ရခိုင်ပြည်နယ် စစ်တွေမြိုတွင် သင်္ကြန်မဏ္ဍပ်များနှင့် ဘုရားရေသပ္ပာယ်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

စစ်တွေမြို၏ ဗဟိုမဏ္ဍပ်ကို ဦးဥတ္တမပန်းခြံရှေ့တွင်တည်ဆောက်လျက်ရှိပြီး မိဇံရပ်ကွက်၊ စာတိုက်ကြီးအနီး၊ ကမ်းနားလမ်းတိုအပါအဝင် မင်းဘာကြီးလမ်းတစ်လျှောက်ရှိ မဏ္ဍပ်ငယ်များကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို၌ ယခုနှစ်သင်္ကြန်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ကိုလည်း စစ်တွေစာတိုက်ကြီးအနီးမှ သုံးခွဆုံအထိ ပြုလုပ်သွားမည်ဖြစ်ပြီး တေးဂီတဖြေဖျော်ပွဲများကိုလည်း ထည့်သွင်းကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“စစ်တွေတွင် သင်္ကြန်မဏ္ဍပ်များနှင့် ဘုရားရေသပ္ပာယ်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိ”

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်မဏ္ဍပ်များနှင့် ဘုရားရေသပ္ပာယ်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

စစ်တွေမြို့၏ ဗဟိုမဏ္ဍပ်ကို ဦးဥတ္တမပန်းခြံရှေ့တွင်တည်ဆောက်လျက်ရှိပြီး မိဇံရပ်ကွက်၊ စာတိုက်ကြီးအနီး၊ ကမ်းနားလမ်းတို့အပါအဝင် မင်းဘာကြီးလမ်းတစ်လျှောက်ရှိ မဏ္ဍပ်ငယ်များကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့၌ ယခုနှစ်သင်္ကြန်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ကိုလည်း စစ်တွေစာတိုက်ကြီးအနီးမှ သုံးခွဆုံအထိ ပြုလုပ်သွားမည်ဖြစ်ပြီး တေးဂီတဖြေဖျော်ပွဲများကိုလည်း ထည့်သွင်းကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။
#mhtnews