တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော အလှကုန်ပစ္စည်းများ၊ ဖုန်းနှင့်ကွန်ပျူတာ အပိုပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၃၆၄၇၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်၌ ခရီးသည်ဝန်စည်များနှင့် ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အကောက်ခွန်မဲ့ အားဖြည့်အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း လိုင်စင်မဲ့ NISSAN WINGROD အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်းရှိ သစ်တော ကြိုးဝိုင်းများအတွင်း ကျွန်းသစ်နှင့်သစ်မာ ၆ ဒသမ ၅၆၇၂တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၀၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိသည့် အမှုတွဲစုစုပေါင်း ၆ မှုမှ ခန့်မှန်း တန်ဖိုးငွေကျပ် (၅၇၈၁၇၈၃၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#mhtnews

(Zawgyi)

“တရားမဝင္ကုန္သြယ္မႈမွ ၂ ရက္အတြင္း ေငြက်ပ္သိန္းေပါင္း ၅၇၀၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိ”

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ တားဆီးအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ ဧၿပီ ၉ ရက္တြင္ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ ျမန္မာစက္မႈဆိပ္ကမ္း ကုန္ေသတၱာစစ္ေဆးေရးစခန္း၌ ဆိပ္ကမ္းတာဝန္က် အေကာက္ခြန္ စစ္ေဆးေရးအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ သြင္းကုန္ေၾကညာလႊာ ID တြင္ ေၾကညာထားျခင္းမရွိေသာ အလွကုန္ပစၥည္းမ်ား၊ ဖုန္းႏွင့္ကြန္ပ်ဴတာ အပိုပစၥည္းမ်ား၊ ေမာ္ေတာ္ယာဥ္အပိုပစၥည္းမ်ား၊ အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ားႏွင့္ လုပ္ငန္းသုံးစက္ကိရိယာပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၅၇၃၆၄၇၅၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္လ်က္ ရွိသည္။

အလားတူ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ မရမ္းေခ်ာင္အၿမဲတမ္း စစ္ေဆးေရးစခန္း၌ တာဝန္က်ပဴးေပါင္းစစ္ေဆးေရးအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ဘားအံၿမိဳ႕မွ ရန္ကုန္သို႔ သြားေရာက္မည့္ ခရီးသည္တင္မွန္လုံယာဥ္တစ္စီးေပၚ၌ ခရီးသည္ဝန္စည္မ်ားႏွင့္ ေရာႏွောတင္ေဆာင္လာေသာ တရားဝင္စာ႐ြက္စာတမ္း အေထာက္ အထားတစ္စုံတစ္ရာ တင္ျပနိုင္ျခင္း မရွိသည့္ အေကာက္ခြန္မဲ့ အားျဖည့္အခ်ိဳရည္မ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၅၆၀၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

ထို႔အတူ ဧၿပီ ၁၀ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ ဦးေဆာင္ေသာ စစ္ေဆးေရးအဖြဲ႕က စစ္ေဆးမႈ မ်ား ေဆာင္႐ြက္ခဲ့ရာ စစ္ကိုင္းၿမိဳ႕နယ္အတြင္း လိုင္စင္မဲ့ NISSAN WINGROD အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၈၀၀၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး ပို႔ကုန္ သြင္းကုန္ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္လ်က္ရွိသည္။

ထို႔အျပင္ ပဲခူးတိုင္းေဒသႀကီး တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ သစ္ေတာဦးစီးဌာနဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ပဲခူးခရိုင္ႏွင့္ ေတာင္ငူခရိုင္အတြင္းရွိ သစ္ေတာ ႀကိဳးဝိုင္းမ်ားအတြင္း ကြၽန္းသစ္ႏွင့္သစ္မာ ၆ ဒသမ ၅၆၇၂တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၁၇၀၈၄၀)ကို ဖမ္းဆီးရမိခဲ့ၿပီး သစ္ေတာ ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ ဧၿပီ ၉ ရက္ႏွင့္ ၁၀ ရက္တို႔တြင္ ဖမ္းဆီးရမိသည့္ အမႈတြဲစုစုေပါင္း ၆ မႈမွ ခန႔္မွန္း တန္ဖိုးေငြက်ပ္ (၅၇၈၁၇၈၃၄၀) ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။