တနင်္သာတိုင်းဒေသကြီး၊ တနင်္သာရီမြိုနယ်၊ သဘောလိပ်ကျေးရွာအနီးရှိ ခဲသတ္ထုရှာဖွေရေး မိုင်းတွင်းတစ်ခု၌ ဧပြီ ၁ ရက် ညနေပိုင်းတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လုပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အဆိုပါ သဘောလိပ်ကျေးရွာအနီးရှိ ခဲသတ္ထုမိုင်းတွင်းများသည် အလားတူဖြစ်စဥ်မျိုး ယခင်က မဖြစ်ခဲ့ဖူးဘဲ မိုးရွာသွန်းမှုများချိန်၌ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးလုပ်ကိုင်ခြင်းများ နည်းပါးသဖြင့် အခုလို မိုင်းလုပ်သားများ သေဆုံးရခြင်းဖြစ်ကြောင်း တနင်္သာရီမြိုခံများက ပြောဆိုသည်။
သေဆုံးသူ မိုင်းလုပ်သား ၅ ဦးသည် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြိုနယ်မှ လာရောက် အလုပ် လုပ်ကိုင်နေကြသူများဖြစ်ကြောင်းနှင့် ၎င်းဖြစ်စဥ်အပေါ် တနင်္သာရီမြိုမရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“တနင်္သာရီမြို့နယ်၌ ခဲသတ္ထုမိုင်းတွင်း မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လုပ်သား ၅ ဦးသေဆုံး”
တနင်္သာတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သဘောလိပ်ကျေးရွာအနီးရှိ ခဲသတ္ထုရှာဖွေရေး မိုင်းတွင်းတစ်ခု၌ ဧပြီ ၁ ရက် ညနေပိုင်းတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လုပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အဆိုပါ သဘောလိပ်ကျေးရွာအနီးရှိ ခဲသတ္ထုမိုင်းတွင်းများသည် အလားတူဖြစ်စဉ်မျိး ယခင်က မဖြစ်ခဲ့ဖူးဘဲ မိုးရွာသွန်းမှုများချိန်၌ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးလုပ်ကိုင်ခြင်းများ နည်းပါးသဖြင့် အခုလို မိုင်းလုပ်သားများ သေဆုံးရခြင်းဖြစ်ကြောင်း တနင်္သာရီမြို့ခံများက ပြောဆိုသည်။
သေဆုံးသူ မိုင်းလုပ်သား ၅ ဦးသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှ လာရောက် အလုပ် လုပ်ကိုင်နေကြသူများဖြစ်ကြောင်းနှင့် ၎င်းဖြစ်စဉ်အပေါ် တနင်္သာရီမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments