ်လမ်းတိုများသည် နှစ်နိုင်ငံလူငယ်များအကြား အပြန်အလှန်နားလည်မှု ရရှိစေသည့် အရေးပါလမ်းကြောင်းနှင့် နှီးနှောဖလှယ်မှုပုံစံ ဖြစ်ကြောင်း၊ တရုတ်ယဉ်ကျေးမှုဗီဒီယိုဇာတ်လမ်းတိုအချို့သည် မြန်မာနိုင်ငံ လူမှုကွန်ရက်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး ခံစားချက်များ ကျယ်ကျယ်ပြန့်ပြန့် တူညီခဲ့ရာ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ လူမှုရေး၊ သိပ္ပံနည်းပညာ၊ စီးပွားရေး စသည့် နယ်ပယ်များစွာ၌ နားလည်မှုနှင့် တိုးတက်မှုများ နက်ရှိုင်းလာစေရန် အားဖြည့်ပေးကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“တ႐ုတ္-ျမန္မာပုဂၢလိကမီဒီယာမ်ား၏ ဗီဒီယိုဇာတ္လမ္းတို ရိုက္ကူးမႈပညာရပ္ဆိုင္ရာ ႏွီးႏွောဖလွယ္ပြဲ အြန္လိုင္းမွ က်င္းပ”

တ႐ုတ္-ျမန္မာပုဂၢလိကမီဒီယာမ်ား၏ ဗီဒီယိုဇာတ္လမ္းတို ရိုက္ကူးမႈပညာရပ္ဆိုင္ရာ ႏွီးႏွော ဖလွယ္ပြဲကို China Media Group (CMG) မွ ႀကီးမႉးကာ ဧၿပီလ ၈ ရက္ေန႕တြင္ အြန္လိုင္းမွ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါပညာရပ္ဆိုင္ရာ ႏွီးႏွော ဖလွယ္ပြဲသို႔ CMG ျမန္မာဘာသာစကားေျပာသတင္းေထာက္မ်ား၊ ျမန္မာနိုင္ငံမွ အထင္ကရ ႐ုပ္ျမင္သံၾကားဌာနမွ မီဒီယာသမားမ်ား၊ ျမန္မာနိုင္ငံရွိ ကိုယ္ပိုင္မီဒီယာထုတ္လုပ္ေရးအဖြဲ႕ႏွင့္ ဗီဒီယိုဇာတ္လမ္းတိုရိုက္ကူးဝါသနာရွင္ စုစုေပါင္း ၅၀၀ ေက်ာ္ႏွင့္အတူ New media ေခတ္ လူမႈကြန္ရက္ ဗီဒီယိုဇာတ္လမ္းတိုအစီအစဥ္မ်ား ရိုက္ကူးထုတ္လုပ္မႈ ႏွင့္ပတ္သက္၍ အြန္လိုင္းတြင္ ႏွီးႏွောဖလွယ္ၾကသည္။

ႏွီးႏွောဖလွယ္စဥ္အတြင္း ျမန္မာနိုင္ငံအေျခစိုက္ CMG သတင္းေထာက္မွ CMG ၏ New media ေကာ္လံျဖစ္ေသာ တ႐ုတ္-ျမန္မာ ယဥ္ေက်းမႈခရီးသြားႏွစ္ ၏ အရည္အေသြးျမင့္ ဗီဒီယိုဇာတ္လမ္းတိုမ်ားကို မွ်ေဝၿပီး အစီအစဥ္ ေရးဆြဲျခင္း၊ ရိုက္ကူးျခင္း၊ တည္းျဖတ္ျခင္း စသည့္ ထုတ္လုပ္မႈအေတြ႕အႀကဳံမ်ားကို မွ်ေဝခဲ့သည္။ CMG မွ ထုတ္လႊင္ခဲ့သည့္ တ႐ုတ္-ျမန္မာ ယဥ္ေက်းမႈခရီးသြားႏွစ္ ေကာ္လံသည္ စတင္ထုတ္လႊင့္သည့္ ဗီဒီယိုဇာတ္လမ္းတိုအစီအစဥ္ကို ႏွစ္ႏွစ္တာအတြင္း အပိုင္း ၁၆၀ ေက်ာ္ ထုတ္လႊင့္ခဲ့ၿပီး အပိုင္းတစ္ပိုင္းလွ်င္ ပ်မ္းမွ်ၾကည့္ရႈႏႈန္း ၁ သိန္းေက်ာ္ရွိကာ ျမန္မာအြန္လိုင္းပရိသတ္အမ်ားအျပား၏ ႀကိဳက္ႏွစ္သက္မႈကို ရရွိခဲ့ၿပီး တ႐ုတ္-ျမန္မာျပည္သူမ်ားအၾကား နားလည္မႈႏွင့္ ႏွီးႏွောဖလွယ္မႈကို တိုးပြားေစခဲ့သည္။

အဆိုပါႏွီးႏွောဖလွယ္ပြဲကို တက္ေရာက္ၾကသည့္ ႏွစ္နိုင္ငံမွ ဗီယိုဇာတ္လမ္းတိုဖန္တီးသူမ်ားက တ႐ုတ္-ျမန္မာႏွစ္နိုင္ငံသည္ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး ယဥ္ေက်းမႈခ်င္း ယွက္ႏြယ္ေနေၾကာင္း၊ ႏွစ္နိုင္ငံစလုံးရွိ New media ပလက္ေဖာင္းႏွင့္ အသုံးျပဳမႈအေလ့အထတို႔မွာ အနည္းငယ္ကြဲျပားေသာ္လည္း ဗီဒီယိုဇာတ္လမ္းတိုမ်ားသည္ ႏွစ္နိုင္ငံလူငယ္မ်ားအၾကား အျပန္အလွန္နားလည္မႈ ရရွိေစသည့္ အေရးပါလမ္းေၾကာင္းႏွင့္ ႏွီးႏွောဖလွယ္မႈပုံစံ ျဖစ္ေၾကာင္း၊ တ႐ုတ္ယဥ္ေက်းမႈဗီဒီယိုဇာတ္လမ္းတိုအခ်ိဳ႕သည္ ျမန္မာနိုင္ငံ လူမႈကြန္ရက္မီဒီယာတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ့ႏွံ႕ခဲ့ၿပီး ခံစားခ်က္မ်ား က်ယ္က်ယ္ျပန႔္ျပန႔္ တူညီခဲ့ရာ ႏွစ္နိုင္ငံ ယဥ္ေက်းမႈ၊ လူမႈေရး၊ သိပၸံနည္းပညာ၊ စီးပြားေရး စသည့္ နယ္ပယ္မ်ားစြာ၌ နားလည္မႈႏွင့္ တိုးတက္မႈမ်ား နက္ရွိုင္းလာေစရန္ အားျဖည့္ေပးေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

#mhtnews