
တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ပါရဂူဘွဲ့ ၄၇ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၃၇ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄ ဦး စုစုပေါင်း ၁၀၈ ဦး တို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် ပါမောက္ခချုပ်က အွန်လိုင်းစနစ်ဖြင့် ဘွဲ့ယူမည့် ပါရဂူဘွဲ့တစ်ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ ၅၆ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၄ ဦး စုစုပေါင်း ၆၁ ဦးတို့အား ဘွဲ့ချီးမြှင့်အပ်နှင်းကာ ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
တပ်မတော် ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၄၉၀၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့ အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၆၈ ဦး၊ ဆေးပညာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၆၉ ဦးတို့အား ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ လက်ရှိ ဆေးပညာ မဟာသိပ္ပံဘွဲ့လွန် အမှတ်စဉ် (၂၇)တွင် သင်တန်းသားအရာရှိ ၅၈ ဦး၊ အမှတ်စဉ် (၂၈)တွင် သင်တန်းသားအရာရှိ ၂၀၁ ဦး၊ အမှတ်စဉ် (၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး စုစုပေါင်း ဘွဲ့လွန်သင်တန်းသား အရာရှိ ၅၆၃ ဦး သင်တန်းတက်ရောက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

(Zawgyi)
“တပ္မေတာ္ေဆးတကၠသိုလ္၏ (၁၁)ႀကိမ္ေျမာက္ ဘြဲ႕လြန္ဘြဲ႕ႏွင္းသဘင္အခမ္းအနားက်င္းပ”
တပ္မေတာ္ေဆးတကၠသိုလ္၏ (၁၁)ႀကိမ္ေျမာက္ ဘြဲ႕လြန္ဘြဲ႕ႏွင္းသဘင္ အခမ္းအနားကို ယမန္ေန႕နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ က်င္းပရာ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ ေအာင္မင္းဦး၊ တပ္မေတာ္ ေဆးတကၠသိုလ္ပါေမာကၡခ်ဳပ္ဗိုလ္မႉးခ်ဳပ္ ခင္ေအာင္ထြန္း၊ တပ္မေတာ္ ေဆးတကၠသိုလ္မွ ပညာေရးအဖြဲ႕ဝင္မ်ား၊ ဘြဲ႕အပ္ႏွင္းခံရမည့္ အရာရွိႀကီးမ်ား၊ အရာရွိမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။
အစီအစဥ္အရ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး၊ ပါေမာကၡခ်ဳပ္ႏွင့္ ပညာေရးအဖြဲ႕ဝင္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမသို႔ ဝင္ေရာက္၍ သတ္မွတ္ေနရာမ်ားတြင္ ေနရာယူၾကၿပီးေနာက္ ျမန္မာ့ဆိုင္းတူရိယာအဖြဲ႕က နိုင္ငံေတာ္သီခ်င္း တီးမႈတ္ကာ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားကို ဖြင့္လွစ္သည္။ ထို႔ေနာက္ ပါေမာကၡခ်ဳပ္က ဘြဲ႕ႏွင္းသဘင္ က်င္းပေၾကာင္း ေၾကညာၿပီး ဘြဲ႕ယူမည့္သူမ်ားအား ကတိသစၥာခံယူေစျခင္း၊ ေမာ္ကြန္းထိန္းက ဘြဲ႕ယူမည့္သူမ်ားကို ပါေမာကၡခ်ဳပ္ထံသို႔ ပို႔ေဆာင္ျခင္းတို႔ကို အစီအစဥ္အတိုင္း ေဆာင္႐ြက္ၾကသည္။
ဆက္လက္၍ ပါေမာကၡခ်ဳပ္က ပါရဂူဘြဲ႕ ၄၇ ဦး၊ ေဆးပညာမဟာသိပၸံဘြဲ႕ ၃၇ ဦး၊ ေဆးပညာသင္ၾကားေရး ဘြဲ႕လြန္ဒီပလိုမာဘြဲ႕ ၂၄ ဦး စုစုေပါင္း ၁၀၈ ဦး တို႔အား ဘြဲ႕လက္မွတ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းသည္။
ထို႔ေနာက္ ပါေမာကၡခ်ဳပ္က အြန္လိုင္းစနစ္ျဖင့္ ဘြဲ႕ယူမည့္ ပါရဂူဘြဲ႕တစ္ဦး၊ ေဆးပညာ မဟာသိပၸံဘြဲ႕ ၅၆ ဦး၊ ေဆးပညာသင္ၾကားေရး ဘြဲ႕လြန္ဒီပလိုမာဘြဲ႕ ၄ ဦး စုစုေပါင္း ၆၁ ဦးတို႔အား ဘြဲ႕ခ်ီးျမႇင့္အပ္ႏွင္းကာ ဘြဲ႕ရသူမ်ားအား ဘြဲ႕မ်ားႏွင့္ေလ်ာ္ညီေသာ အေဆာင္အေယာင္ အမွတ္လကၡဏာျဖစ္သည့္ ဝတ္႐ုံမ်ားကို ဝတ္ဆင္ခြင့္ျပဳခဲ့ၿပီး ဘြဲ႕ႏွင္းသဘင္ မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးသည္။
ယင္းေနာက္ ေက်ာင္းအုပ္ႀကီးက ဘြဲ႕ႏွင္းသဘင္ မိန႔္ခြန္းေျပာၾကားၿပီးေနာက္ အခမ္းအနားကို ႐ုပ္သိမ္းေၾကာင္း ေၾကညာကာ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး၊ ပါေမာကၡခ်ဳပ္ႏွင့္ ပညာေရးအဖြဲ႕ဝင္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမမွ ျပန္လည္ထြက္ခြာသြားၾကသည္။
တပ္မေတာ္ ေဆးတကၠသိုလ္အေနျဖင့္ ယေန႕အခ်ိန္အထိ ေဆးပညာမဟာသိပၸံဘြဲ႕ ၂၄၉၀၊ ေဆးလက္ေတြ႕ႏွင့္ ေဆးလက္ေတြ႕ အေျခခံပါရဂူဘြဲ႕ ၂၀၇ ဦး၊ ေဆးပညာ သင္ၾကားေရး ဘြဲ႕လြန္ဒီပလိုမာဘြဲ႕ ၂၆၈ ဦး၊ ေဆးပညာ ဘြဲ႕လြန္ဒီပလိုမာဘြဲ႕ ၂၆၉ ဦးတို႔အား ဘြဲ႕မ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီးျဖစ္သည္။ လက္ရွိ ေဆးပညာ မဟာသိပၸံဘြဲ႕လြန္ အမွတ္စဥ္ (၂၇)တြင္ သင္တန္းသားအရာရွိ ၅၈ ဦး၊ အမွတ္စဥ္ (၂၈)တြင္ သင္တန္းသားအရာရွိ ၂၀၁ ဦး၊ အမွတ္စဥ္ (၂၉)တြင္ သင္တန္းသားအရာရွိ ၃၀၄ ဦး စုစုေပါင္း ဘြဲ႕လြန္သင္တန္းသား အရာရွိ ၅၆၃ ဦး သင္တန္းတက္ေရာက္ေနဆဲျဖစ္ေၾကာင္း သတင္းရရွိသည္။
Recent Comments