စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ် ညောင်ငုတ်တိုကျေးရွာကို ဧပြီ ၆ ရက်နေ့တွင် PDF အင်အား (၅၀) ခန့်မှ ဝင်ရောက်မီးရှိဖျက်ဆီးကာ သေနတ်ဖြင့် ပစ်ခတ်နေကြောင်း သတင်းအရ လုံခြုံရေးပေါင်းတပ်ဖွဲမှ သွားရောက်ရှင်းခဲ့ရာ ညောင်ငုတ်တိုကျေးရွာအဝင်အရောက်၌ အကြမ်းသမားများတောင်ထားသော မိုင်း ၁၀ လုံးပေါက်ကွဲပြီး သေနက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံတပ်ဖွဲမှ ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့သည်။

ထိုမှတစ်ဆင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရာနောက်သို လိုက်လံရှင်းလင်းခဲ့ရာ ညောင်ငုတ်တိုရွာ၏ အရှေ့မြောက်ဘက်ရှိ သစ္စာရွှေဂူဘုန်းကြီးကျောင်းမှ ဦးစီးတည်ထောင်ထားသည့် မိဘမဲ့ဂေဟာသို ရောက်ရှိခဲ့ကာ အဆိုပါမိဘမဲ့ဂေဟာမှ ကလေးထိန်းဆရာမ ဒေါ်ဟေမာ သည် PDF အကြမ်းဖက်သမား၏ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနောက် အဆိုပါမိဘမဲ့ဂေဟာမှ ဆရာတော်၊ သံဃာတော်များနှင့် ဆရာ၊ ဆရာမများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတိုကို ကျည်ကာကား ၂ စီးဖြင့် သွားရောက်ကယ်ထုတ်ခဲ့ကြောင်းနှင့် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုကျေးရွာကို PDF အကြမ်းဖက်မှ မီးရှိ့ဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲ့နှင့် ထထိတွေမှုဖြစ်ပွားကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချိ့ ဒဏ်ရာရရှိပြီး မိဘမဲ့ဂေဟာမှ ဆရာမတစ်ဦး သေဆုံး”

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုကျေးရွာကို ဧပြီ ၆ ရက်နေ့တွင် PDF အင်အား (၅၀) ခန့်မှ ဝင်ရောက်မီးရှိ့ဖျက်ဆီးကာ သေနတ်ဖြင့် ပစ်ခတ်နေကြောင်း သတင်းအရ လုံခြုံရေးပေါင်းတပ်ဖွဲ့မှ သွားရောက်ရှင်းခဲ့ရာ ညောင်ငုတ်တိုကျေးရွာအဝင်အရောက်၌ အကြမ်းသမားများတောင်ထားသော မိုင်း ၁၀ လုံးပေါက်ကွဲပြီး သေနက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံတပ်ဖွဲ့မှ ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့သည်။

ထိုမှတစ်ဆင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရာနောက်သို့ လိုက်လံရှင်းလင်းခဲ့ရာ ညောင်ငုတ်တိုရွာ၏ အရှေ့မြောက်ဘက်ရှိ သစ္စာရွှေဂူဘုန်းကြီးကျောင်းမှ ဦးစီးတည်ထောင်ထားသည့် မိဘမဲ့ဂေဟာသို့ ရောက်ရှိခဲ့ကာ အဆိုပါမိဘမဲ့ဂေဟာမှ ကလေးထိန်းဆရာမ ဒေါ်ဟေမာ သည် PDF အကြမ်းဖက်သမား၏ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါမိဘမဲ့ဂေဟာမှ ဆရာတော်၊ သံဃာတော်များနှင့် ဆရာ၊ ဆရာမများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတို့ကို ကျည်ကာကား ၂ စီးဖြင့် သွားရောက်ကယ်ထုတ်ခဲ့ကြောင်းနှင့် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews