
တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားသော အာကာသအစီအစဉ်၌ ယနေ့အထိ အာကာသ စခန်းတွင် အကြာဆုံးအဖြစ် ၆ လကြာနေထိုင်ခဲ့သည့် တရုတ် အာကာသယာဉ်မှူး ၃ ဦးသည် ဧပြီ ၁၆ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နိုင်ငံတကာသတင်းဖော်ပြများအရ သိရသည်။
ရှန်ကျိုး ၁၃ အာကာသ ကက်ပ်ဆူးသည် အတွင်းပိုင်းမွန်ဂိုလီးယား မြောက်ပိုင်းရှိ ဂိုဘီသဲကန္တရတွင် ဆင်းသက်လာခဲ့ခြင်းဖြစ်ကာ အဆိုပါ အာကာသခရီးစဉ်အတွင်း အာကာသယာဉ်မှူး ဝန်ယပင်းသည် တရုတ်အမျိုးသမီးတစ်ဦးအနေဖြင့် အာကာသတွင် လမ်းလျှောက်ခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ၎င်း၏ အဖေါ် အာကာသယာဉ်မှူးများဖြစ်သည့် ကျောင်ကျိဂန်နှင့် ရဲကောင်းဖုတို့က အထက်တန်းကျောင်းသားများအတွက် ရူပဗေဒ သင်ခန်းစာများကို အာကာသအတွင်းမှ ထုတ်လွှင့်ခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏ပထမဆုံး အာကာသယာဉ်မှူးကို အာကာသအတွင်းသို့ ၂၀၀၃ ခုနှစ်တွင် စေလွှတ်ခဲ့ပြီး လပေါ်သို့ စူးစမ်းလေ့လာရေးယာဉ်များကို ၂၀၁၃ ခုနှစ်တွင်လည်းကောင်း အင်္ဂါဂြိုလ်သို့ စူးစမ်းလေ့လာရေး ယာဉ်များကို လွန်ခဲ့သောနှစ်မတ်လတွင်လည်းကောင်း စေလွှတ်ခဲ့ကာ လပေါ်သို့ လူလိုက်ပါသည့် ခရီးစဉ်စေလွှတ်ရန် တရုတ်အရာရှိများ ဆွေးနွေးနေသည်ဟုဆိုသည်။
ယခုအာကာသယာဉ်မှူး ၃ ဦးတို့သည် တရုတ်အာကာသစခန်းဖြစ်သည့် တီယန်ကောင်း စခန်းသို့ သွားရောက်သည့် ဒုတိယအသုတ် အာကာသယာဉ်မှူးများဖြစ်ပြီး အဆိုပါအာကာသစခန်းကို နောက်ထပ်အစိတ်အပိုင်း ၂ ခုပေါင်းထည့်ပြီး ယခုနှစ်အတွင်း အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်ဟု သိရသော်လည်း ထိုအာကာသစခန်းသို့ နောက်တစ်ကြိမ်အာကာသယာဉ်မှူးများစေလွှတ်မည့် အချိန်ကို တရုတ်အာဏာပိုင်များ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
တရုတ်အာကာသအစီအစဉ်ကို အာဏာရ ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိန်းချုပ်ထားသောကြောင့် အမေရိကန်က စိတ်မသက်မသာဖြစ်နေသဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာ အာကာသစခန်းမှ ဖယ်ထုတ်ခံထားရသည်။
တရုတ်နိုင်ငံသည် ယခင်ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုပြီးလျှင် အာကာသအတွင်းသို့ အာကာသယာဉ်မှူးများ စေလွှတ်သည့် တတိယမြောက်နိုင်ငံဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“တ႐ုတ္အာကာသစခန္း ‘တီယန္ေကာင္း’ တြင္ ၆ လေနထိုင္ခဲ့ေသာ တ႐ုတ္အာကာသယာဥ္မႉး ၃ ဦး ကမၻာေျမသို႔ ျပန္ေရာက္ရွိ”
