
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့လယ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံများထံမှ သိရပါတယ်။
”ညနေပိုင်း လူစည်ကားတဲ့အချိန်မှာ ပေါက်ကွဲတာခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူ ၄ ဦးလောက်တော့ရှိတယ်။ လူနာတွေကို အရေးပေါ်ကားနဲ့ ခေါ်သွားတာတွေ့ရတယ်။ ဗဟိုမဏ္ဍပ်မှာ ပေါက်ကွဲမှုမဖြစ်ခင်နဲ့ အရင်သင်္ကြန်ရက်တွေကလည်း စည်ကားခဲ့တယ်။ အခုလုပ်ရပ်အပေါ်မှာ ဘာပြောချင်လဲဆိုတော့ တခြားတော့ ပြောစရာမရှိဘူး။ လူမဆန်တဲ့လုပ်ရပ်ကို လုပ်တယ်လို့ပဲ ပြောချင်တယ်။ တစ်နှစ်မှာမှ တစ်ခါ ပျော်ရတာဗျာ။ လူတိုင်းပျော်ချင်မှာပေါ့။ အဲ့လိုပျော်တာအပြစ်လား။ ကျွန်တော်တို့တွေ ကိုဗစ်ကြောင့် မွန်းကြပ်တဲ့အချိန်တွေကို နှစ်နဲ့ချီပြီး ဖြတ်သန်းခဲ့ရပြီးပြီ။ အခုတော့ ကိုဗစ်လည်းမရှိတော့လို့ ရေကစားကြတယ်။ ပျော်ကြတယ်။ ဒါကို ယုတ်မာတဲ့လုပ်ရပ်လုပ်တယ်ဆိုတော့ လူစိတ်မရှိဘူးဆိုတဲ့စကားအပြင် တခြားဘာမှပြောစရာမရှိပါဘူး” လို့ ဒေသခံလူငယ်တစ်ဦးက MHT ကိုပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ သွားသူတွေကို အရေးပေါ်ကားနဲ့ လာရောက်ခေါ်ဆောင်သွားပြီး မြို့အဝင်အထွက်တွေကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ အဲဒီတစ်ရက်တည်းမှာပဲ မအူပင်မြို့က ဗဟိုမဏ္ဍပ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ အသံမိုင်းပါ။ ထိခိုက်ဒဏ်ရာရရှိသူ မရှိပါဘူး။ လုံခြုံရေးအဖွဲ့တွေလည်း စုံစမ်းစစ်ဆေးမှုတွေ အပူတပြင်းလုပ်ဆောင်နေတာမို့ တရားခံကို မကြာခင်မှာဖမ်းမိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေက မခံနိုင်ကြတော့ဘူးလေ။ အဲ့တော့ သူတို့ရဲ့ပူးပေါင်းမှုအားနဲ့ မကြာခင်ဖမ်းမိလိမ့်မယ်လို့ ယုံကြည်တယ်။” လို့ ဒေသခံတစ်ဦးက MHT ကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ သင်္ကြန်ကာလအတွင်း ဖောက်ခွဲရေးလုပ်ငန်းလုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်တရားခံတွေကို ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#mhtnews
===========================
(Zawgyi)
“ေက်ာင္းကုန္းၿမိဳ႕ ဗဟိုသၾကၤန္မ႑ပ္၌ ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီး ၄ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ၊ လူမဆန္ေသာလုပ္ရပ္ဟု ေဒသခံမ်ားေျပာ”
ဧရာဝတီတိုင္းေဒသႀကီး၊ ေက်ာင္းကုန္းၿမိဳ႕လယ္ရွိ မဟာသၾကၤန္ဗဟိုမ႑ပ္၌ ဧၿပီလ ၁၅ ရက္ သၾကၤန္အၾကတ္ေန႕ ညေနပိုင္းက ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ၄ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ေဒသခံမ်ားထံမွ သိရပါတယ္။
”ညေနပိုင္း လူစည္ကားတဲ့အခ်ိန္မွာ ေပါက္ကြဲတာခဲ့တာပါ။ ထိခိုက္ဒဏ္ရာရသူ ၄ ဦးေလာက္ေတာ့ရွိတယ္။ လူနာေတြကို အေရးေပၚကားနဲ႕ ေခၚသြားတာေတြ႕ရတယ္။ ဗဟိုမ႑ပ္မွာ ေပါက္ကြဲမႈမျဖစ္ခင္နဲ႕ အရင္သၾကၤန္ရက္ေတြကလည္း စည္ကားခဲ့တယ္။ အခုလုပ္ရပ္အေပၚမွာ ဘာေျပာခ်င္လဲဆိုေတာ့ တျခားေတာ့ ေျပာစရာမရွိဘူး။ လူမဆန္တဲ့လုပ္ရပ္ကို လုပ္တယ္လို႔ပဲ ေျပာခ်င္တယ္။ တစ္ႏွစ္မွာမွ တစ္ခါ ေပ်ာ္ရတာဗ်ာ။ လူတိုင္းေပ်ာ္ခ်င္မွာေပါ့။ အဲ့လိုေပ်ာ္တာအျပစ္လား။ ကြၽန္ေတာ္တို႔ေတြ ကိုဗစ္ေၾကာင့္ မြန္းၾကပ္တဲ့အခ်ိန္ေတြကို ႏွစ္နဲ႕ခ်ီၿပီး ျဖတ္သန္းခဲ့ရၿပီးၿပီ။ အခုေတာ့ ကိုဗစ္လည္းမရွိေတာ့လို႔ ေရကစားၾကတယ္။ ေပ်ာ္ၾကတယ္။ ဒါကို ယုတ္မာတဲ့လုပ္ရပ္လုပ္တယ္ဆိုေတာ့ လူစိတ္မရွိဘူးဆိုတဲ့စကားအျပင္ တျခားဘာမွေျပာစရာမရွိပါဘူး” လို႔ ေဒသခံလူငယ္တစ္ဦးက MHT ကိုေျပာပါတယ္။
ဗုံးေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိ သြားသူေတြကို အေရးေပၚကားနဲ႕ လာေရာက္ေခၚေဆာင္သြားၿပီး ၿမိဳ႕အဝင္အထြက္ေတြကို လုံၿခဳံေရးပူးေပါင္းတပ္ဖြဲ႕ေတြက ပိတ္ဆို႔စစ္ေဆးတာေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
အလားတူ အဲဒီတစ္ရက္တည္းမွာပဲ မအူပင္ၿမိဳ႕က ဗဟိုမ႑ပ္မွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အဲဒီေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ မရွိခဲ့ဘူးလို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။
” ေပါက္ကြဲမႈျဖစ္တယ္ဆိုတာ ဟုတ္ပါတယ္။ အသံမိုင္းပါ။ ထိခိုက္ဒဏ္ရာရရွိသူ မရွိပါဘူး။ လုံၿခဳံေရးအဖြဲ႕ေတြလည္း စုံစမ္းစစ္ေဆးမႈေတြ အပူတျပင္းလုပ္ေဆာင္ေနတာမို႔ တရားခံကို မၾကာခင္မွာဖမ္းမိပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ျပည္သူေတြက မခံနိုင္ၾကေတာ့ဘူးေလ။ အဲ့ေတာ့ သူတို႔ရဲ႕ပူးေပါင္းမႈအားနဲ႕ မၾကာခင္ဖမ္းမိလိမ့္မယ္လို႔ ယုံၾကည္တယ္။” လို႔ ေဒသခံတစ္ဦးက MHT ကိုေျပာပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ သၾကၤန္ကာလအတြင္း ေဖာက္ခြဲေရးလုပ္ငန္းလုပ္ေဆာင္ခဲ့တဲ့ အၾကမ္းဖက္တရားခံေတြကို ဖမ္းဆီးရမိေရး ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
#mhtnews
Recent Comments