ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုတွင် တည်ထားကိုးကွယ်ထားရှိသော ရှေးဟောင်းသမိုင်းဝင် သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့(ဧပြီ ၂၉ ရက်)မှ (မေ ၁ ရက်နေ့)အထိ ၃ ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပွဲတော်၌ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ရိုးရာလှေပြိုင်ပွဲ(ပြိုင်လောင်း)တိုကို ထည့်သွင်းကျင်းပနေပြီး ဒေသခံများက ကုလားတန်မြစ် (ခေါ်) ကစ္ဆပနဒီမြစ်အတွင်း မော်တော်ဘုတ်၊ စက်လှေ၊ သဗ္ဗာန်များဖြင့် ရေပေါ်သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှကြမည်ဟုဆိုသည်။

အဆိုပါ ကျောက်တော်တောင်ဘုရားပွဲသည် ရခိုင်ပြည်နယ်အတွင်းမှ ထင်ရှားကျော်ကြားသည့်ဘုရားပွဲတစ်ခု ဖြစ်သည်နှင့်အညီ ပွဲတော်သို ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအနှံအပြားမှ လာရောက်ပါဝင်ဆင်နွှ လေ့ရှိကြကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ကျောက်တော်မြို့၌ ကျောက်တော်တောင် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိ”

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် တည်ထားကိုးကွယ်ထားရှိသော ရှေးဟောင်းသမိုင်းဝင် သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့(ဧပြီ ၂၉ ရက်)မှ (မေ ၁ ရက်နေ့)အထိ ၃ ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပွဲတော်၌ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ရိုးရာလှေပြိုင်ပွဲ(ပြိုင်လောင်း)တို့ကို ထည့်သွင်းကျင်းပနေပြီး ဒေသခံများက ကုလားတန်မြစ် (ခေါ်) ကစ်ဆပနဒီမြစ်အတွင်း မော်တော်ဘုတ်၊ စက်လှေ၊ သဗ္ဗာန်များဖြင့် ရေပေါ်သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲကြမည်ဟုဆိုသည်။

အဆိုပါ ကျောက်တော်တောင်ဘုရားပွဲသည် ရခိုင်ပြည်နယ်အတွင်းမှ ထင်ရှားကျော်ကြားသည့်ဘုရားပွဲတစ်ခု ဖြစ်သည်နှင့်အညီ ပွဲတော်သို့ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအနှံ့အပြားမှ လာရောက်ပါဝင်ဆင်နွှဲ လေ့ရှိကြကြောင်း သိရသည်။
#mhtnews