တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း မြို့နယ်သမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။

ကော့သောင်းမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ အဓိကထွက်ကုန်ဖြစ်သည့်ရေထွက် ပစ္စည်းငါး၊ ပုဇွန်များကို မြို့နယ်သမဝါယဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပြည်ပပို့ကုန်လုပ်ငန်းအဖြစ် ထိုင်းနိုင်ငံသို့တင်ပို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၁-၂၀၂၂(Mimi) ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမအသင်း (၂) သင်းဖြစ်သည့် သိန်းထိုက်ဇော်ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ် ရေးသမဝါယမအသင်းလီမီတက်မှ ရေထွက်ပစ္စည်းကုန်တန်ချိန် (၂၇၅၉.၃၇၂)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၂.၄၂၆)သန်း ကိုလည်းကောင်း၊ အောင်ကျော်ဇော ရေထွက်ပစ္စည်းနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းလီမီတက်မှ ရေထွက်ပစ္စည်းကုန်တန်ချိန် (၁၉၂၀.၇၃၆)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁.၅၆၂)သန်းကိုလည်းကောင်း တင်ပို့နိုင်ခဲ့သဖြင့် သမဝါယမအသင်း (၂) သင်းမှ ရေထွက်ကုန်ပစ္စည်း စုစုပေါင်းတန်ချိန် ၄၆၈၀. ၁၀၈ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃. ၉၈၈ သန်းရရှိခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ေကာ့ေသာင္းၿမိဳ႕နယ္ သမဝါယမဦးစီးဌာန၏ ႀကီးၾကပ္မႈျဖင့္ ၂၀၂၁- ၂၀၂၂ (Mimi) ဘ႑ာေရးႏွစ္အတြင္း သမဝါယမအသင္း (၂)သင္းမွ ေရထြက္ပစၥည္းတန္ခ်ိန္ ၄၆၈၀ ေက်ာ္ ျပည္ပသို႔ တင္ပို႔နိုင္ခဲ့”

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းခရိုင္၊ ေကာ့ေသာင္းၿမိဳ႕နယ္အတြင္း ၿမိဳ႕နယ္သမဝါယမ ဦးစီးဌာန၏ ႀကီးၾကပ္မႈျဖင့္ ေရထြက္ကုန္ပစၥည္းမ်ားကို ျပည္ပပို႔ကုန္လုပ္ငန္းမ်ားအျဖစ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၿမိဳ႕နယ္သမဝါယမ ဦးစီးဌာနမွ သိရသည္။

ေကာ့ေသာင္းၿမိဳ႕နယ္ ပင္လယ္ငါးဖမ္းလုပ္ငန္းက႑၏ အဓိကထြက္ကုန္ျဖစ္သည့္ေရထြက္ ပစၥည္းငါး၊ ပုဇြန္မ်ားကို ၿမိဳ႕နယ္သမဝါယဦးစီးဌာန၏ ႀကီးၾကပ္မႈျဖင့္ ျပည္ပပို႔ကုန္လုပ္ငန္းအျဖစ္ ထိုင္းနိုင္ငံသို႔တင္ပို႔ေဆာင္႐ြက္လ်က္ရွိရာတြင္ ၂၀၂၁-၂၀၂၂(Mimi) ဘ႑ာေရးႏွစ္အတြင္း သမဝါယမအသင္း (၂) သင္းျဖစ္သည့္ သိန္းထိုက္ေဇာ္ေရထြက္ပစၥည္းႏွင့္ အေထြေထြေရာင္းဝယ္ ေရးသမဝါယမအသင္းလီမီတက္မွ ေရထြက္ပစၥည္းကုန္တန္ခ်ိန္ (၂၇၅၉.၃၇၂)တန္၊ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၂.၄၂၆)သန္း ကိုလည္းေကာင္း၊ ေအာင္ေက်ာ္ေဇာ ေရထြက္ပစၥည္းႏွင့္အေထြေထြ စီးပြားေရးသမဝါယမအသင္းလီမီတက္မွ ေရထြက္ပစၥည္းကုန္တန္ခ်ိန္ (၁၉၂၀.၇၃၆)တန္၊ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၁.၅၆၂)သန္းကိုလည္းေကာင္း တင္ပို႔နိုင္ခဲ့သျဖင့္ သမဝါယမအသင္း (၂) သင္းမွ ေရထြက္ကုန္ပစၥည္း စုစုေပါင္းတန္ခ်ိန္ ၄၆၈၀. ၁၀၈ တန္၊ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၃. ၉၈၈ သန္းရရွိခဲ့ေၾကာင္း သိရသည္။

#mhtnews