တ႐ုတ္နိုင္ငံ၏ ရည္မွန္းခ်က္ ႀကီးမားေသာ အာကာသအစီအစဥ္၌ ယေန႕အထိ အာကာသ စခန္းတြင္ အၾကာဆုံးအျဖစ္ ၆ လၾကာေနထိုင္ခဲ့သည့္ တ႐ုတ္ အာကာသယာဥ္မႉး ၃ ဦးသည္ ဧၿပီ ၁၆ ရက္တြင္ ကမၻာေျမသို႔ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း နိုင္ငံတကာသတင္းေဖာ္ျပမ်ားအရ သိရသည္။
ရွန္က်ိဳး ၁၃ အာကာသ ကက္ပ္ဆူးသည္ အတြင္းပိုင္းမြန္ဂိုလီးယား ေျမာက္ပိုင္းရွိ ဂိုဘီသဲကႏၱရတြင္ ဆင္းသက္လာခဲ့ျခင္းျဖစ္ကာ အဆိုပါ အာကာသခရီးစဥ္အတြင္း အာကာသယာဥ္မႉး ဝန္ယပင္းသည္ တ႐ုတ္အမ်ိဳးသမီးတစ္ဦးအေနျဖင့္ အာကာသတြင္ လမ္းေလွ်ာက္ျခင္းကို ပထမဆုံးအႀကိမ္ ျပဳလုပ္ခဲ့ၿပီး ၎၏ အေဖၚ အာကာသယာဥ္မႉးမ်ားျဖစ္သည့္ ေက်ာင္က်ိဂန္ႏွင့္ ရဲေကာင္းဖုတို႔က အထက္တန္းေက်ာင္းသားမ်ားအတြက္ ႐ူပေဗဒ သင္ခန္းစာမ်ားကို အာကာသအတြင္းမွ ထုတ္လႊင့္ခဲ့သည္။
တ႐ုတ္နိုင္ငံသည္ ၎၏ပထမဆုံး အာကာသယာဥ္မႉးကို အာကာသအတြင္းသို႔ ၂၀၀၃ ခုႏွစ္တြင္ ေစလႊတ္ခဲ့ၿပီး လေပၚသို႔ စူးစမ္းေလ့လာေရးယာဥ္မ်ားကို ၂၀၁၃ ခုႏွစ္တြင္လည္းေကာင္း အဂၤါၿဂိဳလ္သို႔ စူးစမ္းေလ့လာေရး ယာဥ္မ်ားကို လြန္ခဲ့ေသာႏွစ္မတ္လတြင္လည္းေကာင္း ေစလႊတ္ခဲ့ကာ လေပၚသို႔ လူလိုက္ပါသည့္ ခရီးစဥ္ေစလႊတ္ရန္ တ႐ုတ္အရာရွိမ်ား ေဆြးႏြေးေနသည္ဟုဆိုသည္။
ယခုအာကာသယာဥ္မႉး ၃ ဦးတို႔သည္ တ႐ုတ္အာကာသစခန္းျဖစ္သည့္ တီယန္ေကာင္း စခန္းသို႔ သြားေရာက္သည့္ ဒုတိယအသုတ္ အာကာသယာဥ္မႉးမ်ားျဖစ္ၿပီး အဆိုပါအာကာသစခန္းကို ေနာက္ထပ္အစိတ္အပိုင္း ၂ ခုေပါင္းထည့္ၿပီး ယခုႏွစ္အတြင္း အၿပီးတည္ေဆာက္ရန္ ရည္မွန္းထားသည္ဟု သိရေသာ္လည္း ထိုအာကာသစခန္းသို႔ ေနာက္တစ္ႀကိမ္အာကာသယာဥ္မႉးမ်ားေစလႊတ္မည့္ အခ်ိန္ကို တ႐ုတ္အာဏာပိုင္မ်ား ထုတ္ျပန္ေၾကညာျခင္း မရွိေသးေပ။
တ႐ုတ္အာကာသအစီအစဥ္ကို အာဏာရ ကြန္ျမဴနစ္ပါတီ၏ ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္က ထိန္းခ်ဳပ္ထားေသာေၾကာင့္ အေမရိကန္က စိတ္မသက္မသာျဖစ္ေနသျဖင့္ တ႐ုတ္နိုင္ငံသည္ နိုင္ငံတကာ အာကာသစခန္းမွ ဖယ္ထုတ္ခံထားရသည္။
တ႐ုတ္နိုင္ငံသည္ ယခင္ဆိုဗီယက္ယူနီယံႏွင့္ အေမရိကန္ျပည္ေထာင္စုၿပီးလွ်င္ အာကာသအတြင္းသို႔ အာကာသယာဥ္မႉးမ်ား ေစလႊတ္သည့္ တတိယေျမာက္နိုင္ငံျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments