
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ် မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂလာစည်တော်ပို့ဆောင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ စပ်လုံကတ်အောင်မြေနတ်နန်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ် မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂလာစည်တော်ပို့ဆောင်ပွဲတွင် နန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထုကို ကင်မွန်းရည်၊ အမွေးနံ့သာရည်များ ပတ်ဖြန်းကြသည်။ ထို့နောက် တက်ရောက်လာကြသူများအား သင်္ကြန်အတာရေများဖြင့် ပက်ဖျန်းကြကာ နန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထုအား စပ်လုံကတ်အောင်မြေနတ်နန်းမှ မြို့အတွင်းသို့ လှည့်လည်ကာ “လောင့်ကုပ်” နမ့်ခင်ချောင်းသို့ ပို့ဆောင်ခဲ့ကြပြီး လမ်းတစ်လျှောက်တွင် ဒေသခံတိုင်းရင်းသားများက စိတ်ချမ်းမြေ့စွာ သင်္ကြန်အတာရေများဖြင့်ပက်ဖျန်း၍ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
အဆိုပါ ဂုံရှမ်းတိုင်းရင်းသားတို့၏ ရိုးရာမဟာသင်္ကြန် မင်္ဂလာနန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထု ပို့ဆောင်ပွဲအခမ်းအနားကို တစ်နှစ်လျှင်တစ်ကြိမ် ရိုးရာမပျက် ကျင်းပလျက်ရှိရာ ယခုဆိုလျှင် (၆၁၁)ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“က်ိဳင္းတုံၿမိဳ႕ရွိ ဂုံရွမ္းတိုင္းရင္းသားတို႔၏ (၆၁၁) ႀကိမ္ေျမာက္ ရိုးရာမဟာသၾကၤန္ မဂၤလာစည္ေတာ္ပို႔ေဆာင္ပြဲျပဳလုပ္”
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕ရွိ ဂုံရွမ္းတိုင္းရင္းသားတို႔၏ (၆၁၁)ႀကိမ္ ေျမာက္ ရိုးရာမဟာသၾကၤန္မဂၤလာစည္ေတာ္ပို႔ေဆာင္ပြဲကို ယမန္ေန႕နံနက္ပိုင္းတြင္ အဆိုပါၿမိဳ႕ရွိ စပ္လုံကတ္ေအာင္ေျမနတ္နန္း၌ျပဳလုပ္ရာ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမင္းထြန္းႏွင့္ တာဝန္ရွိသူမ်ား၊ ရွမ္းတိုင္းရင္းသားရိုးရာ ယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ ေဒသခံရွမ္းတိုင္းရင္းသားမ်ား တက္ေရာက္ၾကသည္။
ဦးစြာ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားက ဂုံရွမ္းတိုင္းရင္းသားတို႔၏ (၆၁၁)ႀကိမ္ ေျမာက္ ရိုးရာမဟာသၾကၤန္မဂၤလာစည္ေတာ္ပို႔ေဆာင္ပြဲတြင္ နႏၵေဘရီစည္ေတာ္ႏွင့္ သိၾကားမင္း႐ုပ္ထုကို ကင္မြန္းရည္၊ အေမြးနံ႕သာရည္မ်ား ပတ္ျဖန္းၾကသည္။ ထို႔ေနာက္ တက္ေရာက္လာၾကသူမ်ားအား သၾကၤန္အတာေရမ်ားျဖင့္ ပက္ဖ်န္းၾကကာ နႏၵေဘရီစည္ေတာ္ႏွင့္ သိၾကားမင္း႐ုပ္ထုအား စပ္လုံကတ္ေအာင္ေျမနတ္နန္းမွ ၿမိဳ႕အတြင္းသို႔ လွည့္လည္ကာ ေလာင့္ကုပ္ နမ့္ခင္ေခ်ာင္းသို႔ ပို႔ေဆာင္ခဲ့ၾကၿပီး လမ္းတစ္ေလွ်ာက္တြင္ ေဒသခံတိုင္းရင္းသားမ်ားက စိတ္ခ်မ္းေျမ့စြာ သၾကၤန္အတာေရမ်ားျဖင့္ပက္ဖ်န္း၍ လိုက္ပါပို႔ေဆာင္ခဲ့ၾကသည္။
အဆိုပါ ဂုံရွမ္းတိုင္းရင္းသားတို႔၏ ရိုးရာမဟာသၾကၤန္ မဂၤလာနႏၵေဘရီစည္ေတာ္ႏွင့္ သိၾကားမင္း႐ုပ္ထု ပို႔ေဆာင္ပြဲအခမ္းအနားကို တစ္ႏွစ္လွ်င္တစ္ႀကိမ္ ရိုးရာမပ်က္ က်င္းပလ်က္ရွိရာ ယခုဆိုလွ်င္ (၆၁၁)ႀကိမ္ေျမာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments