(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာခန်းမ အပြင်ဘက်တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁)မှ (၂၀၀၀)အထိ ကျောက်စိမ်းအတွဲပေါင်း (၆၀၀)အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၃၅၅)တွဲကို ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ ကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း (၃၃၀)ကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကိုလည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၁၃၃၅) တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ထို့အပြင် ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိစေနိုင်ရန်အတွက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

#mhtnews

==========================

(Zawgyi)

“ေက်ာက္စိမ္းအတြဲေပါင္း ၂၀၀၀ ကို ဧၿပီ ၂၆ ရက္မွ ၂၈ ရက္အထိ ေရာင္းခ်ေပးခဲ့ရာ ေက်ာက္စိမ္းအတြဲေပါင္း (၁၃၃၅) တြဲကို ေရာင္းခ်ေပးနိုင္ခဲ့ၿပီး (၅၇)ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ေအာင္ျမင္စြာက်င္းပၿပီးစီး”

(၅၇)ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ပိတ္ပြဲကို ယေန႕ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ မဏိရတနာ ေက်ာက္စိမ္းခန္းမ၌ က်င္းပသည္။

နံနက္ပိုင္းမွစတင္၍ ျပည္တြင္း၊ ျပည္ပရတနာ ကုန္သည္မ်ားသည္ မဏိရတနာခန္းမ အျပင္ဘက္တြင္ သတ္မွတ္ေနရာမ်ားအလိုက္ ခင္းက်င္းျပသထားသည့္ ေက်ာက္စိမ္းအတြဲမ်ားကို စိတ္ႀကိဳက္ေလ့လာ ၾကည့္ရႈၾကသည္။

ယေန႕တြင္ ေက်ာက္စိမ္းအတြဲအမွတ္ (၁၄၀၁)မွ (၂၀၀၀)အထိ ေက်ာက္စိမ္းအတြဲေပါင္း (၆၀၀)အတြက္ တင္သြင္းထားေသာ ေဈးႏႈန္းတင္သြင္းလႊာမ်ားကို တာဝန္ရွိသူမ်ားက ဖြင့္ေဖာက္စစ္ေဆးခဲ့ရာ ေက်ာက္စိမ္းအတြဲေပါင္း (၃၅၅)တြဲကို ေရာင္းခ်ရေၾကာင္း ေၾကညာသည္။

ျပပြဲတြင္ ျပည္တြင္း၊ ျပည္ပ ရတနာကုန္သည္မ်ားကို အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ပုလဲအတြဲေပါင္း ၃၃၀ ကို ဧၿပီ ၂၃ ရက္မွ ၂၄ ရက္အထိ ေရာင္းခ်ေပးခဲ့ရာ ပုလဲအတြဲေပါင္း (၃၃၀)ကိုလည္းေကာင္း၊ ေက်ာက္မ်က္အတြဲေပါင္း ၁၂၀ ကို ဧၿပီ ၂၅ ရက္တြင္ ေရာင္းခ်ေပးခဲ့ရာ ေက်ာက္မ်က္အတြဲေပါင္း ၅၄ တြဲကိုလည္းေကာင္း၊ ေက်ာက္စိမ္းအတြဲေပါင္း ၂၀၀၀ ကို ဧၿပီ ၂၆ ရက္မွ ၂၈ ရက္အထိ ေရာင္းခ်ေပးခဲ့ရာ ေက်ာက္စိမ္းအတြဲေပါင္း (၁၃၃၅) တြဲကို လည္းေကာင္း ေရာင္းခ်ေပးနိုင္ခဲ့သည္။

ထို႔အျပင္ ယခုက်င္းပျပဳလုပ္သည့္ (၅၇)ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို နိုင္ငံေတာ္အတြက္ နိုင္ငံျခားဝင္ေငြရရွိရန္ႏွင့္ နိုင္ငံသားမ်ားအတြက္ စီးပြားေရးအက်ိဳး ျဖစ္ထြန္းမႈမ်ား ရရွိေစနိုင္ရန္အတြက္ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပပြဲဗဟိုေကာ္မတီ၏ စီစဥ္မႈျဖင့္ ဧၿပီ ၂၂ ရက္မွ ၂၈ ရက္အထိ မဏိရတနာ ေက်ာက္စိမ္းခန္းမ၌ ေအာင္ျမင္စြာ က်င္းပခဲ့ေၾကာင္း သိရသည္။

#mhtnews