အမေရိကန်ရှိ ဆေးရုံတစ်ရုံတွင် အလုပ်လုပ်သော ကျန်းမာရေးလုပ်သား တစ်ဦးသည် ပျမ်းမျှ လုပ်သားတစ်ဦးထက် အကြမ်းဖက်မှုကို ခံစားရနိုင်ချေ ၆ ဆ ပိုများကြောင်း အလုပ်သမားစာရင်းအင်း ဗြူရိုက ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

ထို့နောက် ဘိုးဘွားရိပ်သာများနှင့် အများပြည်သူစောင့်ရှောက်ရေး ဂေဟာများတွင် အလုပ်လုပ်သူများအတွက်မူ ၁၀ ဆ ပိုများပြီး အလုပ်သမား ၁သောင်းလျှင် ၂၁ ဦးခန့်သည် အသက်အန္တရာယ်မစိုးရိမ်ရသော ဒဏ်ရာများ ရကြသည်ဟု ၎င်းဗြူရိုကဆိုသည်။

အမေရိကန်နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဝန်ဆောင်မှု နယ်ပယ်များသည် လုပ်ငန်းခွင်တွင်း အကြမ်းဖက်မှု အမြင့်ဆုံးဖြစ်ပြီး ထိုပြဿနာသည် ကပ်ရောဂါကြောင့် ပိုမိုဆိုးဝါးလာခဲ့သည်ဟု သိရသည်။

သူနာပြုများ၏ အကြီးဆုံးအဖွဲ့အစည်းဖြစ်သော အမျိုးသားသူနာပြုများသမဂ္ဂ က ဧပြီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သော စစ်တမ်းအရ ၄၈ ရာခိုင်နှုန်းသော ဆေးရုံသူနာပြုများသည် လုပ်ငန်းခွင် အတွင်း အကြမ်းဖက်မှုများ တိုးမြင့်လာခြင်းကို ကြုံတွေ့ရသည်ဟု ဆိုသည်။

ထိုပမာဏသည် ၂၀၂၁ ခုနှစ် မတ်လတွင် ၂၁ ရာခိုင်နှုန်းရှိပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ကာ ယခုအခါတွင် ၅၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ မတ်လ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ တစ်နှစ်တာ တိုးမြင့်နှုန်းသည် ၁၁၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားစာရင်းအင်း ဗြူရို၏ အချက်အလက်များသည် အသက်အန္တရာယ်မထိခိုက်သော်လည်း အလုပ်မှ အနားယူရန်လိုအပ်သော ဒဏ်ရာများကိုသာ ထည့်တွက်ထားခြင်းဖြစ်ပြီး ကျန်းမာရေးလုပ်သားများအား နှုတ်ဖြင့် စော်ကားမှုများနှင့် အလုပ်မှ အနားယူရန်အထိမလိုအပ်သော ဒဏ်ရာအသေးစားများကို ထည့်တွက်ထားခြင်း မရှိပေ။

ဆေးရုံအတွင်း အချို့သော အကြမ်းဖက်မှုများသည် အသက်အန္တရာယ် စိုးရိမ်ရသည်အထိရှိခဲ့ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဝန်ဆောင်မှု နယ်ပယ်များအတွင်း၌ တစ်နှစ်လျှင် သေဆုံးသူသည် ပျမ်းမျှ ၂၀ ဦးခန့်ရှိကြောင်း ဗြူရို၏ အချက်အလက်များအရ သိရသည်။

သေဆုံးမှုများအနက် အများစုမှာ ဆွေမျိုးများ သို့မဟုတ် လက်တွဲဖော်၏ အိမ်တွင်းအကြမ်းဖက်မှုများကြောင့်ဖြစ်သော်လည်း လူနာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အခြားသော ဝန်ဆောင်မှုရယူသူများက သေဆုံးမှု ၆၂ ခုအတွက် တာဝန်ရှိပြီး အကြောင်းအရင်းမသိရသော သေဆုံးမှုများက ၃၁ ခု ရှိခဲ့သည်ဟုဆိုသည်။

ကပ်ရောဂါကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် အလုပ်လုပ်ရပြီး ဆေးရုံများ၌ အကြမ်းဖက်မှု မြင့်တက်လာခြင်းသည် သူနာပြုများ၏ စိတ်ကျန်းမာရေးကို များစွာထိခိုက်လျက်ရှိကာ အိုမီခရွန်လှိုင်းကြောင့် လုပ်ဖော်ကိုင်ဖက်များ နာမကျန်းဖြစ်ပြီး လုပ်သားအင်အား ပြတ်လပ်မှုများကြောင့် သူနာပြုများအတွက် ဝန်ပိုပိလာခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းများက သုံးသပ်ရေးသားဖော်ပြထားသည်။

အမျိုးသားသူနာပြုများသမဂ္ဂသည် သူနာပြုများ၏ စိတ်ကျန်းမာရေးအရ ဖိစီးမှုများကို လေ့လာခဲ့ပြီး အိမ်မပျော်ခြင်း၊ စိုးရိမ်စိတ်ကြီးမား ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့တွင် သိသာစွာ မြင့်တက်လာသည်ကို တွေ့ရကာ သူနာပြုများ၏ ထက်ဝက်ခန့်သည် အတွေ့အကြုံများကြောင့် စိတ်ဒဏ်ရာရကြပြီး ထိုပမာဏသည် ပြီးခဲ့သော ၆ လခန့်မှ ကိန်းကဏန်း၏ ၆၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

#mhtnews

(zawgyi)

“ေဆး႐ုံမ်ားသည္ အေမရိကန္၏ အၾကမ္းဖက္မႈမ်ားေသာ အလုပ္ခြင္မ်ားအနက္ တစ္ခုျဖစ္ေနေၾကာင္း စစ္တမ္းမ်ားက ေဖာ္ျပ”

အေမရိကန္ရွိ ေဆး႐ုံတစ္႐ုံတြင္ အလုပ္လုပ္ေသာ က်န္းမာေရးလုပ္သား တစ္ဦးသည္ ပ်မ္းမွ် လုပ္သားတစ္ဦးထက္ အၾကမ္းဖက္မႈကို ခံစားရနိုင္ေခ် ၆ ဆ ပိုမ်ားေၾကာင္း အလုပ္သမားစာရင္းအင္း ျဗဴရိုက ၂၀၁၈ ခုႏွစ္တြင္ ထုတ္ျပန္ခဲ့ေသာ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔ေနာက္ ဘိုးဘြားရိပ္သာမ်ားႏွင့္ အမ်ားျပည္သူေစာင့္ေရွာက္ေရး ေဂဟာမ်ားတြင္ အလုပ္လုပ္သူမ်ားအတြက္မူ ၁၀ ဆ ပိုမ်ားၿပီး အလုပ္သမား ၁ေသာင္းလွ်င္ ၂၁ ဦးခန႔္သည္ အသက္အႏၱရာယ္မစိုးရိမ္ရေသာ ဒဏ္ရာမ်ား ရၾကသည္ဟု ၎ျဗဴရိုကဆိုသည္။

အေမရိကန္နိုင္ငံတြင္ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ လူမႈဝန္ေဆာင္မႈ နယ္ပယ္မ်ားသည္ လုပ္ငန္းခြင္တြင္း အၾကမ္းဖက္မႈ အျမင့္ဆုံးျဖစ္ၿပီး ထိုျပႆနာသည္ ကပ္ေရာဂါေၾကာင့္ ပိုမိုဆိုးဝါးလာခဲ့သည္ဟု သိရသည္။

သူနာျပဳမ်ား၏ အႀကီးဆုံးအဖြဲ႕အစည္းျဖစ္ေသာ အမ်ိဳးသားသူနာျပဳမ်ားသမဂၢ က ဧၿပီလ ၁၄ ရက္ေန႕တြင္ ထုတ္ျပန္လိုက္ေသာ စစ္တမ္းအရ ၄၈ ရာခိုင္ႏႈန္းေသာ ေဆး႐ုံသူနာျပဳမ်ားသည္ လုပ္ငန္းခြင္ အတြင္း အၾကမ္းဖက္မႈမ်ား တိုးျမင့္လာျခင္းကို ႀကဳံေတြ႕ရသည္ဟု ဆိုသည္။

ထိုပမာဏသည္ ၂၀၂၁ ခုႏွစ္ မတ္လတြင္ ၂၁ ရာခိုင္ႏႈန္းရွိၿပီး ၂၀၂၁ ခုႏွစ္ စက္တင္ဘာလတြင္ ၃၀ ရာခိုင္ႏႈန္းအထိ ေရာက္ခဲ့ကာ ယခုအခါတြင္ ၅၀ ရာခိုင္ႏႈန္းနီးပါးအထိ ျမင့္တက္လာျခင္းျဖစ္ေၾကာင္းႏွင့္ ၂၀၂၁ ခုႏွစ္၊ မတ္လ မွ ၂၀၂၂ ခုႏွစ္၊ မတ္လအထိ တစ္ႏွစ္တာ တိုးျမင့္ႏႈန္းသည္ ၁၁၉ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားစာရင္းအင္း ျဗဴရို၏ အခ်က္အလက္မ်ားသည္ အသက္အႏၱရာယ္မထိခိုက္ေသာ္လည္း အလုပ္မွ အနားယူရန္လိုအပ္ေသာ ဒဏ္ရာမ်ားကိုသာ ထည့္တြက္ထားျခင္းျဖစ္ၿပီး က်န္းမာေရးလုပ္သားမ်ားအား ႏႈတ္ျဖင့္ ေစာ္ကားမႈမ်ားႏွင့္ အလုပ္မွ အနားယူရန္အထိမလိုအပ္ေသာ ဒဏ္ရာအေသးစားမ်ားကို ထည့္တြက္ထားျခင္း မရွိေပ။

ေဆး႐ုံအတြင္း အခ်ိဳ႕ေသာ အၾကမ္းဖက္မႈမ်ားသည္ အသက္အႏၱရာယ္ စိုးရိမ္ရသည္အထိရွိခဲ့ၿပီး ၂၀၁၁ ခုႏွစ္ မွ ၂၀၁၈ ခုႏွစ္အတြင္းတြင္ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ လူမႈဝန္ေဆာင္မႈ နယ္ပယ္မ်ားအတြင္း၌ တစ္ႏွစ္လွ်င္ ေသဆုံးသူသည္ ပ်မ္းမွ် ၂၀ ဦးခန႔္ရွိေၾကာင္း ျဗဴရို၏ အခ်က္အလက္မ်ားအရ သိရသည္။

ေသဆုံးမႈမ်ားအနက္ အမ်ားစုမွာ ေဆြမ်ိဳးမ်ား သို႔မဟုတ္ လက္တြဲေဖာ္၏ အိမ္တြင္းအၾကမ္းဖက္မႈမ်ားေၾကာင့္ျဖစ္ေသာ္လည္း လူနာမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ အျခားေသာ ဝန္ေဆာင္မႈရယူသူမ်ားက ေသဆုံးမႈ ၆၂ ခုအတြက္ တာဝန္ရွိၿပီး အေၾကာင္းအရင္းမသိရေသာ ေသဆုံးမႈမ်ားက ၃၁ ခု ရွိခဲ့သည္ဟုဆိုသည္။

ကပ္ေရာဂါကာလအတြင္း က်န္းမာေရးေစာင့္ေရွာက္မႈနယ္ပယ္တြင္ အလုပ္လုပ္ရၿပီး ေဆး႐ုံမ်ား၌ အၾကမ္းဖက္မႈ ျမင့္တက္လာျခင္းသည္ သူနာျပဳမ်ား၏ စိတ္က်န္းမာေရးကို မ်ားစြာထိခိုက္လ်က္ရွိကာ အိုမီခ႐ြန္လွိုင္းေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္မ်ား နာမက်န္းျဖစ္ၿပီး လုပ္သားအင္အား ျပတ္လပ္မႈမ်ားေၾကာင့္ သူနာျပဳမ်ားအတြက္ ဝန္ပိုပိလာျခင္းျဖစ္ေၾကာင္း နိုင္ငံတကာသတင္းမ်ားက သုံးသပ္ေရးသားေဖာ္ျပထားသည္။

အမ်ိဳးသားသူနာျပဳမ်ားသမဂၢသည္ သူနာျပဳမ်ား၏ စိတ္က်န္းမာေရးအရ ဖိစီးမႈမ်ားကို ေလ့လာခဲ့ၿပီး အိမ္မေပ်ာ္ျခင္း၊ စိုးရိမ္စိတ္ႀကီးမား ျခင္းႏွင့္ စိတ္ဓာတ္က်ျခင္းတို႔တြင္ သိသာစြာ ျမင့္တက္လာသည္ကို ေတြ႕ရကာ သူနာျပဳမ်ား၏ ထက္ဝက္ခန႔္သည္ အေတြ႕အႀကဳံမ်ားေၾကာင့္ စိတ္ဒဏ္ရာရၾကၿပီး ထိုပမာဏသည္ ၿပီးခဲ့ေသာ ၆ လခန႔္မွ ကိန္းကဏန္း၏ ၆၅ ရာခိုင္ႏႈန္း ျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

#mhtnews