ငါးသယံဇာတ လျော့နည်းလာမှုကို ထိန်းချုပ်ကြပ်မတ်နိုင်ရန် VMS စနစ် စက်တပ်ဆင်ထားသည့် ငါးဖမ်းရေယာဉ်နှင့် ငါးသယ်ရေယာဉ်များ မြန်မာတစ်နိုင်ငံလုံးတွင် ၃၀၀၀ ကျော်ရှိလာကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ငါးလုပ်ငန်းဦးစီးဌာနများတွင် Vessel Monitoring System (VMS) စနစ် စက်များတပ်ဆင်ထားပြီး ငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များကို ထိန်းချုပ်စောင့်ကြည့်နေခြင်းဖြစ်ကာ အဆိုပါ VMS အချက်ပြစနစ် တပ်ဆင်ထားသော ငါးဖမ်းရေယာဉ်နှင့် ငါးသယ်ယာဉ်များသွားလာမှုကို တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ငါးလုပ်ငန်းဦးစီးဌာနတို့မှ အထိုင်စက်များဖြင့် စောင့်ကြည့်နေခြင်းဖြစ်သည်။

လက်ရှိတွင် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များ သဘာဝဘေးအန္တရာယ်နှင့် တရားမဝင်ဖမ်းဆီး သယ်ဆောင်ရောင်းဝယ်မှုမရှိစေရန် ထိန်းချုပ်မှုငါးနေရာဖြင့် ထပ်ဆင့်စောင့်ကြည့်ကာ Control Center အဖြစ် ထိန်းချုပ်ကြပ်မတ်နေကြောင်း သိရသည်။

ထိုအထဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ငါးဖမ်းရေယာဉ် ၈၅၀ ကျော်နှင့် ငါးသယ်ရေယာဉ် ၁၃၀ ကျော်ရှိကာ ရခိုင်ပြည်နယ်တွင် ငါးဖမ်းရေယာဉ်အစင်း ၂၃၀ နှင့် ငါးသယ်ရေယာဉ် ၁၀ စင်းရှိနေပြီး ငါးသယံဇာတအများဆုံး ဖမ်းဆီးထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။

#mhtnews

(Zawgyi)

“ငါးသယံဇာတ ေလ်ာ့နည္းလာမႈကို ထိန္းခ်ဳပ္ၾကပ္မတ္နိုင္ရန္ VMS စနစ္ စက္တပ္ဆင္ထားသည့္ ငါးဖမ္းေရယာဥ္ႏွင့္ ငါးသယ္ေရယာဥ္မ်ား တစ္နိုင္ငံလုံး၌ ၃၀၀၀ ေက်ာ္ရွိလာ”

ငါးသယံဇာတ ေလ်ာ့နည္းလာမႈကို ထိန္းခ်ဳပ္ၾကပ္မတ္နိုင္ရန္ VMS စနစ္ စက္တပ္ဆင္ထားသည့္ ငါးဖမ္းေရယာဥ္ႏွင့္ ငါးသယ္ေရယာဥ္မ်ား ျမန္မာတစ္နိုင္ငံလုံးတြင္ ၃၀၀၀ ေက်ာ္ရွိလာေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ငါးလုပ္ငန္းဦးစီးဌာနမ်ားတြင္ Vessel Monitoring System (VMS) စနစ္ စက္မ်ားတပ္ဆင္ထားၿပီး ငါးဖမ္းေရယာဥ္မ်ားႏွင့္ ငါးသယ္ေရယာဥ္မ်ားကို ထိန္းခ်ဳပ္ေစာင့္ၾကည့္ေနျခင္းျဖစ္ကာ အဆိုပါ VMS အခ်က္ျပစနစ္ တပ္ဆင္ထားေသာ ငါးဖမ္းေရယာဥ္ႏွင့္ ငါးသယ္ယာဥ္မ်ားသြားလာမႈကို တနသၤာရီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔ရွိ ငါးလုပ္ငန္းဦးစီးဌာနတို႔မွ အထိုင္စက္မ်ားျဖင့္ ေစာင့္ၾကည့္ေနျခင္းျဖစ္သည္။

လက္ရွိတြင္ ေနျပည္ေတာ္ ငါးလုပ္ငန္းဦးစီးဌာနမွ ငါးဖမ္းေရယာဥ္မ်ားႏွင့္ ငါးသယ္ေရယာဥ္မ်ား သဘာဝေဘးအႏၱရာယ္ႏွင့္ တရားမဝင္ဖမ္းဆီး သယ္ေဆာင္ေရာင္းဝယ္မႈမရွိေစရန္ ထိန္းခ်ဳပ္မႈငါးေနရာျဖင့္ ထပ္ဆင့္ေစာင့္ၾကည့္ကာ Control Center အျဖစ္ ထိန္းခ်ဳပ္ၾကပ္မတ္ေနေၾကာင္း သိရသည္။

ထိုအထဲတြင္ ရန္ကုန္တိုင္းေဒသႀကီးမွ ငါးဖမ္းေရယာဥ္ ၈၅၀ ေက်ာ္ႏွင့္ ငါးသယ္ေရယာဥ္ ၁၃၀ ေက်ာ္ရွိကာ ရခိုင္ျပည္နယ္တြင္ ငါးဖမ္းေရယာဥ္အစင္း ၂၃၀ ႏွင့္ ငါးသယ္ေရယာဥ္ ၁၀ စင္းရွိေနၿပီး ငါးသယံဇာတအမ်ားဆုံး ဖမ္းဆီးထုတ္လုပ္လ်က္ရွိေၾကာင္းလည္း သိရသည္။

#mhtnews