ရုရှားအနေဖြင့် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(UNWTO)မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်တွင် ၎င်း၏ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွားသတင်းက ဖော်ပြသည်။

UNWTO သည် လက်တွေ့တွင် ဥရောပသမဂ္ဂနိုင်ငံများ၏ လက်ဝါးကြီးအုပ်မှုကို ခံနေရပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ အသုံးချနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟုဆိုသည်။

ယင်းအဖွဲ့အစည်းသည် အကြီးစားရုရှားဆန့်ကျင်ရေးဝါဒဖြန့်လှုပ်ရှားမှုကို အသုံးချ၍ ၎င်း၏အဖွဲ့ဝင်နိုင်ငံများအပေါ် ဖိအားပေးကာ ရုရှားအား အဖွဲ့အတွင်းရှိလုပ်ငန်းဆောင်တာများကို ပိတ်ပင်တားဆီးရန် ရည်ရွယ်သည့် နိုင်ငံရေးအရ လုပ်ရှားမှုတစ်ရပ် လုပ်ဆောင်နေကြောင်း ၊ ယင်းသည် တရားမဝင် နိုင်ငံရေးတွန်းအားဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်သည့် ပြည်တွင်းပြည်ပမူဝါဒကို လက်ကိုင်ထားကျင့်သုံးသည့် လက်ရှိအဖွဲ့ဝင်နိုင်ငံအပေါ် ပြောင်ပြောင်တင်းတင်း ပြစ်ဒဏ်ချမှတ်ခြင်းပင်ဖြစ်သည်ဟု ရုရှားက ယူဆထားသည်။

ရုရှားသည် UNWTO အဖွဲ့အတွင်း လုပ်ငန်းဆက်လက်လုပ်ကိုင်ရန်မှာ မသင့်လျော်တော့ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းအဖွဲ့အစည်း ခေါင်းဆောင်များက ၎င်းတို့၏ လုပ်ဆောင်ချက်နိုင်ငံရေးအသွင်ဆောင်မှုကို လက်လွှတ်ထားကာ ရုရှားအပေါ် ခွဲခြားဆက်ဆံမှုကို ထောက်ခံခဲ့ကြသဖြင့် ရုရှားအနေဖြင့် UNWTO မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

UNWTO သည် ဧပြီ ၂၇ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ယင်း အစည်းအဝေးတွင် ရုရှားအားအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ရန် အဓိကဆွေးနွေးခဲ့ကြရာ အစည်းအဝေးစတင်ချိန်တွင် ရုရှားက အဖွဲ့အစည်းမှ နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သည်။

သက်ဆိုင်ရာ စည်းမျဉ်းများအရ အဖွဲ့အစည်းသည် အဖွဲ့ဝင် နိုင်ငံများမှ တရားဝင် အကြောင်းကြားစာ လက်ခံရရှိသည့် အချိန်မှ စတင်၍ နုတ်ထွက်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို ပြီးမြောက်ရန် နောက်ထပ် တစ်နှစ် အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

=============================

(Zawgyi)

“ကုလသမဂၢ ကမၻာ့ခရီးသြားအဖြဲ႕မွ ႏုတ္ထြက္ရန္ ႐ုရွားဆုံးျဖတ္”

႐ုရွားအေနျဖင့္ ကုလသမဂၢကမၻာ့ခရီးသြားလုပ္ငန္းအဖြဲ႕(UNWTO)မွ ႏုတ္ထြက္ရန္ ဆုံးျဖတ္လိုက္ေၾကာင္း ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာနက ဧၿပီ ၂၇ ရက္တြင္ ၎၏ဝက္ဘ္ဆိုက္၌ ေၾကညာခ်က္ထုတ္ျပန္ခဲ့ေၾကာင္း ဆင္ဟြားသတင္းက ေဖာ္ျပသည္။

UNWTO သည္ လက္ေတြ႕တြင္ ဥေရာပသမဂၢနိုင္ငံမ်ား၏ လက္ဝါးႀကီးအုပ္မႈကို ခံေနရၿပီး ၎တို႔၏ ကိုယ္ပိုင္အက်ိဳးစီးပြားအတြက္သာ အသုံးခ်ေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္ဟုဆိုသည္။

ယင္းအဖြဲ႕အစည္းသည္ အႀကီးစား႐ုရွားဆန႔္က်င္ေရးဝါဒျဖန႔္လႈပ္ရွားမႈကို အသုံးခ်၍ ၎၏အဖြဲ႕ဝင္နိုင္ငံမ်ားအေပၚ ဖိအားေပးကာ ႐ုရွားအား အဖြဲ႕အတြင္းရွိလုပ္ငန္းေဆာင္တာမ်ားကို ပိတ္ပင္တားဆီးရန္ ရည္႐ြယ္သည့္ နိုင္ငံေရးအရ လုပ္ရွားမႈတစ္ရပ္ လုပ္ေဆာင္ေနေၾကာင္း ၊ ယင္းသည္ တရားမဝင္ နိုင္ငံေရးတြန္းအားျဖင့္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းႏွင့္ လြတ္လပ္သည့္ ျပည္တြင္းျပည္ပမူဝါဒကို လက္ကိုင္ထားက်င့္သုံးသည့္ လက္ရွိအဖြဲ႕ဝင္နိုင္ငံအေပၚ ေျပာင္ေျပာင္တင္းတင္း ျပစ္ဒဏ္ခ်မွတ္ျခင္းပင္ျဖစ္သည္ဟု ႐ုရွားက ယူဆထားသည္။

႐ုရွားသည္ UNWTO အဖြဲ႕အတြင္း လုပ္ငန္းဆက္လက္လုပ္ကိုင္ရန္မွာ မသင့္ေလ်ာ္ေတာ့ဟု ယူဆေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားၿပီး ယင္းအဖြဲ႕အစည္း ေခါင္းေဆာင္မ်ားက ၎တို႔၏ လုပ္ေဆာင္ခ်က္နိုင္ငံေရးအသြင္ေဆာင္မႈကို လက္လႊတ္ထားကာ ႐ုရွားအေပၚ ခြဲျခားဆက္ဆံမႈကို ေထာက္ခံခဲ့ၾကသျဖင့္ ႐ုရွားအေနျဖင့္ UNWTO မွ ႏုတ္ထြက္ရန္ ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္ဟု ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

UNWTO သည္ ဧၿပီ ၂၇ ရက္တြင္ စပိန္နိုင္ငံ မက္ဒရစ္ၿမိဳ႕၌ အထူးအစည္းအေဝးတစ္ရပ္ က်င္းပခဲ့ၿပီး ယင္း အစည္းအေဝးတြင္ ႐ုရွားအားအဖြဲ႕ဝင္နိုင္ငံအျဖစ္မွ ဆိုင္းငံ့ရန္ အဓိကေဆြးႏြေးခဲ့ၾကရာ အစည္းအေဝးစတင္ခ်ိန္တြင္ ႐ုရွားက အဖြဲ႕အစည္းမွ ႏုတ္ထြက္ရန္ ကမ္းလွမ္းခဲ့သည္။

သက္ဆိုင္ရာ စည္းမ်ဥ္းမ်ားအရ အဖြဲ႕အစည္းသည္ အဖြဲ႕ဝင္ နိုင္ငံမ်ားမွ တရားဝင္ အေၾကာင္းၾကားစာ လက္ခံရရွိသည့္ အခ်ိန္မွ စတင္၍ ႏုတ္ထြက္ျခင္း လုပ္ငန္းစဥ္ တစ္ခုလုံးကို ၿပီးေျမာက္ရန္ ေနာက္ထပ္ တစ္ႏွစ္ အခ်ိန္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews