မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အလို့ငှာ မျှော်မှန်းထားသည့် ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ဖြစ်နိုင်သမျှ အခြေအနေများကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ (ဧပြီ ၂၈ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ပါဝင်ထောက်ခံမဲပေးခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၃ ၌ “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ် လုံခြုံခွင့် ရခွင့်ရှိသည်။” ဟု အသိအမှတ်ပြု ဖော်ပြပါရှိကြောင်း၊ အလားတူ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ထားသော အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၃၈ တွင်လည်း “အာဆီယံနိုင်ငံများရှိ ပြည်သူအားလုံးနှင့် လူတိုင်းတွင် ငြိမ်းချမ်းရေးကို ရရှိခံစားခွင့်ရှိကြသည်။” ဟု အသိအမှတ်ပြု ဖော်ပြပါရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

ထို့နောက် ယင်းအခွင့်အရေးများကို အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သော ဦးစားပေး အခြေအနေတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရရှိခဲ့သဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း နိုင်ငံသားများအတွက် ဆိုးရွားသော ဆုံးရှုံးနစ်နာမှုများနှင့် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်ကို အလွန်အမင်း အလေးထားဖော်ပြရန် မလိုအပ်တော့ကြောင်း၊ မြန်မာနိုင်ငံရှိ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များ၏ အကျိုးစီးပွားအတွက် ယင်းကဲ့သို့ ကံအကြောင်းမလှသည့် အခြေအနေများကို အပြီးအပြတ်နှင့် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန် အချိန်တန်ပြီ ဖြစ်ကြောင်း၊ သို့ဖြစ်သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လူကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုသည် လမ်းကြောင်းမှန်ကို ရှေ့ရှု၍ ကြီးမားသော ခြေလှမ်းလုပ်ဆောင်ချက် တစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသူအားလုံးက အမိအရ ရယူအသုံးချရမည့် အခွင့်အခါကောင်း တစ်ရပ်လည်း ဖြစ်ကြောင်း ဖော်ပြကာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အလို့ငှာ မျှော်မှန်းထားသည့် ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ဖြစ်နိုင်သမျှ အခြေအနေများကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

#mhtnews

(Zawgyi)

“ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲမ်ား အလုံးစုံျဖစ္ေပၚလာေရး ျဖစ္နိုင္သမွ် အေျခအေနမ်ားကို ႀကိဳးပမ္းအားထုတ္ ေဆာင္႐ြက္ေပးၾကရန္ သက္ဆိုင္သူအားလုံးကို တိုက္တြန္းေၾကာင္း ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္မွ သတင္းထုတ္ျပန္”

ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အေနျဖင့္ နိုင္ငံသားမ်ား၏ အက်ိဳးစီးပြားအတြက္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ထာဝရၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္နိုင္ရန္အလို႔ငွာ ေမွ်ာ္မွန္းထားသည့္ ယင္းၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲမ်ား အလုံးစုံျဖစ္ေပၚလာေရး ျဖစ္နိုင္သမွ် အေျခအေနမ်ားကို ႀကိဳးပမ္းအားထုတ္ ေဆာင္႐ြက္ေပးၾကပါရန္ သက္ဆိုင္သူအားလုံးကို တိုက္တြန္းေၾကာင္း ထုတ္ျပန္ခ်က္တစ္ေစာင္ကို ယေန႕ (ဧၿပီ ၂၈ ရက္) ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာခဲ့သည္။

