
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်များနှင့်ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၏ ဘွဲ့ကြို၊ဘွဲ့လွန်သင်တန်းများအား မေ ၁၂ ရက်၌စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာခဲ့သည်။
ထိုသို့ ဖွင့်လှစ်ရာတွင် အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်၊ဒုတိယနှစ်တတိယနှစ်နှင့်ဂုဏ်ထူးတန်း (ပထမနှစ်)သင်တန်းများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများ၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများ (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ) အား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
ထို့အပြင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများ၌ တက်ရောက်မည့်သူများအား ဧပြီ ၁၈ ရက်မှစတင်၍ ကျောင်းအပ်လက်ခံလျှက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်များနှင့်ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို မေ ၁၂ ရက်၌စတင်ဖွင့်လှစ်မည်”
#mhtnews
Recent Comments