
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ငွေရှင်း ယပြေစာပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးကို ယခင်ကထက် တိုးမြှင့်သတ်မှတ် လိုက်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
တိုးမြှင့်သတ်မှတ်လိုက်သည့် ဒဏ်ကြေးများမှာ ပျက်ကွက်မှုအလိုက် ပထမအကြိမ်အတွက် ယခင် ၅ သိန်းကျပ်မှ ယခု ၁၀ သိန်းကျပ်၊ ဒုတိယအကြိမ်အတွက် ယခင် ၁၀ သိန်းကျပ်မှ ယခု သိန်း ၂၀ ကျပ်၊တတိယအကြိမ်အတွက် ယခင် ၁၅သိန်းကျပ်မှ ယခုသိန်း ၃၀ ကျပ်၊ တတိယအကြိမ်အထက် ပျက်ကွက်ခဲ့လျှင်ယခင်သိန်း ၂၀ ကျပ်မှ ယခု သိန်း ၆၀ ကျပ် ဖြစ်ကြောင်း သိရသည်။
ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန်သတ်မှတ်ထားသော လုပ်ငန်းများမှာ စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်နှင့်တည်ခိုခန်းလုပ်ငန်းများ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများ၊ ရွှေထည်လက်ဝတ်ရတနာရောင်းဝယ်ရေးလုပ်ငန်းများ၊ လက်ကိုင်ဖုန်းဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ စသည့်လုပ်ငန်းများဖြစ်သည်။
အဆိုပါလုပ်ငန်းများအနေဖြင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်း၊ ရောင်းချခြင်းတို့နှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်အမှတ်တံဆိပ်ကို ငွေရှင်းပြေစာပေါ်၌ ကပ်နှိပ်ကာ ဝယ်ယူစားသုံးသူများထံမှ အခွန်ကောက်ခံရခြင်း ဆောင်ရွက်ရမှာဖြစ်ပြီး ပြေစာပေါ်တွင်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးငွေပမာဏကို တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်းအခွန်ဦးစီးဌာနမှ သိရသည်။
#mhtnews

(Zawgyi)
“ေငြရွင္းေျပစာေပၚတြင္ အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ရန္ပ်က္ကြက္ပါက ေပးေဆာင္ရမည့္ဒဏ္ေၾကးကို ယခင္ကထက္ တိုးျမႇင့္ သတ္မွတ္”
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရလက္ထက္တြင္ ေငြရွင္း ယေျပစာေပၚ၌ အခြန္အမွတ္တံဆိပ္ ကပ္ႏွိပ္ရန္ ပ်က္ကြက္ပါက ေပးေဆာင္ရမည့္ ဒဏ္ေၾကးကို ယခင္ကထက္ တိုးျမႇင့္သတ္မွတ္ လိုက္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ သိရသည္။
တိုးျမႇင့္သတ္မွတ္လိုက္သည့္ ဒဏ္ေၾကးမ်ားမွာ ပ်က္ကြက္မႈအလိုက္ ပထမအႀကိမ္အတြက္ ယခင္ ၅ သိန္းက်ပ္မွ ယခု ၁၀ သိန္းက်ပ္၊ ဒုတိယအႀကိမ္အတြက္ ယခင္ ၁၀ သိန္းက်ပ္မွ ယခု သိန္း ၂၀ က်ပ္၊တတိယအႀကိမ္အတြက္ ယခင္ ၁၅သိန္းက်ပ္မွ ယခုသိန္း ၃၀ က်ပ္၊ တတိယအႀကိမ္အထက္ ပ်က္ကြက္ခဲ့လွ်င္ယခင္သိန္း ၂၀ က်ပ္မွ ယခု သိန္း ၆၀ က်ပ္ ျဖစ္ေၾကာင္း သိရသည္။
ေျပစာေပၚတြင္ အခြန္အမွတ္တံဆိပ္ ကပ္ႏွိပ္ရန္သတ္မွတ္ထားေသာ လုပ္ငန္းမ်ားမွာ စားေသာက္ဆိုင္လုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္တည္ခိုခန္းလုပ္ငန္းမ်ား၊ ႐ုပ္သံလႊင့္မီဒီယာလုပ္ငန္းမ်ား၊ ေ႐ႊထည္လက္ဝတ္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမ်ား၊ လက္ကိုင္ဖုန္းဆက္စပ္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္းမ်ား စသည့္လုပ္ငန္းမ်ားျဖစ္သည္။
အဆိုပါလုပ္ငန္းမ်ားအေနျဖင့္ ဝန္ေဆာင္မႈေဆာင္႐ြက္ျခင္း၊ ေရာင္းခ်ျခင္းတို႔ႏွင့္အတူ က်သင့္ကုန္သြယ္လုပ္ငန္းခြန္ကို အခြန္အမွတ္တံဆိပ္ကို ေငြရွင္းေျပစာေပၚ၌ ကပ္ႏွိပ္ကာ ဝယ္ယူစားသုံးသူမ်ားထံမွ အခြန္ေကာက္ခံရျခင္း ေဆာင္႐ြက္ရမွာျဖစ္ၿပီး ေျပစာေပၚတြင္အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ရန္ ပ်က္ကြက္ပါက ေပးေဆာင္ရမည့္ ဒဏ္ေၾကးေငြပမာဏကို တိုးျမႇင့္သတ္မွတ္ျခင္းျဖစ္ေၾကာင္းအခြန္ဦးစီးဌာနမွ သိရသည္။
#mhtnews
Recent Comments