ယင္းထုတ္ျပန္ခ်က္တြင္ ျမန္မာနိုင္ငံက ပါဝင္ေထာက္ခံမဲေပးခဲ့ၿပီး ၁၉၄၈ ခုႏွစ္တြင္ အတည္ျပဳခ်မွတ္ခဲ့ေသာ ကမၻာ့လူ႕အခြင့္အေရး ေၾကညာစာတမ္း၏ အပိုဒ္ ၃ ၌ လူတိုင္းတြင္ အသက္ရွင္သန္ခြင့္၊ လြတ္လပ္ခြင့္ႏွင့္ လူပုဂၢိုလ္ လုံၿခဳံခြင့္ ရခြင့္ရွိသည္။ ဟု အသိအမွတ္ျပဳ ေဖာ္ျပပါရွိေၾကာင္း၊ အလားတူ ျမန္မာနိုင္ငံက အဖြဲ႕ဝင္အျဖစ္ပါဝင္ထားေသာ အာဆီယံလူ႕အခြင့္အေရး ေၾကညာစာတမ္း၏ အပိုဒ္ ၃၈ တြင္လည္း အာဆီယံနိုင္ငံမ်ားရွိ ျပည္သူအားလုံးႏွင့္ လူတိုင္းတြင္ ၿငိမ္းခ်မ္းေရးကို ရရွိခံစားခြင့္ရွိၾကသည္။ ဟု အသိအမွတ္ျပဳ ေဖာ္ျပပါရွိေၾကာင္း ထည့္သြင္းေဖာ္ျပခဲ့သည္။

ထို႔ေနာက္ ယင္းအခြင့္အေရးမ်ားကို အျပည့္အဝ ရရွိခံစားနိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးသည္ မရွိမျဖစ္ လိုအပ္ေသာ ဦးစားေပး အေျခအေနတစ္ရပ္ျဖစ္ေၾကာင္း၊ ျမန္မာနိုင္ငံတြင္ ၿငိမ္းခ်မ္းေရး မရရွိခဲ့သျဖင့္ လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားစြာအတြင္း နိုင္ငံသားမ်ားအတြက္ ဆိုး႐ြားေသာ ဆုံးရႈံးနစ္နာမႈမ်ားႏွင့္ အခက္အခဲမ်ားစြာ ျဖစ္ေပၚေစခဲ့သည္ကို အလြန္အမင္း အေလးထားေဖာ္ျပရန္ မလိုအပ္ေတာ့ေၾကာင္း၊ ျမန္မာနိုင္ငံရွိ ပစၥဳပၸန္ႏွင့္ အနာဂတ္ မ်ိဳးဆက္သစ္မ်ား၏ အက်ိဳးစီးပြားအတြက္ ယင္းကဲ့သို႔ ကံအေၾကာင္းမလွသည့္ အေျခအေနမ်ားကို အၿပီးအျပတ္ႏွင့္ ထိထိေရာက္ေရာက္ ေျဖရွင္းေဆာင္႐ြက္သြားရန္ အခ်ိန္တန္ၿပီ ျဖစ္ေၾကာင္း၊ သို႔ျဖစ္သျဖင့္ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ လူကိုယ္တိုင္ေတြ႕ဆုံ၍ ၿငိမ္းခ်မ္းေရးေဆြးႏြေးရန္ ကမ္းလွမ္းဖိတ္ေခၚမႈသည္ လမ္းေၾကာင္းမွန္ကို ေရွ႕ရႈ၍ ႀကီးမားေသာ ေျခလွမ္းလုပ္ေဆာင္ခ်က္ တစ္ရပ္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးကို ခ်စ္ျမတ္နိုးၾကသူအားလုံးက အမိအရ ရယူအသုံးခ်ရမည့္ အခြင့္အခါေကာင္း တစ္ရပ္လည္း ျဖစ္ေၾကာင္း ေဖာ္ျပကာ ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အေနျဖင့္ နိုင္ငံသားမ်ား၏ အက်ိဳးစီးပြားအတြက္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ထာဝရၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္နိုင္ရန္အလို႔ငွာ ေမွ်ာ္မွန္းထားသည့္ ယင္းၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲမ်ား အလုံးစုံျဖစ္ေပၚလာေရး ျဖစ္နိုင္သမွ် အေျခအေနမ်ားကို ႀကိဳးပမ္းအားထုတ္ ေဆာင္႐ြက္ေပးၾကပါရန္ သက္ဆိုင္သူအားလုံးကို တိုက္တြန္းေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

#mhtnews