ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြိုနယ်ရှိ အကောက်တောင် တောင်တက်လမ်း၌ ယနေ့ (ဧပြီ ၂၉ ရက်) နံနက် ၇ နာရီခန့်တွင် ဘုရားဖူးကား ချောက်ထဲကျ တိမ်းမှောက်မှုဖြစ်ပွားကာ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူက စုစုပေါင်း သုံးဦးရှိပါတယ်။ ကျန်တဲ့လူနာတွေထဲက ဆိပ်သာဆေးရုံကနေ ဟင်္သာတဆေးရုံကို လွှပိုတာက အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးဖြစ်ပါတယ်။ အဲဒီ့အထဲမှာ ကလေးတစ် ဦးပါ ပါတယ်။ ဆိပ်သာဆေးရုံမှာက လေးဦးကျန်ခဲ့ပါတယ်။ ကားက အတက်မှာ နောက်ပြန်ကျတာ။ ဘယ်ဘက်က ကမ်းပါးယံ၊ ညာဘက်က ချောက်ရှိတယ်။ အခုဟာက ချောက်ထဲကျသွားတာ။ အဲဒီ့ကားလည်း အတော်ထိသွားတယ်”ဟု ရွှေဆိပ်သာ လူမှုကူညီရေးအသင်းမှ ဦးဌေးနောင်က ပြောကြားသည်။
ယခုကဲ့သို လူသေဆုံးဒဏ်ရာရမှုများသည့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ အဆိုပါနေရာ၌ ပထမဦးဆုံးဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ကြံခင်းမြို့နယ်ရှိ အကောက်တောင် တောင်တက်လမ်း၌ ဘုရားဖူးကား ချောက်ထဲကျ တိမ်းမှောက်သဖြင့် ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ”
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ရှိ အကောက်တောင် တောင်တက်လမ်း၌ ယနေ့ (ဧပြီ ၂၉ ရက်) နံနက် ၇ နာရီခန့်တွင် ဘုရားဖူးကား ချောက်ထဲကျ တိမ်းမှောက်မှုဖြစ်ပွားကာ ၃ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ လူသေဆုံးဒဏ်ရာရမှုများသည့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ အဆိုပါနေရာ၌ ပထမဦးဆုံးဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments