တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ရထားလမ်းကြောင်း) ကြောင့် တရုတ်-မြန်မာကုန်သွယ်ရေးများ ပိုမိုမြန်ဆန်ကောင်းမွန်လာနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဧပြီ ၂ ရက်နေ့တွင် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) သည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ပြီး ချုံချင့်မှထုတ်လုပ်သော မော်တော်ဆိုင်ကယ်တွဲဖက်ပစ္စည်းများ သယ်ဆောင်လာသည့် အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ကာ ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းကာ ထိုင်းနိုင်ငံမှတစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

ဆက်လက်၍လည်း တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်ခြင်းသည် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရထားလမ်းကြောင်းသစ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် ဖောက်လုပ်မှု၏ ထိုးဖောက်အောင်မြင်မှုကို မြှင့်တင်ပေးခဲ့သည့် အသွင်ဆောင်နေကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

#mhtnews

===================

(Zawgyi)

“ခ်ဳံခ်င့္-ရန္ကုန္-အိႏၵိယသမုဒၵရာ ရထားေၾကာင့္ ကုန္သြယ္ေရးမ်ား ပိုမိုေကာင္းမြန္လာနိုင္”

တ႐ုတ္-ျမန္မာ-အိႏၵိယသမုဒၵရာ အျပည္ျပည္ဆိုင္ရာပူးတြဲသယ္ယူပို႔ေဆာင္ေရးရထား (ခ်ဳံခ်င့္-ရန္ကုန္-အိႏၵိယသမုဒၵရာ ရထားလမ္းေၾကာင္း) ေၾကာင့္ တ႐ုတ္-ျမန္မာကုန္သြယ္ေရးမ်ား ပိုမိုျမန္ဆန္ေကာင္းမြန္လာနိုင္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

ဧၿပီ ၂ ရက္ေန႕တြင္ ကုန္းလမ္း-ေရေၾကာင္းလမ္းေၾကာင္းသစ္ျဖစ္ေသာ တ႐ုတ္-ျမန္မာ-အိႏၵိယသမုဒၵရာ အျပည္ျပည္ဆိုင္ရာပူးတြဲသယ္ယူပို႔ေဆာင္ေရးရထား (ခ်ဳံခ်င့္-ရန္ကုန္-အိႏၵိယသမုဒၵရာ) သည္ ခ်ဳံခ်င့္မီးရထားကြန္တိန္နာစင္တာမွ ေအာင္ျမင္စြာ စတင္ထြက္ခြာခဲ့ၿပီး ခ်ဳံခ်င့္မွထုတ္လုပ္ေသာ ေမာ္ေတာ္ဆိုင္ကယ္တြဲဖက္ပစၥည္းမ်ား သယ္ေဆာင္လာသည့္ အျပည္ျပည္ဆိုင္ရာပူးတြဲသယ္ယူပို႔ေဆာင္ေရးရထားသည္ ယူနန္ျပည္နယ္ မိုဟန္မွတစ္ဆင့္ လာအိုနိုင္ငံတြင္းသို႔ ဝင္ေရာက္ကာ ဗီယင္က်န္း၌ ကုန္းလမ္းပို႔ေဆာင္ေရးသို႔ ေျပာင္းကာ ထိုင္းနိုင္ငံမွတစ္ဆင့္ ျဖတ္သန္းၿပီး ေနာက္ဆုံးတြင္ ျမန္မာနိုင္ငံ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ထုတ္ျပန္ခဲ့သည္။

ဆက္လက္၍လည္း တ႐ုတ္-ျမန္မာ-အိႏၵိယသမုဒၵရာ အျပည္ျပည္ဆိုင္ရာပူးတြဲသယ္ယူပို႔ေဆာင္ေရးရထား ေအာင္ျမင္စြာ စတင္ထြက္ခြာနိုင္ျခင္းသည္ ကုန္းလမ္း-ေရေၾကာင္းလမ္းေၾကာင္းသစ္က တ႐ုတ္နိုင္ငံမွ ျမန္မာနိုင္ငံႏွင့္ အိႏၵိယသမုဒၵရာသို႔ ေရာက္ရွိေသာ အျပည္ျပည္ဆိုင္ရာ ေထာက္ပံ့ပို႔ေဆာင္ရထားလမ္းေၾကာင္းသစ္ ဖြင့္လွစ္ေပးျခင္းျဖစ္ၿပီး ကုန္းလမ္း-ေရေၾကာင္းလမ္းေၾကာင္းသစ္ ေဖာက္လုပ္မႈ၏ ထိုးေဖာက္ေအာင္ျမင္မႈကို ျမႇင့္တင္ေပးခဲ့သည့္ အသြင္ေဆာင္ေနေၾကာင္းလည္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

#mhtnews