ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အုပ်စုက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို သတ်ဖြတ်ခဲ့သည့်အပြင် ထီးချိုင့်မြို့နယ်၌လည်း သင်္ကြန်ကာလ ဒုလ္လဘရဟန်းဝတ်နေသူနှစ်ဦးကိုလည်း အကြောင်းမဲ့သတ်ဖြတ်သွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ)ဦးဆန်းမောင်(၅၃)နှစ် (၃၃)ဝါ(ဘ)ဦးဖိုးရှင်းသည် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၅ ဦးခန့်က သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ)ဦးဆန်းမောင်အား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဆွမ်းချက်ဆောင်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ)ဦးဆန်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

အလားတူ ဧပြီ ၁၄ ရက်၊ နံနက် ၉ နာရီခန့်တွင် ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာရှိ ရွှေသုဝဏ် ဘုန်းကြီးကျောင်း၌ ဒုလ္လဘရဟန်း ၂ ပါးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်းဝတ်နေသူ တုံလုံကျေးရွာနေ ဦးမြင့်ဦး(၅၃)နှစ် (ဘ)ဦးပြည်ကျော်နှင့် ဦးစိုးတင့်(၅၃)နှစ် (ဘ)ဦးမောင်ဝင်းတို့သည် ကျောင်းအတွင်း ရှိနေစဉ်သေနတ်များ ကိုယ်စီကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား ဘုန်တော်ကြီးကျောင်းအောက်သို့ ဖမ်းဆီးခေါ်ဆောင်၍ ဦးမြင့်ဦးအား ကျောင်းလှေကားရင်း၌ လည်းကောင်း၊ ဦးစိုးတင့်အား ဘုန်းကြီးကျောင်းမုခ်ဝတွင်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးမြင့်ဦးနှင့် ဦးစိုးတင့်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

ထိုကဲ့သို့ သာသနာ့အနွယ်ဝင် သံဃာတော်များအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ယနေ့ထိ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၁၂ ပါး၊ သေဆုံးသူ ရဟန်းသံဃာတော် ၃၃ ပါးနှင့် သီလရှင် ၁ ပါးတို့ရှိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#mhtnews

============================

(Zawgyi)

“ကြၽန္းလွၿမိဳ႕နယ္၌ PDF အမည္ခံ အၾကမ္းဖက္အုပ္စုက ေက်ာင္းထိုင္ဘုန္းႀကီးတစ္ပါးကို သတ္ျဖတ္ခဲ့သည့္အျပင္ ထီးခ်ိဳင့္ၿမိဳ႕နယ္၌လည္း သၾကၤန္ကာလ ဒုလႅဘရဟန္းဝတ္ေနသူႏွစ္ဦးကိုလည္း အေၾကာင္းမဲ့သတ္ျဖတ္”

ကြၽန္းလွၿမိဳ႕နယ္၌ PDF အမည္ခံ အၾကမ္းဖက္အုပ္စုက ေက်ာင္းထိုင္ဘုန္းႀကီးတစ္ပါးကို သတ္ျဖတ္ခဲ့သည့္အျပင္ ထီးခ်ိဳင့္ၿမိဳ႕နယ္၌လည္း သၾကၤန္ကာလ ဒုလႅဘရဟန္းဝတ္ေနသူႏွစ္ဦးကိုလည္း အေၾကာင္းမဲ့သတ္ျဖတ္သြားခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ဧၿပီလ ၁၃ ရက္ေန႕ နံနက္ ၉ နာရီခြဲခန႔္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကြၽန္းလွၿမိဳ႕နယ္၊ ႐ြာကုန္းႀကီးေက်း႐ြာရွိ ဘုန္းေတာ္ႀကီးေက်ာင္း၌ ေက်ာင္းထိုင္ဆရာေတာ္အား PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျဖစ္စဥ္အား စိစစ္ခဲ့ရာ အဆိုပါဘုန္းေတာ္ႀကီးေက်ာင္းရွိ ေက်ာင္းထိုင္ဆရာေတာ္ ၪူးပညာသာရ(ခ)ဦးဆန္းေမာင္(၅၃)ႏွစ္ (၃၃)ဝါ(ဘ)ဦးဖိုးရွင္းသည္ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္းရွိ ေနစဥ္ PDF အၾကမ္းဖက္အဖြဲ႕ အင္အား ၅ ဦးခန႔္က ေသနတ္မ်ား ကိုယ္စီကိုင္ေဆာင္ကာ ေက်ာင္းဝင္းအတြင္းသို႔ ဝင္ေရာက္လာၿပီး ေက်ာင္းထိုင္ဆရာေတာ္ ၪူးပညာသာရ(ခ)ဦးဆန္းေမာင္အား ဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္းရွိ ဆြမ္းခ်က္ေဆာင္သို႔ ဖမ္းဆီးေခၚေဆာင္၍ ေသနတ္ျဖင့္ ဝိုင္းဝန္းပစ္ခတ္သတ္ျဖတ္ခဲ့သျဖင့္ ေက်ာင္းထိုင္ဆရာေတာ္ ၪူးပညာသာရ(ခ)ဦးဆန္းေမာင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့သည္။

အလားတူ ဧၿပီ ၁၄ ရက္၊ နံနက္ ၉ နာရီခန႔္တြင္ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ တုံလုံေက်း႐ြာရွိ ေ႐ႊသုဝဏ္ ဘုန္းႀကီးေက်ာင္း၌ ဒုလႅဘရဟန္း ၂ ပါးအား PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ အဆိုပါဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဒုလႅဘရဟန္းဝတ္ေနသူ တုံလုံေက်း႐ြာေန ဦးျမင့္ဦး(၅၃)ႏွစ္ (ဘ)ဦးျပည္ေက်ာ္ႏွင့္ ဦးစိုးတင့္(၅၃)ႏွစ္ (ဘ)ဦးေမာင္ဝင္းတို႔သည္ ေက်ာင္းအတြင္း ရွိေနစဥ္ေသနတ္မ်ား ကိုယ္စီကိုင္ေဆာင္ထားသည့္ PDF အၾကမ္းဖက္အဖြဲ႕ အင္အား ၁၀ ဦးခန႔္က ဆိုင္ကယ္ ၅ စီးျဖင့္ ေရာက္ရွိလာၿပီး ၎တို႔ ၂ ဦးအား ဘုန္ေတာ္ႀကီးေက်ာင္းေအာက္သို႔ ဖမ္းဆီးေခၚေဆာင္၍ ဦးျမင့္ဦးအား ေက်ာင္းေလွကားရင္း၌ လည္းေကာင္း၊ ဦးစိုးတင့္အား ဘုန္းႀကီးေက်ာင္းမုခ္ဝတြင္ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့သျဖင့္ ဦးျမင့္ဦးႏွင့္ ဦးစိုးတင့္တို႔တြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့သည္။

ထိုကဲ့သို႔ သာသနာ့အႏြယ္ဝင္ သံဃာေတာ္မ်ားအား ေသနတ္ျဖင့္ ရက္စက္စြာ ပစ္ခတ္သတ္ျဖတ္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိနိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမခံ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ ပူးေပါင္း၍ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ လ်က္ရွိေၾကာင္းႏွင့္ အၾကမ္းဖက္သမားမ်ား၏ ရက္စက္စြာ သတ္ျဖတ္မႈေၾကာင့္ ယေန႕ထိ ဒဏ္ရာရရွိသူ ရဟန္းသံဃာေတာ္ ၁၂ ပါး၊ ေသဆုံးသူ ရဟန္းသံဃာေတာ္ ၃၃ ပါးႏွင့္ သီလရွင္ ၁ ပါးတို႔ရွိၿပီျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရွိရသည္။

#mhtnews