
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့လုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သည့် အရေးယူတုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အသိပေးထုတ်ပြန်ချက်တစ်စောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပြီး ဖြစ်သည့်အပြင် ငြိမ်းချမ်းရေး ကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
#mhtnews

(Zawgyi)
“ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားသည့္ ကာလႏွင့္ ေတြ႕ဆုံေဆြးႏြေးေနစဥ္ကာလအတြင္း တပ္စခန္းမ်ားအား တိုက္ခိုက္ျခင္း၊ တပ္ဌာနခ်ဳပ္မ်ားကို တိုက္ခိုက္ျခင္းမ်ား ျပဳလုပ္ပါက အေရးယူတုန႔္ျပန္မႈမ်ားျပဳလုပ္မည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ထုတ္ျပန္”
ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ေဆြးႏြေးမႈမ်ား ျပဳလုပ္နိုင္ေရး ဖိတ္ေခၚထားသည့္ကာလႏွင့္ ေတြ႕ဆုံေဆြးႏြေးေနစဥ္ကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးကို ထိခိုက္ပ်က္စီးေစမည့္ အင္အားစုေဆာင္းျခင္း၊ လႈပ္ရွားျခင္း၊ နယ္ေျမခ်ဲ့ထြင္ျခင္း၊ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးတာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ တပ္စခန္းမ်ားအား တိုက္ခိုက္ျခင္း၊ တပ္ဌာနခ်ဳပ္မ်ားကို ႏွောင့္ယွက္တိုက္ခိုက္ျခင္းမ်ား မျပဳရန္ႏွင့္ ထိုကဲ့သို႔လုပ္ေဆာင္လာပါက တပ္မေတာ္အေနျဖင့္ လိုအပ္သည့္ အေရးယူတုန႔္ျပန္မႈမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက အသိေပးထုတ္ျပန္ခ်က္တစ္ေစာင္ကို ယမန္ေန႕က ထုတ္ျပန္ခဲ့သည္။
ထို႔အျပင္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႕သည္ စိန္ရတု လြတ္လပ္ေရးေန႕ျဖစ္ၿပီး ယခု ၂၀၂၂ ခုႏွစ္သည္ ၿငိမ္းခ်မ္းေရးႏွစ္ျဖစ္ေၾကာင္းႏွင့္ တစ္နိုင္ငံလုံးတြင္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားခဲ့ၿပီး ျဖစ္သည့္အျပင္ ၿငိမ္းခ်မ္းေရး ကိစၥရပ္မ်ားကို လက္ေတြ႕က်က် ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္နိုင္ေရးအတြက္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ ေခါင္းေဆာင္မ်ားႏွင့္ ကိုယ္တိုင္ေတြ႕ဆုံ၍ ရိုးသားပြင့္လင္းစြာ ေဆြးႏြေးနိုင္ေရး ဖိတ္ေခၚထားၿပီးျဖစ္ေၾကာင္းလည္း ယင္းထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
#mhtnews
Recent Comments