ရုရှားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဝင်နိုင်ငံအဖြစ်က ဖယ်ရှားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဧပြီ ၇ ရက်က မဲခွဲဆုံးဖြတ်ခဲ့ပြီး ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီလိုမဲခွဲရာမှာ ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂၄ မဲနဲ့ မဲမပေးဘဲနေတဲ့ ကြားနေမဲက ၅၈ မဲအထိ ရှိခဲ့တာပဲဖြစ်ပါတယ်။

ကုလအထွေထွေညီလာခံမှာမဲခွဲဆုံးဖြတ်တဲ့အခါ မဲပေးတဲ့အရေအတွက်ကိုပဲ ထည့်သွင်းစဉ်းစားတာဖြစ်ပြီး၊ ကြားနေမဲတွေကို ထည့်သွင်းစဉ်းစားတာမဟုတ်တဲ့အတွက် မဲအရေအတွက်စုစုပေါင်း ၁၁၇ မဲမှာ ထောက်ခံမဲ ၉၃ မဲဟာ စုစုပေါင်းမဲပေးသူအရေအတွက်ရဲ့ ၃ပုံ၂ပုံကျော်ဖြစ်တာကြောင့် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၃ ခုနှစ်မှာကုန်ဆုံးမယ့် လက်ရှိအဖွဲဝင်ဖြစ်မှုအပေါ်ကိုပဲ အကျိုးသက်ရောက်မှာဖြစ်ပြီီး၊ အဲဒီနောက်မှာ ရုရှားဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲဝင်အဖြစ် ထပ်ပြီးလျှောက်ထားနိုင်တယ်သို့ သိရပါတယ်။

#mhtnews

===========================

(Zawgyi)

“ကုလသမဂ္ဂအထွေထွေညီလာခံက ထောက်ခံမဲ ၉၃ မဲနဲ့ ရုရှားနိုင်ငံကို ကုလ လူ့အခွင့်အရေးကောင်စီဝင်နိုင်ငံအဖြစ်မှ ရပ်ဆိုင်း”




ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၃ ခုနှစ်မှာကုန်ဆုံးမယ့် လက်ရှိအဖွဲဝင်ဖြစ်မှုအပေါ်ကိုပဲ အကျိုးသက်ရောက်မှာဖြစ်ပြီး၊ အဲဒီနောက်မှာ ရုရှားဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲဝင်အဖြစ် ထပ်ပြီးလျှောက်ထားနိုင်တယ်သို့ သိရပါတယ်။

#mhtnews