
ကျေးလက်နေ ပြည်သူလူထု၏ ဝင်ငွေတိုးတက်မြင့်မားရေးနှင့် ဆင်းရဲမှုလျော့ပါးရေးအတွက် အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျှက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual Meeting အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centeron Integrated Rural Development for Asia and the Pacific – CIRDAP)၏ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd Governing Council (GC-23) Meeting) တွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေး၌ CIRDAP ၏ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်နှင့် မြို့ပြဆင်းရဲချမ်းသာ ကွာခြားရေး မူဝါဒနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ထိုသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းထားကြောင်း၊ ကျေးလက်နေ ပြည်သူလူထု၏ ဝင်ငွေတိုးတက်မြင့်မားရေးနှင့် ဆင်းရဲမှုလျော့ပါးရေးအတွက် အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းအပြင် လူမှုစီးပွား အဆင့်အတန်းမြင့်မားရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်မှုနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများ၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အဖွဲ့ဝင်နိုင်ငံများတွင် ယနေ့ရင်ဆိုင်နေကြရသော ကိုဗစ်-၁၉ ရောဂါ၏ အကျိုးဆက်များကြောင့် ကျေးလက်ဒေသစီးပွားရေးအပေါ် ထိခိုက်မှုများ လျော့ပါးစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာလနောက်ပိုင်း ပြန်လည်ထူထောင်နိုင်ရေး၊ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေးတို့တွင် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းပညာကို ထိရောက်တွင်ကျယ်စွာ အသုံးပြုရေးဆိုင်ရာ CIRDAP အဖွဲ့၏ လုပ်ငန်းစဉ်များ၌ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် အတွေ့အကြုံများဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန CIRDAP ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့အခြေစိုက် ဖွင့်လှစ်ထားပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဖီဂျီ နှင့် ပါကစ္စတန် စသည့် အဖွဲ့ဝင်နိုင်ငံ (၁၅)နိုင်ငံတို့ ပါဝင်ကာ ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ရာ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ၁၉၉၅ ခုနှစ်မှစတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ေက်းလက္ေန ျပည္သူလူထု၏ ဝင္ေငြတိုးတက္ျမင့္မားေရးႏွင့္ ဆင္းရဲမႈေလ်ာ့ပါးေရးအတြက္ အဓိကအသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ားကို ဘ႑ာႏွစ္အလိုက္ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦး ေျပာၾကား”
ေက်းလက္ေန ျပည္သူလူထု၏ ဝင္ေငြတိုးတက္ျမင့္မားေရးႏွင့္ ဆင္းရဲမႈေလ်ာ့ပါးေရးအတြက္ အဓိကအသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ားကို ဘ႑ာႏွစ္အလိုက္ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက ေျပာၾကားသည္။
ယမန္ေန႕နံနက္ပိုင္းတြင္ ထိုင္းနိုင္ငံက အိမ္ရွင္အျဖစ္ တာဝန္ယူ၍ Virtual Meeting အြန္လိုင္းစနစ္ျဖင့္ က်င္းပျပဳလုပ္သည့္ အာရွႏွင့္ပစိဖိတ္ေဒသဆိုင္ရာ ေက်းလက္ေဒသ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုဌာန (Centeron Integrated Rural Development for Asia and the Pacific – CIRDAP)၏ (၂၃)ႀကိမ္ေျမာက္ အုပ္ခ်ဳပ္မႈေကာင္စီအစည္းအေဝး (23rdGoverning Council (GC-23) Meeting) တြင္ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ယင္းအစည္းအေဝး၌ CIRDAP ၏ (၂၃)ႀကိမ္ေျမာက္ အုပ္ခ်ဳပ္မႈေကာင္စီအဖြဲ႕ဝင္ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက ျမန္မာနိုင္ငံအေနျဖင့္ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ခ်မွတ္ထားသည့္ စားနပ္ရိကၡာဖူလုံေရး၊ ေက်းလက္ႏွင့္ ၿမိဳ႕ျပဆင္းရဲခ်မ္းသာ ကြာျခားေရး မူဝါဒႏွင့္အညီ ေဆာင္႐ြက္ေနေၾကာင္း၊ ထိုသို႔ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ထိေရာက္စြာ ေဆာင္႐ြက္နိုင္ေရးအတြက္ သမဝါယမႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနကို တိုးခ်ဲ့ဖြဲ႕စည္းထားေၾကာင္း၊ ေက်းလက္ေန ျပည္သူလူထု၏ ဝင္ေငြတိုးတက္ျမင့္မားေရးႏွင့္ ဆင္းရဲမႈေလ်ာ့ပါးေရးအတြက္ အဓိကအသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ားျဖစ္ေသာ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားအျပင္ အိမ္တြင္းစက္မႈ၊ လက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ျခင္းအျပင္ လူမႈစီးပြား အဆင့္အတန္းျမင့္မားေရးအတြက္ ေက်းလက္ကုန္ထုတ္လမ္းမ်ား ေဖာက္လုပ္မႈႏွင့္ ေက်းလက္ေရရရွိေရး လုပ္ငန္းမ်ား၊ ေက်းလက္မီးလင္းေရး လုပ္ငန္းမ်ားကို ဘ႑ာႏွစ္အလိုက္ တိုးခ်ဲ့ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔အျပင္ အဖြဲ႕ဝင္နိုင္ငံမ်ားတြင္ ယေန႕ရင္ဆိုင္ေနၾကရေသာ ကိုဗစ္-၁၉ ေရာဂါ၏ အက်ိဳးဆက္မ်ားေၾကာင့္ ေက်းလက္ေဒသစီးပြားေရးအေပၚ ထိခိုက္မႈမ်ား ေလ်ာ့ပါးေစေရး၊ ကိုဗစ္-၁၉ ေရာဂါ ကာလေနာက္ပိုင္း ျပန္လည္ထူေထာင္နိုင္ေရး၊ ေက်းလက္ေဒသ ျပဳျပင္ေျပာင္းလဲေရးတို႔တြင္ ဒစ္ဂ်စ္တယ္ဆက္သြယ္ေရးနည္းပညာကို ထိေရာက္တြင္က်ယ္စြာ အသုံးျပဳေရးဆိုင္ရာ CIRDAP အဖြဲ႕၏ လုပ္ငန္းစဥ္မ်ား၌ အျခားအဖြဲ႕ဝင္နိုင္ငံမ်ားႏွင့္ အေတြ႕အႀကဳံမ်ားဖလွယ္ၿပီး ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
အာရွႏွင့္ ပစိဖိတ္ေဒသဆိုင္ရာ ေက်းလက္ေဒသ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုဌာန CIRDAP ကို ဘဂၤလားေဒ့ရွ္နိုင္ငံ ဒကၠာၿမိဳ႕အေျခစိုက္ ဖြင့္လွစ္ထားၿပီး ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ လာအို၊ နီေပါ၊ ဖိလစ္ပိုင္၊ သီရိလကၤာ၊ ထိုင္း၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား၊ အာဖဂန္နစၥတန္၊ အီရန္၊ အိႏၵိယ၊ ဖီဂ်ီ ႏွင့္ ပါကစၥတန္ စသည့္ အဖြဲ႕ဝင္နိုင္ငံ (၁၅)နိုင္ငံတို႔ ပါဝင္ကာ ေဒသတြင္း ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား၏ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ လုပ္ငန္းရပ္မ်ားတြင္ အဖြဲ႕ဝင္နိုင္ငံမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ရည္႐ြယ္ဖြဲ႕စည္းထားျခင္းျဖစ္ရာ ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနအေနျဖင့္ ၁၉၉၅ ခုႏွစ္မွစတင္၍ အဖြဲ႕ဝင္အျဖစ္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
#mhtnews
Recent Comments