တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုးချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုနှစ်စင်းကို ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။
Siwei 01 နှင့် 02 ဂြိုဟ်တုနှစ်စင်းကို ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၁၁ နာရီက Long March-2C သယ်ဆောင်ရေးဒုံးပျံနှင့်အတူ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုများသည် စစ်တမ်းကောက်ယူခြင်းနှင့် မြေပုံရေးဆွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအပြင် မြိုပြလုံခြုံရေးနှင့် ကျေးလက် ဒစ်ဂျစ်တယ် ဖွံဖြိုးတိုးတက်မှု အပါအဝင် စက်မှုလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းသုံး အဝေးထိန်းအာရုံခံစနစ်ပါဝင်သည့် အချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ယင်းသို ဂြိုဟ်တုလွှတ်တင်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၄၁၇ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“တရုတ်နိုင်ငံက Siwei 01 နှင့် 02 ဂြိုဟ်တုအသစ်နှစ်စင်း လွှတ်တင်”
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိးချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုနှစ်စင်းကို ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။
Siwei 01 နှင့် 02 ဂြိုဟ်တုနှစ်စင်းကို ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၁၁ နာရီက Long March-2C သယ်ဆောင်ရေးဒုံးပျံနှင့်အတူ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုများသည် စစ်တမ်းကောက်ယူခြင်းနှင့် မြေပုံရေးဆွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအပြင် မြို့ပြလုံခြုံရေးနှင့် ကျေးလက် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် စက်မှုလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းသုံး အဝေးထိန်းအာရုံခံစနစ်ပါဝင်သည့် အချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ယင်းသို့ ဂြိုဟ်တုလွှတ်တင်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၄၁၇ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments