စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာမှာ PDF အကြမ်းဖက်အုပ်စုက တစ်ရက်အတွင်း နေအိမ် ၁၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

“ဖြစ်ပုံက ဒီလိုဗျ။ အဲဒီနေ့ (ဧပြီ ၂၃ ရက်) မနက်အစောပိုင်းမှာ တပ်မတော်စစ်ကြောင်းနဲ့တွေ့လာတဲ့ PDF တွေဟာ ဆုတ်ခွာထွက်ပြေးလာရင်း ရွာသာရွာကိုရောက်ရှိခဲ့တဲ့အချိန်မှာ နောက်ကလိုက်လာတဲ့ တပ်မတော်စစ်ကြောင်း ထပ်မလိုက်နိုင်အောင် ရွာကိုမီးရှို့လိုက်တာပါ။ စစ်ကြောင်းရောက်လာတဲ့အချိန်မှာ ရွာက တစ်ဝက်နီးပါးလောက် မီးလောင်နေပြီ။ အဲဒါနဲ့ စစ်ကြောင်းကလည်း ရှေ့ဆက်မလိုက်တော့ဘဲ သူတို့နိုင်သလောက် မီးဝိုင်းသတ်ပြီး အခုတော့ အဲဒီရွာထဲမှာ တပ်စွဲထားပါတယ်” လို့ ရွာသာရွာအနီးက ရွာသစ်ရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက MHT ကိုပြောပါတယ်။

ဧပြီ ၂၃ ရက်နေ့တစ်ရက်တည်းမှာ ခင်ဦးမြို့နယ်ထဲက ရွာသာရွာဆိုတဲ့ရွာမှာ PDF တွေ ဝင်လာပြီး မီးရှို့သွားတာ အိမ် ၆၅ လုံး မီးထဲပါသွားပြီးတော့ ချောင်းဦးမြို့နယ်ထဲက အင်းမဆိုတဲ့ ရွာမှာလည်း PDF တွေက အိမ်အလုံး ၇၀ ကို မီးရှို့သွားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီအနီးပတ်ဝန်းကျင်က ရွာတော်တော်များများဟာ PDF အကြမ်းဖက်တွေဖြစ်နေကြပြီး ရွာကိုစွန့်ခွာကာ တောထဲမှာပဲ နေထိုင်ကြသလို PDF ထဲမဝင်လိုတဲ့ ဒေသခံအချို့ကတော့ အဲဒီ PDF တွေရဲ့ရန်ကိုကြောက်ရလို့ လုံခြုံတဲ့နေရာတွေဆီ သွားရောက်ခိုလုံနေကြရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#mhtnews

==========================

(Zawgyi)

“စစ္ကိုင္းတိုင္းထဲက ႐ြာႏွစ္႐ြာမွာ PDF အၾကမ္းဖက္အုပ္စုက တစ္ရက္အတြင္း ေနအိမ္ ၁၃၅ လုံးကို မီးရွို႔ဖ်က္ဆီး”

စစ္ကိုင္းတိုင္းထဲက ႐ြာႏွစ္႐ြာမွာ PDF အၾကမ္းဖက္အုပ္စုက တစ္ရက္အတြင္း ေနအိမ္ ၁၃၅ လုံးကို မီးရွို႔ဖ်က္ဆီးခဲ့တယ္လို႔ ခင္ဦးေဒသခံတစ္ဦးက ေျပာပါတယ္။

“ျဖစ္ပုံက ဒီလိုဗ်။ အဲဒီေန႕ (ဧၿပီ ၂၃ ရက္) မနက္အေစာပိုင္းမွာ တပ္မေတာ္စစ္ေၾကာင္းနဲ႕ေတြ႕လာတဲ့ PDF ေတြဟာ ဆုတ္ခြာထြက္ေျပးလာရင္း ႐ြာသာ႐ြာကိုေရာက္ရွိခဲ့တဲ့အခ်ိန္မွာ ေနာက္ကလိုက္လာတဲ့ တပ္မေတာ္စစ္ေၾကာင္း ထပ္မလိုက္နိုင္ေအာင္ ႐ြာကိုမီးရွို႔လိုက္တာပါ။ စစ္ေၾကာင္းေရာက္လာတဲ့အခ်ိန္မွာ ႐ြာက တစ္ဝက္နီးပါးေလာက္ မီးေလာင္ေနၿပီ။ အဲဒါနဲ႕ စစ္ေၾကာင္းကလည္း ေရွ႕ဆက္မလိုက္ေတာ့ဘဲ သူတို႔နိုင္သေလာက္ မီးဝိုင္းသတ္ၿပီး အခုေတာ့ အဲဒီ႐ြာထဲမွာ တပ္စြဲထားပါတယ္” လို႔ ႐ြာသာ႐ြာအနီးက ႐ြာသစ္႐ြာမွာေနထိုင္တဲ့ ေဒသခံတစ္ဦးက MHT ကိုေျပာပါတယ္။

ဧၿပီ ၂၃ ရက္ေန႕တစ္ရက္တည္းမွာ ခင္ဦးၿမိဳ႕နယ္ထဲက ႐ြာသာ႐ြာဆိုတဲ့႐ြာမွာ PDF ေတြ ဝင္လာၿပီး မီးရွို႔သြားတာ အိမ္ ၆၅ လုံး မီးထဲပါသြားၿပီးေတာ့ ေခ်ာင္းဦးၿမိဳ႕နယ္ထဲက အင္းမဆိုတဲ့ ႐ြာမွာလည္း PDF ေတြက အိမ္အလုံး ၇၀ ကို မီးရွို႔သြားတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဲဒီအနီးပတ္ဝန္းက်င္က ႐ြာေတာ္ေတာ္မ်ားမ်ားဟာ PDF အၾကမ္းဖက္ေတြျဖစ္ေနၾကၿပီး ႐ြာကိုစြန့္ခြာကာ ေတာထဲမွာပဲ ေနထိုင္ၾကသလို PDF ထဲမဝင္လိုတဲ့ ေဒသခံအခ်ိဳ႕ကေတာ့ အဲဒီ PDF ေတြရဲ႕ရန္ကိုေၾကာက္ရလို႔ လုံၿခဳံတဲ့ေနရာေတြဆီ သြားေရာက္ခိုလုံေနၾကရတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#mhtnews