မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို၌ ရိုးရာအစဥ်အလာမပျက်မိုးကြိုပွဲကို မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့ ယမန်နေ့ ညနေ ၄ နာရီက ဆင်ပေါင်ဝဲမြိုပေါ်ရပ်ကွက်များအတွင်း
စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း
သိရှိရသည်။

အဆိုပါ မိုးကြိုပွဲကို နှစ်စဉ်မပျက်ဆောင်ရွက်ခဲ့ကြသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် (၂)နှစ်ဆက်တိုက် ပြုလုပ်ရန်ပျက်ကွက်ခဲ့ပြီး ယခုအခါကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းခဲ့သဖြင့် ရိုးရာအစဥ်အလာမပျက်မိုးကြိုပွဲကို ယခုလိုစည်ကားသိုက်မြိုက်စွာပြန်လည်ကျင်းခြင်းဖြစ်သည်။

မိုးကြိုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိုးပေးမှန်ကန်ရေး၊ သီးနှံဖြစ်ထွန်းအောင်မြင်ရေး၊ မြိုဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြီးပွားတိုးတက်ရေးတိုကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကာ အမှတ် (၂)ရပ်ကွက်ရှိ တောင်သူလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများက နွားများကိုအလှဆင်၍ ထွန်များဖြင့် မြိုတွင်းသိုလှည့်လည်ခြင်း၊ရေပက်ခံကားများ၊
သုံးဘီးများဖြင့် ယခုလို စည်ကားသိုက်မြိုက်စွာ
လှည့်လည်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဉ်အလာမပျက်မိုးကြိုပွဲ ပြန်လည်ကျင်းပ”

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဉ်အလာမပျက်မိုးကြိုပွဲကို မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့ ယမန်နေ့ ညနေ ၄ နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်များအတွင်း
သိရှိရသည်။


မိုးကြိုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိုးပေးမှန်ကန်ရေး၊ သီးနှံဖြစ်ထွန်းအောင်မြင်ရေး၊ မြို့ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြီးပွားတိုးတက်ရေးတို့ကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကာ အမှတ် (၂)ရပ်ကွက်ရှိ တောင်သူလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများက နွားများကိုအလှဆင်၍ ထွန်များဖြင့် မြို့တွင်းသို့လှည့်လည်ခြင်း၊ရေပက်ခံကားများ၊
#mhtnews