
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ လျှပ်စစ်မြစ်ရေတင် (၂)ခုဖြင့် နွေရာသီ သီးနှံများအဖြစ် ပဲတီစိမ်း၊ နှမ်း၊ မြေပဲသီးနှံ (၃)မျိုးတို့ကို စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးကာ ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံ လျာထားဧကထက်ကျော်လွန်၍ ရေသွင်းပေးဝေစိုက်ပျိုးသွားမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး သောက်သုံးရေကန်များ ရေဖြည့်ပေးခြင်း၊ ပိုက်လိုင်းများဖြင့် နွေရာသီသောက်သုံးရေ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံ ပဲတီစိမ်း၊ နှမ်း၊ မြေပဲတို့ကို ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၁၁၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၁၁၅၀)ဧက စုစုပေါင်း (၂၂၅၀)ဧက ရေသွင်းပေးဝေစိုက်ပျိုးရန် လျာထားလျက်ရှိရာ ယနေ့အထိ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၇၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၉၀၂)ဧက ရေသွင်းပေးဝေ စိုက်ပျိုးပြီးစီးပြီး ဆက်လက်၍ ဥမင်ကိုးပေါက်နှင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၂၆၀၀)ဧကအထိ ရေသွင်းပေးဝေ စိုက်ပျိုးသွားမည်ဖြစ်သည်။
ယခုအခါ နွေရာသီ သောက်သုံးရေဖြန့်ဝေခြင်းအနေဖြင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၅)ရွာအတွက် သောက်သုံးရေကန်(၄)ကန်၊ ရေပိုက်လိုင်း(၁)လိုင်း၊ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၄)ရွာအတွက် ရေကန်(၃)ကန်၊ ရေပိုက်လိုင်း(၁)တို့ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းများပါ ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံအား သတ်မှတ်လျာထားသည့် (၂၂၅၀)ဧကမှ (၂၆၀၀)ဧကအထိ ရေပေးဝေသွားမည်ဖြစ်၍ လျာထားချက်ထက် ကျော်လွန်ကာ ရေပေးဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
=============================
(Zawgyi)
“ချောက်မြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် နွသေီးနှံ လျာထားဧကထက်ကျော်လွန်၍ ရေသွင်းပေးဝေ စိုက်ပျိုးသွားမည်”
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ လျှပ်စစ်မြစ်ရေတင် (၂)ခုဖြင့် နွရောသီ သီးနှံများအဖြစ် ပဲတီစိမ်း၊ နှမ်း၊ မြေပဲသီးနှံ (၃)မျိုးတို့ကို စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးကာ ၂၀၂၁-၂၀၂၂ ခုနှစ် နွသေီးနှံ လျာထားဧကထက်ကျော်လွန်၍ ရေသွင်းပေးဝေစိုက်ပျိုးသွားမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး သောက်သုံးရေကန်များ ရေဖြည့်ပေးခြင်း၊ ပိုက်လိုင်းများဖြင့်နွရောသီသောက်သုံးရေ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် နွသေီးနှံ ပဲတီစိမ်း၊ နှမ်း၊ မြေပဲတို့ကို ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၁၁၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၁၁၅၀)ဧက စုစုပေါင်း (၂၂၅၀)ဧက ရေသွင်းပေးဝေစိုက်ပျိုးရန် လျာထားလျက်ရှိရာ ယနေ့အထိ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၇၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၉၀၂)ဧက ရေသွင်းပေးဝေ စိုက်ပျိုးပြီးစီးပြီး ဆက်လက်၍ ဥမင်ကိုးပေါက်နှင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၂၆၀၀)ဧကအထိ ရေသွင်းပေးဝေ စိုက်ပျိုးသွားမည်ဖြစ်သည်။
ယခုအခါ နွရောသီ သောက်သုံးရေဖြန့်ဝေခြင်းအနေဖြင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၅)ရွာအတွက် သောက်သုံးရေကန်(၄)ကန်၊ ရေပိုက်လိုင်း(၁)လိုင်း၊ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၄)ရွာအတွက် ရေကန်(၃)ကန်၊ ရေပိုက်လိုင်း(၁)တို့ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းများပါ ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ၂၀၂၁-၂၀၂၂ ခုနှစ် နွသေီးနှံအား သတ်မှတ်လျာထားသည့် (၂၂၅၀)ဧကမှ (၂၆၀၀)ဧကအထိ ရေပေးဝေသွားမည်ဖြစ်၍ လျာထားချက်ထက် ကျော်လွန်ကာ ရေပေးဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments