တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးအရေးယူရာတွင် ကမ်းရိုးတန်းဒေသများ၌ ဖမ်းဆီးရမိမှု အားနည်းနေသည်ကို တွေ့ရကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင်ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)၌ ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးက တိုးတက်မှုတစ်ခုအနေဖြင့် ယခင်က တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိမှု မရှိခဲ့သည့် ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖမ်းဆီးရမိမှုများ ရှိလာသည်ကို တွေ့ရကြောင်း၊ နယ်စပ်ဒေသများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ကုန်းတွင်းပိုင်းတို့တွင် ပုံမှန်ဖမ်းဆီးရမိမှုများ ရှိနေသော်လည်း ကမ်းရိုးတန်းဒေသများ၌ ဖမ်းဆီးရမိမှု အားနည်းနေသည်ကို တွေ့ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အခက်အခဲများ တွေ့ကြုံရပါက ဦးဆောင်ကော်မတီသို့ တင်ပြကြရန်နှင့် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ဖမ်းဆီးရမိမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများအနေဖြင့် သတ်မှတ်ဆုကြေးများ မြန်မြန်ဆန်ဆန် ခွဲဝေထုတ်ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြကြောင်း၊ သတ်မှတ်ထားသည့် ဆုကြေး မြန်မြန်ဆန်ဆန် ခွဲဝေချီးမြှင့်မှုသည် တာဝန်ကျဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် စိတ်အားထက်သန်မှု ပိုမိုဖြစ်ပေါ်စေကြောင်း။

တရားမဝင်ကုန်ပစ္စည်းများကို တားဆီးစစ်ဆေးအရေးယူရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအပြင် တရားမဝင်ကုန်ပစ္စည်း တင်ဆောင်လာသည့် ယာဉ်များကိုလည်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရခြင်းများလည်းရှိကြောင်း၊ သို့သော် စနစ်တကျ ထိန်းသိမ်းခြင်းမရှိသည့်အတွက် ဖမ်းဆီးရမိ မော်တော်ဆိုင်ကယ်အများစုသည် သုံးစွဲ၍မရအောင် ပျက်စီးနေသည့်အတွက် များစွာဆုံးရှုံး နစ်နာကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

#mhtnews

(Zawgyi)

“တရားမဝင္ကုန္သြယ္မႈမ်ားကိုဖမ္းဆီးအေရးယူရာတြင္ ကမ္းရိုးတန္းေဒသမ်ား၌ ဖမ္းဆီးရမိမႈ အားနည္းေနသည္ကို ေတြ႕ရေၾကာင္း နစက ဒုတိယဥကၠ႒ေျပာၾကား”

တရားမဝင္ကုန္သြယ္မႈမ်ားကိုဖမ္းဆီးအေရးယူရာတြင္ ကမ္းရိုးတန္းေဒသမ်ား၌ ဖမ္းဆီးရမိမႈ အားနည္းေနသည္ကို ေတြ႕ရေၾကာင္း တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီဥကၠ႒၊ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ယမန္ေန႕တြင္ျပဳလုပ္သည့္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ လုပ္ငန္းညွိႏွိုင္းအစည္းအေဝး (၂/၂၀၂၂)၌ ေျပာၾကားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးက တိုးတက္မႈတစ္ခုအေနျဖင့္ ယခင္က တရားမဝင္ကုန္သြယ္မႈ ဖမ္းဆီးရမိမႈ မရွိခဲ့သည့္ ကခ်င္ျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ဖမ္းဆီးရမိမႈမ်ား ရွိလာသည္ကို ေတြ႕ရေၾကာင္း၊ နယ္စပ္ေဒသမ်ား၊ ေလဆိပ္မ်ား၊ ဆိပ္ကမ္းမ်ားႏွင့္ ကုန္းတြင္းပိုင္းတို႔တြင္ ပုံမွန္ဖမ္းဆီးရမိမႈမ်ား ရွိေနေသာ္လည္း ကမ္းရိုးတန္းေဒသမ်ား၌ ဖမ္းဆီးရမိမႈ အားနည္းေနသည္ကို ေတြ႕ရေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႕မ်ားႏွင့္ OSS ဌာနဆိုင္ရာ ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးတြင္ အခက္အခဲမ်ား ေတြ႕ႀကဳံရပါက ဦးေဆာင္ေကာ္မတီသို႔ တင္ျပၾကရန္ႏွင့္ လိုအပ္ေသာ ေပါင္းစပ္ညွိႏွိုင္းမႈမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း။

ဖမ္းဆီးရမိမႈမ်ားႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ရာ ဌာနမ်ားအေနျဖင့္ သတ္မွတ္ဆုေၾကးမ်ား ျမန္ျမန္ဆန္ဆန္ ခြဲေဝထုတ္ေပးနိုင္ေရး ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ေနၾကေၾကာင္း၊ သတ္မွတ္ထားသည့္ ဆုေၾကး ျမန္ျမန္ဆန္ဆန္ ခြဲေဝခ်ီးျမႇင့္မႈသည္ တာဝန္က်ဝန္ထမ္းမ်ားကို တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးတြင္ စိတ္အားထက္သန္မႈ ပိုမိုျဖစ္ေပၚေစေၾကာင္း။

တရားမဝင္ကုန္ပစၥည္းမ်ားကို တားဆီးစစ္ေဆးအေရးယူရာတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအျပင္ တရားမဝင္ကုန္ပစၥည္း တင္ေဆာင္လာသည့္ ယာဥ္မ်ားကိုလည္း ဥပေဒ၊ အမိန႔္၊ ၫႊန္ၾကားခ်က္၊ လုပ္ထုံးလုပ္နည္းႏွင့္အညီ အေရးယူၿပီး နိုင္ငံ့ဘ႑ာအျဖစ္ သိမ္းဆည္းရျခင္းမ်ားလည္းရွိေၾကာင္း၊ သို႔ေသာ္ စနစ္တက် ထိန္းသိမ္းျခင္းမရွိသည့္အတြက္ ဖမ္းဆီးရမိ ေမာ္ေတာ္ဆိုင္ကယ္အမ်ားစုသည္ သုံးစြဲ၍မရေအာင္ ပ်က္စီးေနသည့္အတြက္ မ်ားစြာဆုံးရႈံး နစ္နာေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရွိရပါသည္။

#mhtnews