အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အချို့ရှိ တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဧပြီလ ၁ ရက် ည ၁၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၆)ရှိ မုံရွာစီးပွားရေး တက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမားများက တက္ကသိုလ်၏အရှေ့ဘက်ကိုက်၃၀၀ ခန့် အကွာ လယ်ကွင်းများဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ  တက္ကသိုလ်ဝင်း အတွင်း ဗုံးသီးအချို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် ကျောင်းရှိ အဆောင် အမိုးသွပ်၊ မျက်နှာကျက်နှင့် ပြတင်းတံခါးမှန်များနှင့် မီးသီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်ဝင်းအတွင်း ဘောလုံးကွင်းအနီးရှိ အမှိုက်ပုံအတွင်း အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဘောလုံးကွင်း အနီးရှိ ကျောင်းဆောင်များမှ ပြတင်းတံခါးမှန်များ၊ တံခါးမကြီး မှန်များ စုစုပေါင်းတန်ဖိုး ၉၃၂၈၀၀၀ ကျပ်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့အတူ ညနေ ၄ နာရီ ၃၅ မိနစ်တွင်  မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ဆဲနှစ်ထပ်စာသင်ဆောင် အဆောက်အဦအနီးရှိ ရေမြောင်းအတွင်း၌ အကြမ်းဖက် သမားများက လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့၊ အင်ရောရပ်ကွက်နေ ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ဦးရိုမီယို(၃၇)နှစ် (ဘ)ဦးဇာမန်နှင့် ဦးတိန်ဇာလျန်(၄၃)နှစ် (ဘ) ဦးလယ်အုပ် တို့သည် ရေဇွာမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းတံခါးများ ပွင့်နေသဖြင့် သွားရောက်စစ်ဆေးစဉ် အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများဆောင်ရွက်ပေးလျက်ရှိသည်ကို မနာ လိုမရှုစိတ်များဖြင့် ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

(Zawgyi)

“စစ္ေရးပစ္မွတ္မဟုတ္သည့္ တကၠသိုလ္မ်ားႏွင့္ စာသင္ေက်ာင္းမ်ားအား PDF အမည္ခံအၾကမ္းဖက္သမားမ်ားက လက္လုပ္မိုင္း၊ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ဖ်က္ဆီး”

အနာဂတ္မ်ိဳးဆက္သစ္လူငယ္မ်ားႏွင့္Human Resources (HR)လူ႕စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပညာသင္ၾကားမႈမ်ားေဆာင္႐ြက္ေပးလ်က္ရွိရာၿမိဳ႕နယ္အခ်ိဳ႕ရွိတကၠသိုလ္မ်ားႏွင့္စာသင္ေက်ာင္းမ်ားအားPDFအမည္ခံအၾကမ္းဖက္သမားမ်ားကလက္လုပ္မိုင္း၊လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ပစ္ခတ္ဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ထိုသို႔အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ရာ ဧၿပီလ၁ရက္ည၁၂နာရီ၂၀မိနစ္တြင္စစ္ကိုင္းတိုင္းေဒသႀကီး၊မုံ႐ြာၿမိဳ႕နယ္၊နႏၵဝန္ရပ္ကြက္၊နယ္ေျမ(၆)ရွိမုံ႐ြာစီးပြားေရးတကၠသိုလ္အားPDFအမည္ခံအၾကမ္းဖက္သမားမ်ားကတကၠသိုလ္၏အေရွ႕ဘက္ကိုက္၃၀၀ခန႔္အကြာလယ္ကြင္းမ်ားဘက္မွေန၍လက္လုပ္စိန္ေျပာင္းျဖင့္၄ခ်က္ပစ္ခတ္ခဲ့ရာတကၠသိုလ္ဝင္းအတြင္းဗုံးသီးအခ်ိဳ႕က်ေရာက္ေပါက္ကြဲခဲ့ၿပီးေပါက္ကြဲမႈမ်ားေၾကာင့္ေက်ာင္းရွိအေဆာင္အမိုးသြပ္၊မ်က္ႏွာက်က္ႏွင့္ျပတင္းတံခါးမွန္မ်ားႏွင့္မီးသီးတို႔ထိခိုက္ပ်က္စီးခဲ့ၿပီးလူထိခိုက္မႈမရွိေၾကာင္းသိရသည္။

အလားတူဧၿပီလ၂ရက္ေန႕နံနက္၈နာရီ၄၅မိနစ္တြင္ကခ်င္ျပည္နယ္၊ဗန္းေမာ္ၿမိဳ႕၊နမ့္ဖားရပ္ကြက္ရွိဗန္းေမာ္တကၠသိုလ္ဝင္းအတြင္းေဘာလုံးကြင္းအနီးရွိအမွိုက္ပုံအတြင္းအၾကမ္းဖက္သမားမ်ားေထာင္ထားသည့္လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ေဘာလုံးကြင္းအနီးရွိေက်ာင္းေဆာင္မ်ားမွျပတင္းတံခါးမွန္မ်ား၊တံခါးမႀကီးမွန္မ်ားစုစုေပါင္းတန္ဖိုး၉၃၂၈၀၀၀က်ပ္ခန႔္ကြဲအက္ပ်က္စီးခဲ့ေၾကာင္းႏွင့္လူထိခိုက္မႈမရွိေၾကာင္းသိရသည္။

ထို႔အတူညေန၄နာရီ၃၅မိနစ္တြင္မေကြးတိုင္းေဒသႀကီး၊ေရစႀကိဳၿမိဳ႕၊အမွတ္(၈)ရပ္ကြက္ရွိအမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းဝင္းအတြင္း၌ေပါက္ကြဲမႈျဖစ္ပြားေၾကာင္းသတင္းအရလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကသြားေရာက္စစ္ေဆးခဲ့ရာအဆိုပါေက်ာင္းဝင္းအတြင္းရွိေဆာက္လုပ္ဆဲႏွစ္ထပ္စာသင္ေဆာင္အေဆာက္အဦအနီးရွိေရေျမာင္းအတြင္း၌အၾကမ္းဖက္သမားမ်ားကလက္လုပ္မိုင္းတစ္လုံးေဖာက္ခြဲထားသည္ကိုေတြ႕ရွိရၿပီးေပါက္ကြဲမႈေၾကာင့္လူႏွင့္အေဆာက္အဦထိခိုက္ပ်က္စီးမႈမရွိေၾကာင္းသိရသည္။

အလားတူညေန၄နာရီ၄၀မိနစ္တြင္ခ်င္းျပည္နယ္၊မတူပီၿမိဳ႕နယ္၊ေရဇြာၿမိဳ႕၊အင္ေရာရပ္ကြက္ေနဘာသာေရးေခါင္းေဆာင္မ်ားျဖစ္သည့္ဦးရိုမီယို(၃၇)ႏွစ္(ဘ)ဦးဇာမန္ႏွင့္ဦးတိန္ဇာလ်န္(၄၃)ႏွစ္(ဘ)ဦးလယ္အုပ္တို႔သည္ေရဇြာၿမိဳ႕၊ၿမိဳ႕မရပ္ကြက္ရွိအေျခခံပညာမူလတန္းေက်ာင္း၏ေက်ာင္းတံခါးမ်ားပြင့္ေနသျဖင့္သြားေရာက္စစ္ေဆးစဥ္အၾကမ္းဖက္သမားမ်ားေထာင္ထားသည့္လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့သျဖင့္၎တို႔၂ဦးတြင္မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီးေက်ာင္းအေဆာက္အဦထိခိုက္ပ်က္စီးမႈမရွိေၾကာင္းသိရသည္။

ထိုကဲ့သို႔အနာဂတ္မ်ိဳးဆက္သစ္လူငယ္မ်ားႏွင့္Human Resources (HR)လူ႕စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပညာသင္ၾကားမႈမ်ားေဆာင္႐ြက္ေပးလ်က္ရွိသည္ကိုမနာလိုမရႈစိတ္မ်ားျဖင့္ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ခဲ့သည့္အၾကမ္းဖက္သမားမ်ားအားစုံစမ္းေဖာ္ထုတ္၍ဥပေဒႏွင့္အညီထိေရာက္စြာအေရးယူနိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသတင္းရရွိသည္။