တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၃၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် TMT ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသော မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၆၄၈,၆၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)နှင့် ကိုက်ညီမှုမရှိသော အိမ်သုံးလျှပ်စစ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၅၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ် (၇ ဒသမ ၀၆၂၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၃၃,၇၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်တို့တွင် ဖမ်းဆီးရမိသည့် အမှုတွဲ စုစုပေါင်းမှာ (၅) မှုမှ ခန့်မှန်း တန်ဖိုးငွေကျပ် (၁၁၈,၉၂၂,၃၆၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#mhtnews

(Zawgyi)

“တရားမဝင္ကုန္သြယ္မႈမွ ၂ ရက္အတြင္း ေငြက်ပ္ သိန္း ၁၁၀၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိ”

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ တားဆီးအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ မတ္ ၃၁ ရက္တြင္ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ TMT ဆိပ္ကမ္းကုန္ေသတၱာစစ္ေဆး ေရးစခန္း၌ ဆိပ္ကမ္းတာဝန္က် အေကာက္ခြန္စစ္ေဆးေရးအဖြဲ႕မွ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ကိုက္ညီမႈမရွိေသာ ေမြးျမဴေရးလုပ္ငန္းသုံးေဆးဝါးပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၇၅,၆၄၈,၆၀၄) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္လ်က္ရွိသည္။

အလားတူ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ ျမန္မာ့စက္မႈဆိပ္ကမ္းကုန္ေသတၱာ စစ္ေဆးေရးစခန္း၌ စုံစမ္းစစ္ေဆးေရးႏွင့္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဌာနခြဲမွ စစ္ေဆးေရးအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ သြင္းကုန္ေၾကညာလႊာ (ID)ႏွင့္ ကိုက္ညီမႈမရွိေသာ အိမ္သုံးလွ်ပ္စစ္ ပစၥည္းမ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၁,၅၄၀,၀၀၀)ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္ဥပေဒႏွင့္ အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

ထို႔အတူ ဧၿပီ ၁ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူး အဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ သစ္ေတာဦးစီးဌာန ဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က စစ္ေဆး မႈမ်ား ေဆာင္႐ြက္ခဲ့ရာ ေတာင္ငူခရိုင္ ႏွင့္ သာယာဝတီခရိုင္မ်ားအတြင္း တရားမဝင္ ကြၽန္းသစ္ (၇ ဒသမ ၀၆၂၂) တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁,၇၃၃,၇၆၀)ကို ဖမ္းဆီးရမိခဲ့ၿပီး သစ္ေတာဥပေဒႏွင့္ အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ မတ္ ၃၁ ရက္ႏွင့္ ဧၿပီ ၁ ရက္တို႔တြင္ ဖမ္းဆီးရမိသည့္ အမႈတြဲ စုစုေပါင္းမွာ (၅) မႈမွ ခန႔္မွန္း တန္ဖိုးေငြက်ပ္ (၁၁၈,၉၂၂,၃၆၄) ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။

#mhtnews